ကမ္ဘာမြို့တော် တိုကျို

အခု မြန်မာပြည်ရာသီကပူတော့ ဘယ်နိုင်ငံကိုခရီးထွက်ရမလဲဆိုပြီးစဉ်းစားမိမယ်ထင်ပါတယ် ။ဂျပန် ပြည်ဆိုရင်ဘယ်လိုနေမလဲ ။ ဂျပန်ရိုးရာဓလေ့ အစားအစာတွေက မြန်မာပြည်နဲ့လည်းစိမ်းမနေဘူးဆိုတော့ စဉ်းစားသင့်ပါတယ် ။ အကယ်လို့ ဂျပန်ပြည်ကတိုကျိုမြို့ ကိုရွေးချယ်လိုက်တယ်ဆိုပါစို့ ။ကမ္ဘာပေါ်မှာမသိသူမရှိအောင်ထင်ရှားကျော်ကြားတဲ့ ဂျပန်ပြည်ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ တိုကျို မြို့ကိုရောက်တဲ့ အခါဘယ်နေရာတွေကလည်ပတ်လို့သင့်တော်မယ်ဆိုတာကိုဒီလမှာ ဝေမျှပေးချင်ပါတယ်။

အရင်ဆုံး တိုကျိုမြို့ရဲ့ သမိုင်းကိုအနည်းအကျဉ်းဖော်ပြချင်ပါတယ်။ ၁၈၆၈ ခုနှစ်မှာတော့ တိုကျို ကိုအဲဒိုမြို့လို့ လူသိများကြပါတယ်။ ၁၆ ရာစုအထိတော့ အဲဒိုဟာ မြို့ငယ်လေးတစ်ခုပါပဲ ။ ဆယ်စုနှစ်တစ်စု ကြာတဲ့အခါမှာတော့ အဲဒို မြို့ဟာကမ္ဘာ့အကျော်ကြားဆုံးမြို့တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းအုပ်ချုပ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကကျိုတိုကနေအဲဒိုကိုပြောင်းရွှေ့လာတဲ့ အခါမှာအရှေ့အာရှရဲ့ မြို့တော် တိုကျိုမြို့ဆိုပြီးအမည်ခေါ်တွင်စေခဲ့ပါတော့တယ်။ ၁၉၂၃ ခုနှစ်မှာဂရိတ်ကန်တိုမြေငလျင်ဒဏ်ကြောင့် တိုကျိုမြို့ရဲ့ အကြီးမားဆုံးသောအပိုင်းများကိုဖျက်စီးခြင်းခံခဲ့ရပါတယ် ။

ယနေ့ တိုကျိုမြို့ဟာလာရောက်လည်ပတ်သူတွေအတွက် ရွေးချယ်စရာမကုန်နိုင်တဲ့ ဈေးဝယ်ထွက်ရာနေရာတစ်ခု ၊ စိတ်အပန်းဖြေရာ၊ ရိုးရာဓလေ့များစုဝေးရာ၊ အရသာရှိသောအစားအသောက်တွေ  စုစည်းတည်ရှိရာ မြို့ကြီးတစ်မြို့ဖြစ်နေပါတယ်။ ဒီလိုအရာတွေ အပြင် မြို့ရဲ့ရာဇ၀င်ကိုဖော်ပြနေသော ပြတိုက်များ ၊ သမိုင်းကြောင်းနောက်ခံတဲ့ ဘုရားကျောင်းများနဲ့ ပန်းဥယျဉ်တွေကလဲတိုကျိုမြို့ ရဲ့ အနှစ်သာရကိုပိုမိုပေါ်လွင်အောင် ပံ့ပိုးပေးနေပါတယ်။ တိုကျိုမြို့ဟာကမ္ဘာပေါ်မှာစတုတ္ထမြောက် နေထိုင်ရန် အကောင်းဆုံးမြို့ဖြစ်ပြီးကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံးမက်ဂါပိုလစ် မြို့အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မြို့ဖြစ်ပါတယ်။

 

 

 တိုကျို မြို့ကိုသွားရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်

ဇူလိုင်လမှာတော့ ဖူဂျီပွဲတော် ၊ စုမိဒ မြစ် မီးရှုးမီးပန်းပွဲတော် တွေရှိပြီးအောက်တိုဘာလမှာ နိုင်ငံတစ်ကာတိုကျိုရုပ်ရှင်ပွဲတော်ကျင်းပတဲ့ရာသီဖြစ်ပါတယ် ။ နိုဝင်ဘာ (၃)၇က်မှာတော့ ရိုးရာနေ့ အထိမ်းအမှတ်ပွဲ၊ ။ နိုဝင်ဘာ (၁၅)၇က်မှာ   ၇၅၃ (Seven-Five-Three Festival)ပွဲတော်နဲ့ နိုဝင်ဘာ (၂၃)၇က် နေ့မှာအလုပ်သမား၊၀န်ထမ်းတွေကို ကျေးဇူးတုန့်ပြန်သောနေ့အထိမ်းအမှတ်ပွဲတွေရှိနေပါတယ် ။အဓိကလည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေက သင့်တော်ပါတယ်။

 

 

 တိုကျို မြို့ရဲ့ မသွားမဖြစ်သွားသင့်တဲ့ နေရာများ

စုကိဂျိငါးဈေး (Tsukiji Market )

သင်ဟာစူရှီအကြောင်းကိုနားလည်ကျွမ်းကျင်သူမဟုတ်ဘူးဆိုရင်ဒီဈေးကိုလည်ပတ်လိုက်တာနဲ့ စူရှီအကြောင်းကိုလေ့လာနိုင်ပြီးအတွေ့အကြုံတွေအများကြီးရမှာပါ။ ကမ္ဘာ့အကြီးဆုံးငါးဈေးလို့ အခိုင်အမာပြောလို့ရအောင် ငါးတန်ချိန်ပေါင်း ၂၀၀၀ ကျော်ကိုဒီဈေးမှာနေ့စဉ်ရောင်းချနေတာကိုအံ့သြဖွယ်တွေ့မြင်နိုင်ပါတယ်။ ဒီငါးဈေးဒိုင်မှာဆိုရင် အဓိကတူနာငါးနဲ့ ပင်လယ်စာတွေကိုကန့်သတ်ချက်တွေနဲ့စည်းကမ်း ကျကျဝယ်ယူရတဲ့ ဈေးကြီးတစ်ခုဖြစ်ပါတယ်။

url

ဒီဈေးကငါးတွေဟာတိုကျိုမြို့မှာနေထိုင်သူလူဦးရေ ၁၃ သန်းကျော်ရဲ့ အဓိကပင်မအစားအစာအရင်းအမြစ်နေရာတစ်ခုဖြစ်ပါတယ်။

အဲဒီကိုရောက်တဲ့ အခါ ရှုပ်ထွေးတဲ့ ရောင်းသူဝယ်သူတွေကြည့်ရင်းစိတ်လှုပ်ရှားပြီးအနည်းငယ်ဆာလောင်စေပါလိမ့်မယ်။ အဲဒီမှာစူရှီဆိုင်သေးသေးလေးတွေအများကြီးရှိနေတာဟာဆာလောင်မှုအတွက်ဖြေဆေးတစ်ခုပါပဲ။ ခရီးသွားတစ်ဦးက “ဒီမှာဆူရှီနဲ့ ဆာရှိမိရရှိဖို့ ဈေးကြီးပေးရပါတယ် ၊ ဒါပေမယ့် လတ်ဆက်တဲ့ အစားအစာတွေနဲ့ သပ်ရပ်တဲ့ အစားအစာတွေ ပြင်ဆင်ပေးတဲ့ ကျွမ်းကျင်စားဖိုမှူးတွေကြောင့် ပေးရတဲ့ ငွေနဲ့ တန်တာတွေကို ပြန်လည်ရရှိပါတယ်”

လို့ ဝေဖန်ပေးခဲ့ပါတယ် ။ စုကိဂျိဈေးဟာတိုကျိုမြို့လည်မှာတည်ရှိပြီးအများပြည်သူသုံးရထားနဲ့ အလွယ်တကူသွားလာလို့ရပါတယ်။စုကိဂျိဈေးဟာတနင်္ဂနွေ တစ်ရက်ကလွဲရင် ရုံးချိန်အတိုင်းနေ့စဉ်ဖွင့်လှစ်ထားပြီးမနက်ပိုင်းတွေမှာလည်ပတ်လို့သင့်တော်ပါတယ်။ စုကိဂျိဈေးအကြောင်းကို ထဲထဲဝင်ဝင် သိချင်ရင်လည်းရှင်းပြပေနိုင်မယ့် ဂိုက်တွေကအဆင်သင့်ရှိပါတယ် ။

အခမဲ့ ၀င်ရောက် နိုင်ပြီးဈေးတစ်ခုလုံးကိုလည်ပတ်ချိန် (၂)နာရီကနေ (၃)နာရီအထိကြာနိုင်ပါတယ်။

 

 

တိုကျိုအမျိုးသားပြတိုက် (Tokyo National Museum )

 

တိုကျိုအမျိုးသား ပြတိုက်ဟာ ဂျပန်ပြည်ရဲ့ ရှေးအကျဆုံး နဲ့ ၀င်ကြေးဈေးအကြီးဆုံး ပြတိုက်တစ်ခုဖြစ်ပါတယ် ။

ပြတိုက်ထဲမှာ ရှေးခေတ်ကျောက်ဖြစ်ရုပ် ကြွင်းများ ၊ ဂျပန်ရှေးဟောင်း အသုံးအဆောင်ပစ္စည်းတွေနဲ့ အနုပညာပစ္စည်းတွေကို တစ်နေရာထဲမှာ စုံစုံလင်လင်ပြသထားပါတယ်။ ဂျပန်လူမျိုးများအတွက် ထားရှိပေးခဲ့တဲ့ သမိုင်းရဲ့ အမွေအနှစ်ပေါင်းများစွာကို လေ့လာနိုင်သလို အာရှတိုက်ရဲ့ အနုပညာ အပိုင်းအစတွေကိုလဲ ပြခန်းသဖွယ်ထားရှိပေးထားပါတယ်။ ခရီးသွားတွေက “ ကျွန်တော့ ကို မြေညီထပ်မှာရှိတဲ့ အနုပညာစ္စည်းတွေကို လေ့လာရတာသဘောကျပါတယ် ၊ ဒီလိုပါပဲ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းတွေကို ထိမ်းသိန်း ထားနိုင်တာကိုလည်း လေးစားမိပါတယ်” လို့ပြောပြထားပါတယ်။ အူအီနို ပန်းခြံ ရဲ့ အနီးမှာတည်ရှိပြီး ပန်းခြံထဲမှာ လေကောင်းလေသန့်ရှုရှိုက်ရင်း အပန်းဖြေအနားယူလို့ရပါသေးတယ်။

bg

ပြတိုက်ကို မနက် ၉ နာရီခွဲ ကနေ ညနေ ၅ နာရီ အထိ တနလာင်္နေ့ကလွဲပြီးနေ့စဉ်ဖွင့်လှစ်ပေးထားပါတယ်။

ဝင်ကြေးက ၈ ဒေါ်လာခန့် ကျနိုင်ပါတယ်။ ပြတိုက်အတွင်းလည်ပတ်ချိန် ၃ နာရီ ကနေ နေ့ဝတ် အထိကြာနိုင်ပါတယ်။

 

မဲ့အိဂျိဗိမာန်တော် (Meiji Shrine)

မဲ့အိဂျိဗိမာန်တော်ဟာဘုရင့်မင်းဆက် မဲ့အိဂျိနဲ့မိဖုရားရှိုခန် တို့ကိုနှစ်မြှုပ်ထားခဲ့တဲ့အထိမ်းအမှတ်နေရာတစ်ခုဖြစ်ပါတယ် ။ ဂျပန်ပြည် ရဲ့ ဂုဏ်ယူစရာဖြစ်သောမဲ့အိဂျိဗိမာန်တော်

ကို၂၀ ရာစုရဲ့အစောပိုင်းကာလမှာပဲခေတ်မီအဆောက်အအုံတစ်ခုအသက်သွင်းနိုင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးဝင်ထွက်နေတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ ဒီလိုအောက်မေ့အမှတ်ရစရာတွေအပြင် ဗိမာန်တော်ရဲ့ ၀န်းကျင်မှာလည်း သစ်တောဥယျာဉ်တွေက ၀ိုင်းနေပါသေးတယ်။

23.Meiji.Jingu.Shrine

အဲဒီသစ်တောဥယျာဉ်ကယောယောဂျိပန်းသယျာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ် သလိုကမ္ဘပေါ်မှာရှိတဲ့ သစ်ပင်မျိုးစိတ်ပေါင်း ၂၄၅ မျိုးကျော်ဟာဒီဥယျာဉ်ထဲမှာတွေ့မြင်နိုင်ပါတယ်။ခရီးသွားတွေ အဓိကသဘောကျတဲ့ အချက်ကဒီနေရာမှာမကြာမကြာတွေ့ရတက်တဲ့  ဂျပန်ရိုးရာမင်္ဂလာဆောင် ပုံရိပ်တွေကိုထိတွေ့ခံစားနိုင်လို့ပါပဲ။

ပြီးတော့ “ ဂျပန်ရိုးရာဝတ်စုံတွေကို ကလေးရောလူကြီးတွေပါ ၀တ်ဆင်ပြီးဒီဗိမာန်မှာအမှတ်တရဓါတ်ပုံလာရိုက်နေတဲ့ မြင်ကွင်းတွေကတော့ ကျွန်တော်တို့အတွက် ထူးခြားနေပါတယ် “ လို့ခရီးသွားတစ်ဦးကဆိုပါတယ်။

ဒီဗိမာန်အတွင်းထဲမှာတော့ ဓါတ်ပုံရိုက်ခြင်း ၊ အစာစားသောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်းတွေကိုတားမြစ်ထားပါတယ် ။ မဲ့အိဂျိဗိမာန်တော်ကိုမနက် ကနေညနေမမှောင်ခင်အထိနေ့စဉ်ဖွင့်လှစ်ထားပြီး ၀င်ကြေးပေးစရာမလိုပါဘူး။  ဗိမာန် နဲ့ ဥယျာဥကိုလည်ပတ်လေ့လာဖို့ အချိန် ၂ နာရီကနေ ၃ နာရီပေရင်ရပါတယ် ။

 

စံစိုဂျိဘုရားကျောင်း (Sensoji Temple )

တိုကျိုမြို့ရဲ့ ရှေးအကျဆုံးဘာသာရေးဆိုင်ရာနေရာဌနတစ်ခုဖြစ်ပါတယ်။စံစိုဂျိဘုရားကျောင်း

ဟာတိုကျိုမြို့ရဲ့ ဗုဒ္ဓဘာသာဆိုင်ရာအထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။

7006920-sensoji-temple-tokyo

ဒုတိယကမ္ဘာစစ်အတွင်းမှာဘုရားကျောင်းတစ်ခုလုံးနီးပါးပျက်စီးခဲ့ရပါတယ် ။ အခုပြန်လည်တည်ဆောက်ထားတဲ့ ပုံစံဟာပကတိတည်ငြိမ်အေးချမ်းတဲ့ အသွင်ကိုဖော်ဆောင်နေပါတယ်။ ခရီးသွားတစ်ဦးကတော့ “ ဘုရာကျောင်းတော်ဟာလှပခြင်း ၊ တည်ငြိမ်အေးချမ်းမှုတွေ နဲ့ပြည့်စုံလွန်းပါတယ် ဘေးဝန်းကျင်မှာတော့ လူထူထပ်ပြီးရှုပ်ထွေးနေပါတယ် “ လို့ ပြောထားပါတယ်။နေ့စဉ် မနက် ၆ နာရီကနေညနေ ၅ နာရီထိအခမဲ့ ဖွင့်ပေးထားပါတယ်။ လည်ပတ် ၀တ်ပြုချိန် ၂နာရီ ကနေ ၃ နာရီအထိကြာနိုင်ပါတယ်။

 ဘုရင့် နန်းတော် (Imperial Palace)

ဘုရင့် နန်းတော် နန်းတော်ထဲမှာကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပြည့်နေမယ်လို့ထင်ရင်မှားပါလိမ့်မယ် ။ဒါကလည်ပတ်သူတွေကိုကန့်သတ်ထားတာပါ ။တစ်ချို့သောလည်ပတ်သူတွေအတွက် ၀င်ခွင့်ရဖို့ ရက်သတ္တပတ်  အနည်းငယစောင့်ပြီးမှဝင်ရောက်နိုင်မဲ့နေရာတစ်ခုပါ။ နန်းတော်သမိုင်းကြောင်းကိုလမ်းညွှန်ရှင်းပြပေးမဲ့ ဂိုက်တွေကဂျပန်လူမျိုးတွေ ထားရှိပေး ပြီးအင်္ဂလိပ်ဘာသာဖြင့် စာစောင်တွေရယ် ၊ အသံဖိုင်တွေ ကိုလဲအသင့် ရှိနေပါတယ်။

dsc01830

နန်းတော်ထဲမှာလည်ပတ်ရင်းနဲ့ အနီးနားမှာရှိတဲ့ အိ(စ်) ဥယျာဉ်ထဲမှာတစ်ဆက်တည်းအနားယူလို့ရပါတယ်။ ဒီဥယျာဉ်ကိုမနက် ၉နာရီကနေ ညနေ ၄ နာရီခွဲအထိဖွင့်ပေထားပါတယ်။ နန်းတော် ကိုတော့ မနက် ၁၀ နာရီကနေနေ့လည် ၁ နာရီခွဲအထိဖွင့်ပေးထားပါတယ် ။ တနလာင်္နေ့ ကနေသောကြာနေ့ အထိကတော့ အခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်။ ၃ နာရီကနေ နေ့ဝတ်လောက် အချိန်ပေးမှ နန်းတောနေရာစုံနဲ့ အိ(စ်) ဥယျာဉ်ထဲကိုလည်ပတ်နိုင်မှာပါ။

 

 အော့ဒိုင်ဘ (Odaiba)

ရေထဲကပေါ်ထွက်လာတဲ့  ကျွန်းဆွယ်ငယ်လေးတစ်ခု ၊ တိုကျို မြို့လည်ခေါင် မှာရှိနေတဲ့ အော့ဒိုင်ဘ ။ ဒီ ကျွန်းဆွယ်လေးပေါ်မှာဖျော်ဖြေရေးနေရာတွေ ၊ စားသောက်ဆိုင်တွေ၊ အနုပညာပြခန်းတွေ တည်ရှိနေပါတယ်။ အခြားစိတ်ဝင်စားစရာနေရာတွေက ပနက်ဆိုးနစ် စင်တာ ၊ တိုရိုတာမီဂါ (ခေတ်မီဒစ်ဂျစ်တယ်ပစ္စည်းအရောင်းပြခန်းတွေ) ၊ များပြားလှသော ဈေးဝယ်စင်တာတွေလည်းတည်ရှိနေပါသေးတယ် ။

DSC_4954-2-2ssဒီကျွန်းလေးပေါ်ကိုရောက်တာနဲ့  တိုကျိုမြို့ရဲ့ အနာဂတ်ကိုကြိုတင်ခန့်မှန်းလို့တောင်ရနိုင်ပါတယ်။ ညဘက်ဆိုရင် သက်တံ တံတား (Rainbow Bridge) မှာအလှဆင်ထားတဲ့မီးရောင်စုံတွေက ကြီးကျယ်ခန်းနားလို့နေပါတော့တယ်။ အော့ဒိုင်ဘကိုအချိန်မရွေးသွားရောက်လည်ပတ်လို့ရပါတယ်။ နေ့ဝတ် သို့မဟုတ် တစ်ရက်လောက်အချိန်ပေးမှ အော့ဒိုင်ဘကို နှံ့စပ်မှာပါ။

 

တိုကျိုမြို့တော် အဆောက်အဦး (Tokyo Metropolitan Building)

ဒီအဆောက်အဦးကတော့ တိုကျိုမြို့ ရဲ့ မိုးမျှော်တိုက်တွေထဲကတစ်ခုပါပဲ။ ဒီအဆောက်အဦးကဘာထူးခြားမှုတွေပေးမှာလဲ ။အဆောက်အဦးပေါ်ကိုအခမဲ့တက်ခွင်ံရှိပါတယ်။ ၂၀၂ မီတာ မြင့်တဲ့ အမြင့်ဆုံးနေရာကနေ တိုကျိုမြို့ တစ်ခုလူံးကိုာ မြင်နေရတဲ့ အရသာက ဘယ်လိုနေမယ်ထင်ပါသလဲ။

“ ညဘက်ဆိုရင်ဒီနေရာကတကယ့်ထူခြားတဲ့ မြင်ကွင်းတွေကိုတွေ့မြင်ရပါတယ်။ တိုကျိုမြို့ကိုလည်ပတ်ရတဲ့ အရသာဟာဘာလဲဆိုတာသိရှိခွင့်ရပါလိမ့်မယ်” လို့ ခရီးသွားတစ်ဦးကပြောပါတယ်။  ရာသီဥတုသာယာနေရင် ဖူဂျီတောင်ကို လှမ်းမြင်ရဦးမှာပါ ။ မနက် ၉နာရီကနေ ည ၁၁ နာရီအထိနေ့စဉ်ဖွင့်ပေးထားပါတယ်။ ညနေဘက် တိုကျိုမြို့မီးစထွန်းတဲ့အချိန်မှာတက်ဖို့တိုက်တွန်းချင်ပါတယ်။ အတက်အဆင်း ၁နာရီ ၀န်းကျင်လောက်ပေးရင် လုံလောက်ပါတယ်။

 

 အဲဒို – တိုကျို ပြတိုက် (Edo-Tokyo Museum )

Edo-Tokyo_Museum_2014

တိုကျိုမြို့အကြောင်းကိုတကယ်စေ့စေ့စပ်စပ်သိချင်ပါသလား။ အဲဒို – တိုကျို ပြတိုက် ကိုသာသွားလေ့လာလိုက်ပါ ။ ပြတိုက်ထဲမှာ မြို့ရဲ့သမိုင်းကြောင်းကိုထင်ဟပ်စေမဲ့ ပြောင်းလဲသွားသောအဆောက်အအုံဒိဇိုင်းတွေကိုအကြီးစာမော်ဒယ်စကေးတွေနဲ့ ပြန်လည် တည်ဆောက်ပြီး ပြသထားပါတယ်။ လည်ပတ်သူတွေဟာတိုကျိုမြို့ဟောင်းနဲ့ မိုးမျှော်အဆောက်အအုံတွေ ၊ ဒုတိယကမ္ဘာစစ်ကတိုကျိုမြို့မြင်ကွင်းတွေ ကိုပုံဖော်ထားတဲ့ ပုံစံငယ် အဆောက်အအုံ ကြားထဲကနေလမ်းလျှောက်ကြည့်ရင်းလေ့လာနိုင်ပါတယ်။ အဆောက်အဦးပုံစံငယ်တွေဆိုပေမယ့် လက်ရာကအစစ်အတိုင်းတိကျပျက်သားလှပါတယ်။

AT A GLANCE,Ryogoku,Edo-Tokyo Museum ,August 2014. Satoko Kawasaki photo.
AT A GLANCE,Ryogoku,Edo-Tokyo Museum ,August 2014. Satoko Kawasaki photo.

“ ဒီပုံစံငယ် အဆောက်အအုံတွေကိုဖန်းတီးထားတာကိုအသိမအမှတ်ပြုပါတယ်၊ မြို့ဟောင်း မြို့သစ်ရဲ့ကွပြားခြားနားမှုတွေကိုသိသာထင်ရှားစေခဲ့ပါတယ်လို့ “ လာရောက်လေ့လာသူတစ်ဦးကပြောခဲ့ပါသေတယ်။

ဒီပြတိုက်ကတနလာင်္နေ့ကလွဲလို့ နေ့စဉ် မနက် ၉ နာရီကနေညနေ ၅ နာရီခွဲအထိဖွင်လှစ်ထားပါတယ်။ ၀င်ကြေးကတော့် ၈ ဒေါ်လာခန့်ကျသင့်နိုင်ပါတယ်။ လည်ပတ်ချိန် ၃ နာရီကနေ နေ့ဝတ်ခန့် ယူမှလုံလောက်မှာပါ။

ခရီးသွားပရိတ်ကြီးအတွက် ဒီတစ်ခေါက် အမှတ်ရအောက်မေ့ဖွယ် ရိုးရာအနုပညာ တွေနဲ့ ကမ္ဘာအကျော်ကြားဆုံးမြို့ ဖြစ်တဲ့ တိုကျိုမြို့အကြောင်းကိုသိရှိပြီးပီဆိုတော့ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်

Oway ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ လူကြီးမင်တို့ရဲ့ခရီးစဉ်များကို package လိုက်ဝယ်ယူနိုင်သလို၊ ဟိုတယ်သီးသန့်၊ လေယဉ်လက်မှတ်သီးသန့် ၀ယ်ယူလို့သူများကို လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ ခရီးစဉ်အတွက်လိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းစုံစမ်းတိုင်ပင်နိုင်ပါတယ်။ Oway facebook page မှာလဲ

ခရီးသွားသတင်းတွေ နဲ့ အထူးလျော့ဈေး များကိုအချိန်နဲ့ တပြေးညီဖော်ပြပေးမှာ ဖြစ်လို့ Like လုပ်ထားနိုင်ပါတယ်။

လုံခြုံစိတ်ချရသောခရီးတစ်ကို စတင်နိုင်ဖို့ OWAY Travel Services  Ph- 094504506 01 ~ 02  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s