ဆန်ဖရန်စစ္စကို မှာ (၃၆) နာရီ

ခရီးသွားပရိတ်သတ်တွေ ကိုထုံးစံအတိုင်း ထူးခြားပြီး နာမည်ကြီးတဲ့ မြို့တစ်မြို့ကိုခေါ်သွားချင်ပါတယ်။ ဘယ်မြို့ ပါလဲ ? ကြီးမားခန့်ညားတဲ့ ဆန်ဖရန်စစ္စကို မြို့ကြီးပါပဲ . ဆန်ဖရန်စစ္စကို မြို့ကြီးဟာ အဆောက်အအုံ အသစ် ၊ နည်းပညာနယ်ပယ်မှ လူငယ်မျိုးဆက်သစ်တွေ  အလျှိုလျှို ပေါ်ပေါက်လာတဲ့ နေတဲ့ မော်ဒန်မြိ့တော်ကြီးတစ်ခုဖြစ်နေပါတယ် . သဘာဝဆန်ဆန်နဲ့ ပျော်စရာတွေ ပြည့်နှပ်နေသော ဆန်ဖရန်စစ္စကို  မြို့ကို ကျွန်တောတို့ စာဖက်ပရိတ်သတ်တွေ သောကြာနေ့မှာ ရောက်သွားခဲ့မယ် ဆိုရင် …. မျက်တောင်မခတ်လိုက်ပါနဲ့ မဟုတ်ရင် ဆန်ဖရန်စစ္စကို ရဲ့ အလှသစ်တွေကို သင်လွတ်သွားပါလိမ့်မယ်။   သောကြာနေ့(၄ နာရီ) City By The Bay မြို့တော်ကို ရောက်ရောက်ချင်း ညနေခင်းရဲ့ အလှတရားကို စတင်ခံစားဖို့ သင်ကအထိုက်တန်ဆုံး လူသားတစ်ဦးဖြစ်နေပါပြီ…

ဂန္တဝင်တေးသွားသမိုင်းတွေ မွေးဖွားတည်ရှိရာ ၊ မိုးဇက်ရဲ့မွေးရပ်မြေ အဇိုက်ဘို့(ဇ်) မြို့တော်

နွေဦးရာသီမှာ ခရီးသွားပရိတ်တွေအတွက် ယူရုတ်မြေကိုခြေဆန့်ဖို့ စိတ်ကူးတွေဖန်တီးပေးချင်ပါတယ် ။ ဒီတစ်ခါ အော်စရီးယား နိုင်ငံ အဇိုက်ဘို့(ဇ်) မြို့တော်အကြောင်း နဲ့ အဇိုက်ဘို့(ဇ်) ကိုဘာကြောင့် လည်ပတ်သင့်တယ်ဆိုတာကို ဝေမျှပေးချင်ပါတယ်။ အဇိုက်ဘို့(ဇ်) ရဲ့ နောက်ခံကျောရိုးဟာ ဂန္တဝင်ဆန်ဆန် ဂီတအငွေ့အသက်တွေနဲ့ ဂုဏ်ယူဝင့် ကြွှားစွာတည်ရှိနေခဲ့တာပါ။ ဒီနောက်ခံကျောရိုးကို အခြေတည်ခဲ့သူကတော့ ကမ္ဘာကျော်ဂန္တဝင်ဂီတပညာရှင် ဘော့ဂန် အမားဒီးယက်(စ်) မိုးဇက်ပါပဲ။ဘာလို့လဲဆိုတော့ အဇိုက်ဘို့(ဇ်) မြို့ဟာဂီတပညာရှင် မိုးဇက်ရဲ့ မွေရပ်မြေဖြစ်လို့ပါပဲ ။   အရင်ဆုံး အဇိုက်ဘို့(ဇ်) မြို့တော် အကြောင်းကစလိုက်ချင်ပါတယ်အဇိုက်ဘို့(ဇ်) မြို့တော်ဟာ အော်စရီးယား နိုင်ငံရဲ့ အကြီးဆုံးမြို့ (၄)မြို့မှာပါဝင်ပါတယ်။အစိမ်းရောင်တောင်တန်းတွေရယ် ၊ ကဗျာဆန်ဆန် ဥယျာဉ်ပန်းခြံတွေက ခရီးသွားချစ်သူတွေကို ဆွဲဆောင်နေပါတယ်။ ကမ္ဘာကျော်ပြတိုက်တွေလဲ ဒီမြို့လေးမှာ ရှိပါသေးတယ်။ တစ်ကယ်လို့ သင်သာဂီတကို…

ဘက်စုံကျော်ကြားသော နယူးဇီလန်ရဲ့ မြို့တော် ဒနိတ်ဒင်း

မြို့တော်တွေရဲ့ နာမည်ကျော်ကြားမှုတွေက ၄င်းမြို့ရဲ့ အမွအနှစ်သမိုင်းကြောင်းတွေအပေါ်မှာ အတိအကျသက်ရောက်မှုရှိနေပါတယ်။ ဒါဟာ ငြင်းစရာမရှိသလို ကမ္ဘာ့နာမည်အကျော်ကြားဆုံးမြို့တွေဟာ သမိုင်းကြောင်းထင်ရှားပြီး သူမတူတဲ့ အချက်တွေနဲ့  ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ခဲ့ကြပါတယ်။ ဒီတစ်ခေါက်တော့ ထူးခြား သော Otago ကျွန်းဆွယ် ပေါ်တွင် တည်ရှိတဲ့ ဒနိတ်ဒင်း မြို့အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ဒနိတ်ဒင်း မြို့ဟာ နယူးဇီလန် ရဲ့ အသက်အကြီးဆုံး မြို့  စာပေသမိုင်းကြောင်း ကောင်းတွေ ၊ သမိုင်းပေး ယဉ်ကျေးမှု စည်းစိမ် အမွေအနှစ်တွေနဲ့ ပြီးပြည့်စုံတဲ့ ဂုဏ်သိက္ခာရှိတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့်ထင်ရှားခဲ့ပါတယ်။ဒနိတ်ဒင်း မြို့မှာ အမွေအနှစ် အဖြစ် Scottish တက္ကသိုလ်တစ်ခု ရှိပြီး ၊ ရှားပါး တောရိုင်းတိရစ္ဆာန် သိုက် ၊ အားကစာ သမိုင်းကိုလေ့လာနိုင်သော ခန်းမ  အစရှိသော ထူးခြားမှုများ စွာ…

ပဲရစ်မြို့ မှာ(၃)ရက်တာ

ဒီတစ်ခါ ခရီးသွားပရိတ်သတ်တွေကို ပဲရစ်မြို့ကို လည်ပတ်ဖို့ အဲကြံပြုချင်ပါတယ် ။ ပဲရစ်မြို့ကို ခေတ်ဆန်ဆန်ပြန်လည်သုံးသပ်ရရင် လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များနဲ့ကွဲပြားခြားနားလို့နေခဲ့ပါတယ် . အခုအခြေအနေနဲ့ ရှုခင်းအလှတရားတွေက ပဲရစ်မြို့ရဲ့ အသက်ဝိညာဉ် ကိုထိန်းသိမ်း နိုင်ခဲ့ပါတယ် . ကြီးကျယ်ခန်းနားသော လေယာဉ်ကွင်း ၊ ကွေ့ကောက်စီတန်းနေတဲ့ သစ်ပင်တွေ၊ ရှေးခေတ်ဆန်ဆန် ကော်ဖီဆိုင်တွေ ၊ ထုံးကျောက် အဆောက်အဦးများနှင့် ဒေသခံတွေရဲ့ ၀တ်စားဆင်ရင်မှုနဲ့ နှစ်သက်စရာကောင်းပြီး ခေတ်ဆန်ဆန် ပြတိုက်တွေ၊  ဂန္ထဝင်ဆန်ဆန် လျှောက်လမ်းတွေ တည်ရှိနေတာက ယနေ့ ပဲရစ်မြို့ကြီးပါပဲ ။ ၃၆ နာရီ အတွင်းမှာ ပဲရစ်မြို့ရဲ့ အထင်ကရ နေရာတွေ ၊ မသွားမဖြစ်နေရာ (၁၁) နေရွာကို ဘယ်လိုအကျိုးရှိရှိ လည်ပတ်ရမယ်ဆိုတာကို အရင်ဆုံးတင်ပြပေးချင်ပါတယ် ။…

ဟောင်ကောင်မှာ (၃၆) နာရီ

ကမ္ဘာပေါ်တွင် စီးပွားရေး အလျှင်အမြန်တိုးတက်နေသော နိုင်ငံတစ်ခုကို အနုပညာဆန်ဆန် စိတ်လှုပ်ရှားဖွယ်မြင်တွေ့နိုင်မယ့် နိုင်ငံတစ်ခုဆီကို ဒီလမှာတော့ ကျွန်တော့်တို့ရဲ့ ခရီးသွားပရိတ်သတ်ကြီးကို ခေါ်သွားချင်ပါတယ်။ Hong Kong ရဲ့ မြို့ပြတိုးတက်မှုဟာ ရပ်တန့်ဖို့ မလွယ်ကူလောက်အောင် လျင်လျင်မြန်မြန် တိုးတက်နေပါတယ်။ ၂ဝ၁၅ နှစ်အစပိုင်းမှာဘဲ မြို့သစ်ဒေသများကို စီမံကိန်းနယ်မြေများအဖြစ် ယနေ့အထိ တိုးချဲ့ဆောက်လုပ်နေခြင်းဟာ Hong Kong မြို့ရဲ့ အနာဂတ်ကို အထင်းသား တွေ့မြင်နိုင်ပါလိမ့်မယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် ထူးဆန်းသစ်ထားသော မြို့ပြစီမံကိန်းများ၊ အနုပညာရှင်များ၊ ဒီဇိုင်းဖန်တီးရှင်များ စုဝေးရာ အနုပညာ ပြတိုက်ခန်းမများအပါအဝင် အနာဂတ်ရဲ့ စီးပွားရေး၊ စွန့်ဦးတီထွင်သူများကို Hong Kong မြို့ပေါ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း Hong Kong မြို့ကို လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များမှ ရရှိသော…

ဟီရိုရှီးမားမြို့တော်

ကမ္ဘာပေါ်မှာသွားချင်စရာကောင်းတဲ့နေရာများစွာရှိတဲ့အထဲမှ ဒီတစ်ခါမှာတော့ ကမ္ဘာ့သမိုင်းထဲကအထင်ကရမြို့တစ်မြို့ဖြစ်တဲ့ ဂျပန်နိုင်ငံ၏ ဟီရိုရှီးမားမြို့တော်ကြီးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်။ လည်စရာပတ်စရာနေရာတွေအပြင် အမှတ်တရပြုလုပ်စရာ activity များစွာကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဟီရိုရှီးမားမြို့တော်ကြီးကိုသွားရောက်လည်ပတ်ရန်အသင့်တော်ဆုံးအချိန်ကတော့ နွေဦးရာသီပဲဖြစ်ပါတယ်။ နွေဦးရာသီက မည်သည့်ဒေသမှလာရောက်လည်ပတ်တဲ့ခရီးသွားဖြစ်စေ သင့်တော်တဲ့ရာသီဥတုပဲဖြစ်ပါတယ်။ အမျိုးစုံလင်လှသောပန်းများဟာ နွေဦးရာသီမှာအပြိုင်အဆိုင်ပွင့်ကြပြီး အလွန်တရာလှပပါတယ်။ ဟီရိုရှီးမား၊ စီရာမြို့က ကမ္ဘာလှည့်ခရီးသွားပန်းပြပွဲ၊ ဟီရိုရှီးမားစီရင်စုနယ်ရဲ့ ပွဲတော်ကြီးတွေထဲကတစ်ခုဖြစ်တဲ့ ပန်းပွဲတော်နှင့် အပြိုင်အဆိုင်ပွင့်ကြတဲ့ အလွန်လှပတဲ့ချယ်ရီပန်းတွေကို တွေ့မြင်ရမှာပါ။ စီရာမြို့တော်ဟာ ဟီရိုရှီးမားစီရင်စုနယ်၏ အရှေ့မြောက်ဘက်မှာတည်ရှိပြီး များစွာသော ပန်းခြံကြီးတွေပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာလှည့်ခရီးသွားအများစု လာရောက်လည်ပတ်ကြပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ပန်းခင်ကြီးတွေဟာ စီရာမြို့တော်ထဲက မြို့နယ်များအလိုက်စိုက်ပျိုးထားကြပါတယ်။ အရောင်တွေအားဖြင့် အဖြူ၊ အနီ၊ ခရမ်းနှင့် ပန်းရောင်တို့ပဲဖြစ်ပါတယ်။ ကောင်းကင်မြင်ကွင်း (သို့မဟုတ်) အဝေးမှကြည့်လျှင် မျက်စိထဲထင်သာမြင်သာစေသည့် သတ္တဝါအရုပ်ပုံများကို ပန်းခင်းကြီးများထဲတွင် ပုံဖော်စိုက်ပျိုးကြပါတယ်။ ပုံဖော်ထားတဲ့ ပန်းခင်းထဲကအရုပ်ပုံကြီးတွေနှင့် အစီအရီလှပစွာစိုက်ပျိုးထားတဲ့ပန်းတွေကြောင့် ခရီးသွားတွေနှင့် ဓာတ်ပုံသမားအများစုတို့ဖြင့်…

Ancient Angkor Wat Temple သို့ အလည်တခေါက်

Ancient Angkor Wat Temple သို့ အလည်တခေါက် ပြည်တွင်းစစ်၊ မငြိမ်းချမ်းမှုတွေပြီးဆုံး ချုပ်ငြိမ်းသွားတဲ့အချိန်ကစပြီး Cambodia နိုင်ငံ ဟာ ငြိမ်းချမ်းမှုနှင့် သာယာ ၀ပြောမှုများကို ပြန်လည် သယ်ဆောင်နိုင်ခဲ့ ပါတယ်။ အန်ကာဝပ် ဒေသရှိ ရှေးဟောင်း အဆောက်အဦး များ၊ ယဉ်ကျေးမှု အဆောက်အဦးများ ဟာ ထောင်ပေါင်းများစွာသော ခရီးသွားများ ကို သေးငယ်သောCambodian နိုင်ငံတွင်း သို့ သဲ့ ယူနိုင်ခဲ့သော၊ အဓိက သော့ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ရေှးဟောင်ယဉ်ကျေးမှု၊ အနုသုခမများ ကို တန်ဖိုးထားတတ်တဲ့ Cambodia နိုင်ငံမှာ ယူနက်စကို မှတ်တမ်းဝင် ရှေးဟောင်း အဆောက်အဦးများ အများအပြားကိုလေ့လာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ခရီးစဉ် တလျှောက်မှာ အဓိကအားဖြင့် ဒေသခံလူတွေရဲ့ ရိုသေအလေးပေမှု(အခြား အာရှနိုင်ငံများကဲ့သို့မဟုတ်ဘဲ မြန်မာကို…

ဘလိ၊ ဆလိုဗေးနီးယား ရဲ့ အထူးခြားဆုံးသော တောင်တန်းဒေသ

ဆလိုဗေးနီယား နိုင်ငံဟာ ဥရောပရဲ့ တောင်တန်းများ၊ မြေထဲပင်လယ်၊ လွင်ပြင်ကြီးများ၊ တောင်ထိပ်များ တည်းရှိတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာ ပင်လယ်ကို ကြည့်နေတုန်း နောက်တစ်ဖက်မှာ တောင်ထိပ်မြင့်များ၊ အခြား တစ်ဖက်မှာ သစ်တောအုပ် ကြီးများ မြင်ရတဲ့ ထူးခြားတဲ့ ဒေသဖြစ်ပါတယ်။ ယခု အပတ်မှာတော့ အိုးဝေမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ စွန့်စားခရီးသွားများရဲ့ အရူအမူး နှစ်သက်စွဲလမ်းရာဒေသတစ်ခုဖြစ်တဲ့ ဆလိုဗေးနီယား ရဲ့ ဘလိဒေသအကြောင်းကို ဗဟုသုတရဖွယ် တင်ပြလိုက်ပါတယ်။ ထူခြား လှပသော ဘလိ နှင့် ၄င်းပတ်ဝန်ကျင် ရှု့ခင်းများဟာ သာယာလှတဲ့ ရာသီဥတု၊ အပူအေးမျှတဲ့ ကန်ရေ တို့ကြောင့် အလှဆုံးသော တောင်တန်းဒေသ တစ်ခုအဖြစ်ကမ္ဘာက အသိအမှတ်ပြုထားပါတယ်။ ပတ်ပတ်လည်က တောင်တန်းရိပ်တွေက ကန်ရေပြင်မှာထင်ဟပ်လျက်ရှိတဲ့ အပြင်၊ တောက် ပတဲ့…

သဘာဝမိခင်ကြီး ရဲ့ အဖိုးထိုက် ရတနာ Halong ကမ်းရိုးတန်ဒေသ (Halong Bay, the Gifts of the Mother Nature)

(Halong Bay, the Gifts of the Mother Nature) ဗီယက်နမ် နိုင်ငံ Halong ကမ်းရိုးတန်ဒေသ ကို သင် သွားရောက်လည်ပတ်ခဲ့မယ်ဆိုရင်တော့  ဆန်းပြားခြားနားတဲ့သဘာဝ အလှအပတွေ၊ နှစ်ပေါင်း ထောင်ကျော်သက်တန် ရှိ ထုံးကျောက် တောင်တန်တွေ၊ အရေအတွက် မြောက်မြားစွားသော၊ ပုံစံအမျိုးမျိုးရှိ ကျွန်းတွေ၊ ယင်းကျွန်းတွေပေါ်က ကြီးမာတဲ့ Thien Cung နှင့် Surprise ဂူကဲ့သို့ သော ဂူကြီးတွေ၊ မီတာ အနည်း ငယ်သာ ရှိတဲ့ ဂူငယ်လေးတွေ့ ကို လေ့လာ နိုင်မှာဖြစ်ပါတယ်။ သင်စအပျိုခဲ့တဲ့ သဘာဝ ခရီးစဉ်းကြီးမှာ  အံအားသင့်ဖွယ်များကို ကိုယ့်စိတ်ကြိုက် တူဖော် ရှာဖွေနိုင်မှာဖြစ်ပါတယ်တဲ့၊ လှပတဲ့ ကျွန်းစုတွေ တောင်တန်းတွေနှင့် သဘာဝလှိုင်ဂူတွေ ပြည့်…

ရိုရာ အဆင်အလာ ထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံရဲ့ ကမ်းခြေ Hua Hin

ထိုင်းနိုင်ငံ ကို အလည်အပတ် သွား တဲ့သူ အများစု အများစုက တော့ ဗန်ကောက်ကိုရောက်လို့ ကမ်းခြေ တစ်ခုခု ကို ခရီးဆက်ချင်ပြီဆိုရင်  အနီးအနားက ပတ္တရားကမ်းခြေသို့ သွားရောက်လည်းပတ်တတ်ကြပါတယ်။ ခပ်ရှုပ်ရှုပ်ကမ်ခြေတစ်ခ လည်း ဖြစ်ပါတယ်။ ဗန်ကောက်က နေတစ်ဆင့် အခေါက်အခါခါရောက်နေတဲ့၊ သဘာဝ ပတ်ဝန်းကျင် အပိုင်း ကြည့်ရင်လည်း ပျက်ဆီးစပြုနေပြီဖြစ်တဲ့ ပတ္တရာကမ်းခြေ ကို ရှောင်းရှာလိုသူများအတွက် ပိုမိုသာယာ၊ ပိုမိုလှပ၊ ပိုမို အေချမ်းတဲ့ ဗန်ကောက်မြို့ရဲ့ အနီအနားက နာမည်ကျော်ရှေးဟောင်းကမ်းခြေတစ်ခုကိုလမ်းညွှန်ပေးလိုပါတယ်။ ယခု တစ်ပတ်အတွက် OWAY မှ မြန်မာခရီသွားဧည့်သည်များ အရောက်အပေါက် နည်းနေသေးတဲ့ ထိုင်းနိုင်ငံ က နာမည်ကျော် Hua Hin ကမ်းခြေ အကြောင်းတင်ပြလိုက်ပါတယ်။ Hua Hin ကမ်းခြေဟာ ဗန်ကောက်မြို့မှ…