Oway ဆိုတာ …

Oway ဆိုသည်မှာ –

အိုးဝေသည် မြန်မာနိုင်ငံအတွင်းရှိ အလျင်မြန်ဆုံး အောင်မြင်လာသော အင်တာနက် အခြေခံ၍ ခရီးသွား ဝန်ဆောင်မှုများကို ရောင်းချသည့် နည်းပညာနှင့် ခရီးသွား ဝန်ဆောင်မှုပေါင်းစပ်ထားသည့် ကုမ္ပဏီ ဖြစ်သည်။
အိုးဝေ၏ တည်ထောင်သူဦးနေအောင် သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကာအမေရိကန် နိုင်ငံ တက္ကသိုလ်တို့တွင် ဘွဲ့လွန် ပညာရပ်များ သင်ကြားခဲ့ပြီး နည်းပညာ နယ်ပယ်တွင် အကြီးမားဆုံးဖြစ်သော Google တွင် ၄ နှစ်ကြာ အဆင့်မြင့် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် မြန်မာ နိုင်ငံရှိ နည်းပညာနှင့် ဝန်ဆောင်မှု ပေးသော ခရီးသွား ဝန်ဆောင်မှု လစ်ဟာမှုကို ဖြည့်ဆည်းနိုင်သည့် ခရီးသွား ကုမ္ပဏီ ကို စွန့်ဦးတီထွင် သူအဖြစ် ၂၀၁၂ တွင် တည်ထောင်နိုင်ခဲ့သည်၊

အိုးဝေသည် ခရီးသွားလိုင်စင် (၄၅၁၄/၂၀၁၁-၂၀၁၂) ဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားပြီး အောက်ပါ ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင် လည်ပတ်နေပါသည်။

www.oway.com.mm ဖြင့်
• ပြည်တွင်း၊ပြည်ပ လေကြောင်းလိုင်းများ
• ပြည်တွင်း၊ပြည်ပ ဟိုတယ်များ
• ပြည်တွင်း ဘတ်စ်ကားလက်မှတ်များ
• ပြည်တွင်းပြည်ပ ကားအငှားဝန်ဆောင်မှု
• ပြည်တွင်း ခရီးစဉ်၊ ပြည်ပစရိတ်ငြိမ်း ခရီးစဉ် များ
• ပြည်တွင်းပြည်ပ MICE( တွေ့ဆုံပွဲများ၊ ဖျော်ဖြေပွဲများ၊ ကုမ္ပဏီ အရောင်းမြှင့်တင်ပွဲများ)
စသည်တို့ ကို အင်တာနက်မှတဆင့်သော်လည်းကောင်း၊ လက်လီဖြင့်လည်းကောင်းရောင်းချ ဝန်ဆောင်မှုပေးနေပါသည်။

ထို့အပြင်

• အိုးဝေသည် မြန်မာနိုင်ငံအတွင်းရှိ အထင်ကရ နိုင်ငံတကာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ စုစုပေါင်း (၅၀၀) နီးပါး၏ တရားဝင် လက်တွဲထားသော ရုံးပိုင်းဆိုင်ရာ ခရီးသွားခြင်း နှင့် ပွဲစီစဉ်ခြင်း ဝန်ဆောင်မှုပေးရသော Corporate Travel ကုမ္ပဏီ ဖြစ်ခြင်း

• အိုးဝေမှ တဆင့်လက်ကားဖြန့်ဖြူးရောင်းချနေသော လက်တွဲထားသည့် Travel Agent ပေါင်း (၁၀၀) ကျော်ဖြင့် အလုပ်လုပ်ကိုင်နေခြင်း

• မြန်မာတစ်နိုင်ငံလုံးတွင် အိုးဝေ၏ ကိုယ်ပိုင် ကား အစီးရေ (၂၅၀) ကျော်ဖြင့် ကားအငှားဝန်ဆောင်မှုများဆောင်ရွက်နေခြင်း

• အခြားလုပ်ငန်းခွဲတစ်ခုဖြစ်သော Oway Ride မီတာစနစ်သုံး အငှားကားတက်စီ လုပ်ငန်း အစရှိသည်တို့ ကိုဆောင်ရွက်နေခြင်း

• အမြဲတမ်း ဝန်ထမ်းပေါင်း (၂၁၀) ကျော် လုပ်ကိုင်နေသော ရန်ကုန်၊မန္တလေး၊နေပြည်တော်၊ပုဂံနှင့် ညောင်ရွှေတို့တွင် operation ရုံးခန်းများဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။

Reference – https://oway.com.mm/about-us

အိုးဝေ ဖြင့် ဘာကြောင့် ခရီးသွားသင့်ပါသလဲ….

* အချိန်ပြည့် မြန်ဆန်စွာ အကြောင်းပြန်ခြင်း
* ကျွမ်းကျင်သော အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း
* စိတ်ကျေနပ်မှုနှင့် ခရီးစဉ်တစ်လျှောက် လုံခြုံမှုပေးနိုင်ခြင်း
* တစ်ဦးတစ်ယောက်စီ၏ လိုအပ်ချက်အလိုက် သီးသန့်ဝန်ဆောင်မှုပေးနိုင်ခြင်း
* သာမန်ခရီးစဉ် များထက်တမူထူးခြားသော အတွေ့အကြုံများဖြင့် စနစ်တကျ ရေးဆွဲထားခြင်း
* အပြန်အလှန် နားလည်မှုရှိသောခရီးဖော်များနှင့်သာ ပျော်ရွှင်နွေးထွေးစွာ ခရီးသွားရခြင်း
* ခရီးစဉ် တစ်လျှောက်ဝန်ဆောင်မှုအရည်အသွေး များကို တာဝန်ရှိ အကြီးအကဲများကိုယ်တိုင် တိုက်ရိုက် စောင့်ကြည့်ကွပ်ကဲပေးနိုင်ခြင်း
* Oway Co. ltd သည် ငွေကြေးတောင့်တင်းသည့် ကုမ္ပဏီ ဖြစ်သည့် အတွက် ယုံကြည်စိတ်ချရခြင်း
တို့ကြောင့် လူကြီးမင်း၏ ခရီးစဉ် များကို Oway ဖြင့်သာ စတင်လိုက်ပါ။

အထွေထွေ စုံစမ်းမေးမြန်းမှုများနှင့် သိလိုသည်များ စုံစမ်း နိုင်ရန် –
OWAY TRAVEL “B E G I N Y O U R J O U R N E Y”
Oway Company Limited l Yangon, Myanmar
Address: No.36/38, Grand Myay Nu Tower, 9th Floor, Myay Nu Street, Sanchaung Township
Phone: +95 9 450450601 / Fax: +95 01 – 505 977

Tour Department : + 95 (9) 97311 7596/+95 (9) 9610 15355

Oway ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ လူကြီးမင်တို့ရဲ့ခရီးစဉ်များကို package လိုက်ဝယ်ယူနိုင်သလို၊ ဟိုတယ်သီးသန့်၊ လေယဉ်လက်မှတ်သီးသန့် ၀ယ်ယူလို့သူများကို လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ ခရီးစဉ်အတွက်လိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းစုံစမ်းတိုင်ပင်နိုင်ပါတယ်။ Oway facebook page မှာလဲ

ခရီးသွားသတင်းတွေ နဲ့ အထူးလျော့ဈေး များကိုအချိန်နဲ့ တပြေးညီဖော်ပြပေးမှာ ဖြစ်လို့ Like လုပ်ထားနိုင်ပါတယ်။

လုံခြုံစိတ်ချရသောခရီးတစ်ကို စတင်နိုင်ဖို့ OWAY Travel Services  Ph- 09 450450601 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

W s Oway

Save

Leave a comment