Vintage Luxury Yacht Hotel မှာ အတွေ့အကြုံသစ်တွေကိုခံစားမြည်းစမ်းနိုင်ပါပြီ..

နိုင်ငံရေးအကူးအပြောင်းနှင့်အတူ စီးပွါးရေးလုပ်ငန်းများနှင့်များစွာသောအခွင့်အလမ်းများဟာ နိုင်ငံအတွင်းကိုတိုးဝင်နေရာယူလာကြပါတယ်။ ၎င်းအခွင့်အလမ်းများနှင့်အတူ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများဟာလည်း တိုးတက်ဖွံ့ဖြိုးလို့လာပါတယ်။ နှစ်စဉ်လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားဧည့်သည်အရေအတွက်ဟာလည်း ယခင်နှစ်များနှင့်မတူ များစွာတိုးတက်လာပါတယ်။ ၎င်းတိုးတက်နှုန်းတွေနှင့်အတူ ပြည်တွင်းရှိ ဟိုတယ်များဟာလည်း ပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်မှုတွေပြုလုပ်လာပါတယ်။ ဒီတစ်ခါမှာတော့ ပြည်တွင်းရှိ ဟိုတယ်တွေများထဲက သာမန်နှင့်မတူဘဲ ထူးထူးဆန်းဆန်းလေးဖြစ်အောင် Vintage Luxury Yacht Hotel အကြောင်းလေးပြောပြချင်ပါတယ်။ သာမန် ဟိုတယ်တွေလိုမဟုတ်ဘဲ အပျော်စီးရွက်သင်္ဘောကြီးကိုမွမ်းမံချယ်သပြီး ဖွင့်လှစ်ထားတဲ့ ဟိုတယ်တခုဖြစ်ပါတယ်။ ထုံးစံအတိုင်း ဟိုတယ်ဧရိယာဖြစ်တဲ့ သင်္ဘောကြီးတစ်စီးလုံးပေါ်မှာ Wifi အခမဲ့ရပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်၊ ဘားတစ်ခု၊ Spa နှင့် ကော်ဖီဆိုင်တစ်ဆိုင်တို့ကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။ အခန်းပုံစံအားဖြင့် ၃ မျိုးရှိပြီး အခန်းတွင်း၌ လေအေးပေးစံနစ်၊ minibar ၊ Satellite TV ၊ဧည့်ခန်းနှင့် ရေချိုးခန်းအသုံးအဆောင်ပစ္စည်းအစုံပါဝင်တဲ့ ရေချိုးခန်းတို့ပါဝင်ပါတယ်။ အခန်းတွင်းဝန်ဆောင်မှုအပြင် နိုင်ငံခြားငွေလဲလှယ်နိုင်သည့်ကောင်တာတို့ကိုလည်း…

ဟနွိုင်း – ထရန်အန်း – ဟာလောင်း (4 ရက် / 3 ည ခရီး စဉ်)

ပထမနေ (10 June 2016) – Arrive Hanoi – Ninh Binh                                                   (-/-)   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Vietnam Airline လေယာဉ်ဖြင့် ညပိုင်း တွင်ထွက်ခွာပြီးဗီယက်နမ်နိုင်ငံ နွိုင်ဘင် လေဆိပ်သို့ ရောက်ရှိပါမည်။ ရောက်ရှိသည်နှင့် နင်းဘင် မြို့သို့ နှစ်နာရီခွဲ ကြာ မောင်း၍ ဟိုတယ်သို့ Check-in ဝင်ကာ အိပ်စက်အနားယူပါမည်။   ဒုတိယနေ့(11 June 2016) –Ninh Binh – Trang An – Hoa Lu – Halong             (နံနက်စာ / နေ့လည်စာ / ညစာ)   ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ထရန်အန်း…