အိန္ဒိယ သမုဒ္ဒရာ အတွင်း က အိမ်မက်ဆန်ဆန် ကမ္ဘာလေးတစ်ခု Maldives (the Dream Maldives)

Maldives ကျွန်းမှ ကြိုဆိုပါ၏ (Welcome to the Dream Maldives)

 

21

ဌာနေ ဒေသခံများ ၏ ဖြူစင်တဲ့ အပြုံးများ ရယ၊် သဲလွှလွှတွေရယ်၊ အန္ဒိယ သမုဒ္ဒရာအတွက်က ရေနွေးနွေးထဲးမှာ ကူးလူးပျော်ပါးနေတဲ့ ငါလေးတွေရယ်၊ အိမ်မက်အလား မှတ်မှာရလောက်တဲ့ ရာသီဥတု ရယ်က နွေထွေးတဲ့ နေရောင်ခြည်နဲ့ အတူ မော်လဒိုက် ကျွန်းစု (the Maldives)  သင့်ကို စောင့်ကြိုနေမှပါ။

 

ရှေးရှေးတုန်းက တော့ Maldives ဟာ သဘောင်္ပျက် ဒုက္ခသည်များ  ရောက်လာနိုင်တာမို့ လူအရောက်အပေါက် နည်းခဲ့ပြီး၊ အခုအချိန်အထိ မပျက်စီသေးသော  လူတိုင်းကို နွေးနွေးထွေးထွေး ကြိုဆိုနေမယ့် ပျောက်ဆုံးနေသော နိဗဘုံလေပါတဲ့၊

 

ယခုလအတွက်တော့ခရီးသွား ၀ါသနာ ရှင်များအတွက် အရမ်းကို လှလွန်းအားကြီးလို့ ကမ္ဘာ့ နာမည်ကျော် Maldives ကျွန်းစု (The Maldives) အကြောင်းပဲဖြစ်ပါတယ်။ သိပ်လှတဲ့ မော်လဒိုက် ကျွန်းစု အကြောင်း နှင့် အဲ့ဒီလိုလှပနေနိုင်အောင် ထိန်းသိမ်း ထားနိုင်တဲ့  ဒေသခံများ ရဲ့ ကြိုစားမှု့ တွေ၊ တန်ဖိုးထားမှု့တွေ နဲ့အတူ မှတ်တမ်း တင်ဖွယ် အကြောင်းအရာလေးတွေကို Oway Travels & Tours မှ စာဖတ်သူများ အတွက် ဗဟုသုတရဖွယ် တင်ပြလိုက်ပါတယ်။

 

မော်လဒိုက်ကျွန်ဟာ နက်ရှိုင်းတဲ့ပင်လယ်ပြင်၊ အဖြူရောင် သဲကမ်းခြေ၊ ကမ်းခြေ တစ်လျှောက် အုန်းပင်တွေ အတူ ငြီမ်းချမ်းတဲ့ လူနေမှု့ ဘ၀မှာ ရှင်သန်ရပ်တည်နေသော ဒေသခံများကိုတွေ့ရမှာပါ။ သဘာဝရဲ့ ပြရုပ်တခုဖြစ်တဲ့  မော်လဒိုက်ကျွန်ပေါ်မှာ သင့်လက်ထဲက ကော့တေးခွက်လေနဲ့ အတူ သဲဖြူဖြူပေါ်မှာ ထိုင်ရင်၊ နေ၀င်ချိန်ကိုခံစားပြီး ထောင်ပေါင်းများစွာသော ပင်လယ် ငါးလေတွေက သင့် အနီးအနားမှာ ကူခတ် နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

 

မော်လဒိုက်ကျွန်းစု ဟာ ကျွန်းပေါင်း ၁၁၀၉ ရှိပြီး လူနေထိုင်တဲ့ ကျွန်း ၃၀၀ ကျော်ရှိတဲ အနက်မှာ ကျွန်းပေါင်း ၁၅၀ ပေါ်မှာ အပန်းခြေစခန်းတွေဖွင့်လှစ်ထားပါတယ်။ လူဦးရေ ၃၅၀၀၀၀ နီပါးရှိပြီး အဓီက စီပွားရေးလုပ်ငန်းက တော့ ခရီးသွားလုပ်ငန်း  နှင့် ရေလုပ်ငန်းပဲဖြစ်ပါတယ်။ မြို့တော်ဟာ မေး (Male’) ဖြစ်ပါတယ်။  Rufiyaa ငွေကို သုံးစွဲးကြပြီး USD ကိုလည်း အသုံးပြုလို့ပါတယ်။

 

သမိုင်းကြောင်း (History)

 

မော်လဒိုက် ရဲ့သမိုင်းကြောင်းကတော့ ပုံပြင် ဆန်ဆန်ပါပဲ။ ပုံပြင်လေးက ဒီလိုပါတဲ့၊ ရှေးရှေးတုန်းက ရာနန်မာရီ (Rannamaari) တိုင်းပြည်မှာ တစ်နေ့ကို မိန်းမပျိုလေးတစ်ယောက်ဆက်သရတဲ့ ပင်လယ် သတ္တ၀ါကြီး တစ်ကောင်ရှိတယ်တဲ့၊ တစ်ချိန်မှာတော့ သတ္တိရှိတဲ့ သူရဲးကောင်း မိုရိုကို (Morocco) က တိုင်ပြည်ကို သတ္တ၀ါကြီး ရန်က ကာကွယ်ပေးခဲ့ပါတယ်။ မော်လဒိုက်ကျွန်း ကို နောက်ထပ်မလားနိုင်အောင်တားဆီးပေခဲ့ပါတယ်။ ဒိုင်ယာရီ သရဲးကောင်တစ်ဦးရဲ့ ဇာတ်လမ်းပေါ့၊

ကိုလိုနီခေတ် က ပေါ်တူဂီ ကျူးကျော်သူများ ရန်ကို ကာကွယ်ပေးခဲ့တဲ့ သူရဲးကောင်း Bodu Thakurufaanu ရဲ့ ပုံပြင်ကိုလည်း ကြားကြရမှာပါ။ သမိုင်းကြောင်း အမျိုးမျိုးနဲ့ မော်လဒိုကကျွန်းစုလေး ဟာ ပြင်ပမှ စွန်းစား ခရီးသွား လာရောက်သူများက မှတ်တမ်းတင်ခဲ့ခြင်းဖြစ် တာမို့ ကန်းသတ်ချက်မရှိ ကျယ်ပြန်လွန်းပါတယ်။

ဘယ်လိုပဲသမိုင်းကြောင်းတွေပုံပြင်တွေ ရှိခဲ့သော်လည်း သေးသေးငယ်ငယ်လေး ဖြစ်ပေမယ့် ၊ အခုချိန်ထိ ရှေးယခင်ကလိုပဲ  အထီကျန်ခြင်း၊ မှေးမှိန်ခြင်း ကင်ဝေးပြီး အမြဲတမ်း တသာသာယာယာ နေရာလေးတခုပါပဲ၊

 

ယဉ်ကျေးမှု ( the culture)

 

0109

မော်လဒိုက်ကျွန်းဟာ အိန္ဒိယ သမုဒ္ဒရာ ရဲ ကုန်သွယ်လမ်းကြောင်းပေါ်မှာတည်ရှိပြီး၊ သမိုင်းမှတ်တမ်းများ အရ အနီးအနား ကျွန်းပေါ်သို့ ကုန်းမြေတွေမှ ပြောင်ရွှေ့အခြေချသူများ လာရောက်နေထိုင်ကြကြောင်သိရပါတယ်၊ လာရောက်နေထိုင်ကြတဲ့ လူမျိုးစုအသီးသီးတို့ ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု့စီးဝင်မှု့ဟာ မော်လဒိုက် ဒေသခံများရဲ့ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု့၊ အနုပညာ နှင့် စိတ်နေစိတ်ထားတို့ကိုလွှမ်းမိုးလို့နေပါတယ်။

ဒေသခံတွေရဲ ရုပ်ရည်သွင်ပြင်ကတစ်ဦးနှင့်တစ်ဦးမတူညီကြပါဘူး၊ အာရှ ၊ အာဖရိက၊ အာရေဘီယန် မျက်နှာပုံ တွေ အမျိုးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ဘာသာစကားမျိုးစုံအောင်ပြော နေကြပေမယ့် တူညီတဲ့ အချက် ကတော့ သူတို့ဟာ ကျွန်းသူကျွန်းသား ဘ၀မှာပျော်နေကြပါတယ်။ ယုံကြည်ကိုးကွယ်မှု့ အမျိုးမျိုးနဲ့ အတူ နတ်ဘုရားယုံကြည့်မှု့အခုထက်ထိ ရှိနေပါသေးတယ်။

ယဉ်ကျေးမှု့ အမျိုးမျိုး ရောယှက်မှု့တွေကို မော်လဒိုက် ယဉ်ကျေးမှု့ မှာ အများကြီးတွေ့ရပြီး ရိုးရာ ဗုံကြီးတွေ၊ အာဖရိက ဒရမ် တွေနဲ့ တီးခတ် ကခုန် တတ်ကြပါတယ်။ လက်မှု့ ပစ္စည်များဖြစ်တဲ့ ချည်ထည် ရက်လုပ်ခြင်းအမျိုးမျိုး၊ လက်လုပ်ပစ္စည်း အမျိုးမျိုး တို့ကိုလည်းတွေ့ရပါတယ်။

သစ်သားနှင့်တည်ဆောက်ထားတဲ့ လှေကြီးတွေ၊  အရှေ့တောင်အာရှ လက်ရာ ဘုရားကျောင်းကြီး တွေ ကိုတွေ့ရပြီး၊ ထူးခြားတဲ့ လက်ဝတ်လက်စား ပုံဆန်း အမျိုးမျိုးတို့ ဟာ မော်လဒိုက်ကျွန်းယဉ်းကျေးမှု့ မှာ ရောယှက်နေပါတယ်။

မော်လဒိုက်ကျွန်ဟာ ပြင်ပယဉ်ကျေးမှု စီဝင်မှုများကို အလွယ်တကူ မွေးစား လက်ခံနိုင်တဲ့ အပြင် သူတို့ ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု့ ဟာ အမြဲလိုလို ပြောင်းလည်းနေလေ့ရှိပါတယ်။ အောင်မြင်တဲ့ ခရီးသွားလုပ်ငန်ကို ပိုင်ဆိုင်ထားပေမယ့် ဒေသခံအချို့ကတော့ ခုအချိန်ထိ ရေလုပ်ငန်းကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်နေပါတယ်။

မော်လဒိုက်ကျွန်းသူကျွန်းသားများသည် တစ်စုတစ်စည်းတည်းသော စည်လုံးညီညွတ်မှု့ကို လိုလားကြပေမယ့် ခေတ်သစ်ကမ္ဘာရဲ့ သက်ရောက်မှု့တွေက ဒေသခံ လူတွေရဲ့ အသွင်းအပြင်၊ ရိုးရာယဉ်ကျေးမှု့၊ ယုံကြည်မှု့တွေကို လွှမ်းမိုးနေမှာဖြစ်ပါတယ်၊

 

သဘာဝကိုချစ်မြတ်နိုးခြင်း၊ (Love Environment)

 

မော်လဒိုက် ကျွန်းနိုင်ငံ ရဲ့ သမ္မတကြီးကိုယ်တိုင် သူ့ရဲ အစိုးရအဖွဲ့ နဲ့ အတူ ပင်လယ်ရေအောက်ကို ငုပ်ပြပြီး မော်လဒိုက် နှင့်  သဘာဝပတ်ဝန်ကျင် လေးစားမှုကို ပြသခဲ့ပါတယ်။ တစ်ကယ်တမ်းလည်း မော်လဒိုက် ဟာ သူ့ရဲ့ သဘာဝပတ်ဝန်းကျင်ကိုသာအရမ်းကို မှိခို  အားကိုးပြီးနေနေ ရပါတယ်။

သဘာဝပတ်ဝန်းကျင်ကို မှီခိုအားကိုး နေရတဲ့ မော်လဒိုက်ကျွန်းရဲ့ အနာဂတ်တည်ရှိမှု့ ကို ထောင်ပေါင်းများစွားသော  ရေအောက် ကျောက်တန်း ကြီး ကကာကွယ်ပေးထားပါတယ်။ ကမ္ဘာကြီးရဲ့ အလှပဆုံး  အထင်ကရ နေရာတစ်ခု အဖြစ် ရပ်တည်နိုင်ဖို့  မော်လဒိုက်ဟာ သူ့ရဲ့ နိုင်ငံသား အားလုံး နှင့် လာရောက်လည်ပတ်သူတွေကို သဘာဝပတ်ဝန်ကျင် ကို အထူးအလေးပေးစေဖို့ တွန်းအားပေးလျှက်ရှိပါတယ်။

 

Maldives မှာ ဘာတွေ လုပ်ကြမလဲ?

 

ရေငုပ်မယ်(Diving)

မော်လဒိုက်ရဲ့ နွေးထွေးတဲ့ ပင်လယ်ပြင်ဟာ တစ်နှစ်ပတ်လုံး ရေအောက်ကို ထွင်းဖောက်မြင်နေရပါတယ်။ ရေအောက် ၁၅ မီတာ လောက်မှာ သွားလာနေတဲ့ ရေသတ္တ၀ါတွေ နှင့် သန္တာကျောက်တန် ၃၀၀၀ လောက်ကို ထင်ထင်ရှားရှားမြင် နေရပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ကြောင့်  ကမ္ဘာအပေါများဆုံး ရေငုပ် ဧရိယာများကို ပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။

ထောင်ပေါင်းများစွားသော ရေသတ္တ၀ါတွေ ဟာ မော်လဒိုရဲ့ ပင်လယ်ရေအောက်မှာ ရှင်သန်ရပ်တည်နေ ကြပါတယ်။ အိန္ဒိယ သမုဒ္ဒရာရဲ့ ပေါကြွယ်ဝတဲ့ သဘာဝ၊ အရင်းအမြစ်၊ အစားအစာ များဟာ မြောက်များစွားသော ရေသတ္တ၀ါများကို မော်လဒိုက်ကျွန်း အနီးသို့ ဆွဲးဆောင်လျက်ရှိပါတယ်။ သေးငယ်တဲ့ ပုစွန်လုံးကစပြီး ကြီးမားတဲ့ အရောင်စုံ ငမန်း ကြီးတွေအထိ စုံလင်လှတဲ့ ရေအောက်ကမ္ဘာထဲမှာ သင်ဘ၀တခုလုံးစာ ပြည်စုံ လုံလောက်သွားမယ့် ပျော်စရာ အတွေ့အကြုံတွေက စောင့်မျော်နေမှာပါတဲ့။

အကောင်းဆုံး တခုကတော့ မော်လဒိုက်မှာ ရေငုပ်မယ်ဆိုရင် အထူးကျွမ်းကျင်စရာမလိုပါဘူး။ အဆင့်အတန်းမြင့်မြင့် ရေငုပ်နိုင်ဖို့ အပန်းဖြေစခန်းတွေ နှင့် အပျော်စီးလှေတွေပေါ်မှာ အခြေခံ ကနေ အဆင့်မြင့် အထိ သင်ကြား ပြသပေးမှာပါ။ ကျွန်းကျင်တဲ့ နည်းပြတွေလည်းရှိတာမို့ စိုးရိမ်းပူပန်နေစရာမလိုပါဘူး။ အခြား ကမ်းခြေတွေလို သီသန့် ဘုတ်တွေ၊ လှေတွေဖြင့် ရေငုပ်ဧရိယာသို့ သွားနေစရာမလိုပဲ ကမ်းခြေမှ ရေနည်းနည်း လောက်ကူး သွားရင်ပဲ စိတ်ကျေနပ်စရာ ရေငုပ် ဧရိယာကို ရောက်မှာဖြစ်ပါတယ်။

ရေပေါ်ရေအောက် ကစားနည်းတွေနဲ့ ပျော်ကြမယ် (Water Sport)

ကုန်မြေထက် ပင်လယ်ပြင် ဧရိယာ က ပိုပေါးတဲ့ မော်လဒိုက်ဟာ ရေထဲးမှာပျော်မယ်ဆိုရင်တော့ တနေကုန် မရပ်မနား ပျော်စရာတွေချည့်ပါပဲ၊ စိတ်ပျော်အောင်ရေကူး ချင်သလား၊ Water polo လိုမျိုး ရေပေါ်အားကစားတွေ ကစားချင်လား၊ ပျော်ပွဲးစား ထွက်မလား၊ ဒါမှမဟုတ် ရေလွှာစီးမလား (Surfing)၊ ပျော်စရာတွေချည့်ပါပဲ။ အပန်းဖြေ ဟိုတယ်တိုင်းမှာလည်း ရေပေါ်အားကစား၊ ပျော်စရာ စင်တာတွေ ပိုင်ဆိုင် ထားပါတယ်။

စင်တာတိုင်းမှာလည်း ရေပေါ်အပျော် စီး ဘုတ်တွေ၊ ရေငုပ်ဝတ်စုံတွေ၊ ရေပေါ် ရှပ်ပြေးကစားနည်းတွေ အတွက် ပြင်ဆင်ထားရှိပါတယ်။ အတွေ့ အကြုံ နည်းသူတွေအတွက်လည်း ပေါ့ပေါ့ပါးပါး ကစားနည်းတွေလည်း စီစဉ်ထားပါတယ်။ ရေပေါ် ကစားနည်းတွေဖြစ်တဲ့ prasail, kayak, kite-surf, water-ski နှင့် jet-ski ကဲ့သို့ ကစားနည်းတွေကလည်း အစုံအလင်းပါပဲ။

ရေလွှာလျောစီမယ် (Surfing)

မော်လဒိုက် ဟာ ကမ္ဘာအနှံ့  ရေလွှာစီး သမားများအတွက် ဘူမနက်သန် နေရာအမှန်ပဲဖြစ်ပါတယ်။ ဇွန်လ နှင့် စက်တင်ဘာလကြားမှာ အနောက်တောင် ဘက်က ရေလှိုင်းများ ထန်လေ့ရှိပါတယ်။ သာမန်အားဖြင့် အမြင့် ၃ပေမှ ၈ ပေ အထိရှိတတ်ပြီး ပျော်စရာလည်းကောင်ပါတယ်။ မြို့တော် Male’ ရဲ့ မြောက်ဘက်နှင့် တောင်ဘက် က ရေလွှာစီး ကမ်းခြေတွေက နာမည်ကျော်ပါတယ်။ အကောင်ဆုံးရေလွှာစီး ဧရိယာတွေမို့ မော်လဒိုက်ရဲ ရေလှိုင်းများဟာ လာရောက်အပန်းဖြေသူ ခရီးသွားများရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်ပါတယ်။

အနီးအနား ကျွန်းတွေကို အလည်အပတ် (Islands Visit)
မော်လဒိုက်မှာ လည်မယ်ပတ်မယ်ဆိုရင်တော့ အကောင်ဆုံး ကတော့ အနီးအနားက ကျွန်များကို လည်ပတ်ခြင်းပါပဲ။ အချို့ ကျွန်းတွေက ရောင်စုံ ခေတ်မှီ အဆောက်အဦးတွေ၊ ဆိပ်ကမ်းတွေကို တွေ့ရပေမယ့်၊ အချို့ ကျွန်းတွေကတော့ တိတ်ဆိတ်တဲ့ တံငါရွာလေးတွေအဖြစ် သစ်သား အဆောက်အဦးများ နှင့် တည်ဆောက်ထားပါတယ်။
ကျွန်းရဲ့ ကမ်းခြေတလျောက်တည်ဆောက်ထားသော ရွာများကို အများဆုံးတွေ့ရပြီး သူတို့ ရဲ့  နေထိုင်မှု့အလိုက် ရေလုပ်ငန်း၊ စိုက်ပျိုးရေလုပ်ငန်းများ ဆောင်ရွက်ကြပြီး၊ အချို့ ကတော့ ခရီသွားလုပ်ငန်းမှားပါဝင်ဆောင်ရွက်နေသော ကြောင့် ရွာနဲ့ အဝေးမှာနေနေကြပါတယ်။
ရွာသူရွာသား များကတော့ နေ့တဓူဝ အလုပ်တွေလုပ်ရင်း၊ စကားတွေဖောင်ဖွဲ့ရင်း၊ ရေဒီယိုနားထောင်ခြင်းဖြင့် ရိုးရှင်းစွား သူတို့ရဲ့အချိန်တွေကို ကုန်ဆုံးကြပါတယ်။

06

ညဘက် အပျော် ငါးဖမ်းထွက်ကြမယ်၊ (Night Fishing)

ရေလုပ်ငန်း ဟာ မော်လဒိုက်ရဲ့ ပင်မအသက်သွေးကြောတစ်ခုပါပဲ၊  ငါဖမ်းကောင်းတဲ့နေ့များဆို ပွဲးတော် တောင်ကျင်းပလေ့ရှိပါတယ်။ ခုန်ကြကကြပါတယ်၊

ညဘက် အပျော် ငါးဖမ်းထွက်ခြင် ဟာ ခရီးသွားများ အတွက် ကိုယ်တိုင်ဖမ်းပြီး ကိုယ်တိုချက်ပြုတ်စား တဲ့ အတွေ့ အကြုံမျိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ ညပိုင် အပျော်တမ်း ငါးဖမ်းထွက်ရတာ လည်းပျော်စရာတခုပါပဲ။ နေမ၀င်ခင် အပျော်စီသဘောင်္လေးနဲ့ ထွက်ခွာပြီး ကျောက်ဆောင်ကောင်းကောင်းတနေရာမှာ ငါဖမ်းထွက်ကြပါတယ်၊ တစ်နာရီလောက် ရှာလိုက်ရ၈် အကင်ဗန် အပြည့် ရပါတယ်တဲ့၊

မပျက်စီသေးတဲ့ ကျွန်းများဆီသို့ (Virgin islands)

စားစရာပင်လယ်စာတွေ လုံလုံလောက်လောက် ဖမ်းပြီးပြီဆိုရင်တော့ ကျွန်လေး တစ်နေရာမှာ ညစာစားပွဲးလေကျင်းပဖို့ အချိန်တန်ပြီပေါ့၊ မော်လဒိုက် ရဲ့ ကျွန်းပေါင် ၁၀၀၀ ကျော်မှာ ရာဂဏန်သာ  လူနေထိုင်ပါတယ်။

ဒါဆိုရင် ကိုယ်ပိုင်အချိန်လေးကို၊ ကိုယ်ပိုင်နေရာလေးမှာ ဖန်တီးဖို့ ကျွန်းနေရာတွေက အပုံအပင်ပေါ့၊ လတ်လတ် ဆတ်ဆတ် ကိုယ်တိုင်ဖမ်းပင်လယ်စာ လေးတွေကို အရသာခံရင်း စစ်မှန်တဲ့ သဘာဝတရားကို အပြည့်အ၀ ခံစားနိုင်ပါတယ်၊ ကောင်ကင်ပေါ် မှာ တလက်လက်တောက်ပနေတဲ့ ကြယ်ဖြူလေးတွေရယ်၊ ပင်လယ် ဒီရေလှိုင်း အသံတွေ အပြင် အခြား ဘာတစ်ခုကမှ သင့်ကို အနှောက်အယှက်မပြုနိုင်ပါဘူးတဲ့။

ကျွန်းလေတွေဆီကို နေ့ခင်ဘက်လည်း အရောက်လည်ပတ်နိုင်ပါတယ်၊ တောက်ပတဲ့ ရေပြင်၊ ဖြူဖြူဖွေးဖွေး ကမ်းခြေ၊  မပျက်စီးသေးတဲ့ သဘာဝအလှ သင်တစ်ဦးတည်း အပိုင်ရသလို ခံစားရမှာဖြစ်ပါတယ်၊

Maldives မှာ ဟန်နီမွန်ဆိုရင်၊ (The Maldives Honeymoon)
ဟန်းနီးမွန်ဆိုတာဟာ အချစ်တစ်ခုကို ပေါင်းကူးဆက်သွယ်ခြင်း၊ ရင်းနှီကျွမ်းဝင်ခြင်း အတွက်  နှစ်ယောက်တည်းကမ္ဘာ တည်ဆောက်ခြင်း  တို့အပြင် အရေးအကြီးဆုံး ၊ အလှပဆုံး ဘ၀အတွက် ကြိုတင်  အပြင်အဆင်လေးလည်းဖြစ်ပါတယ်။ မော်လဒိုက်က ဒါတွေအားလုံးကို ပံ့ပိုးပေးနိုင်ပါတယ်၊ အာလပ်ရက်မှာ လာရောက်လည်ပတ်တဲ့ ချစ်သူစုံတွဲးတွေအတွက်လည်း မဆုံးနိုင်တဲ့ ပျော်ရွှင်မှု့တွေကို ပေးစွမ်းနိုင်ပါတယ်၊
လူသူမရှိတဲ့ ကျွန်းလေး ပေါ်က မှိတ်တုတ် မှိတ်တုတ် ကြယ်ရောင်အောက်မှာ ဖယောင်းတိုင်ရောင် လင်းလဲ့လဲ့ အနီး  ညစာစားပွဲလေးကို ကျင်းပနိုင်မှာပါ၊
ကိုယ့်ရဲ့ ကိုယ်ပိုင် ဘန်ဂလိုလေထဲးမှာ ချစ်သူနဲ့ အတူ လှပတဲ့ ပင်လယ်ရေပြင်ကိုလည်း ခံစားနိုင်ပါတယ်။ တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ် ရေကူးဦးမလား၊ ရေလွှာကစားနည်း အစုံအလင်လည်းခံစားနိုင်ပါတယ်၊ ညပိုင် ချစ်သူနှင့်အတူ ငါးဖမ်း ထွက်လည်းရသေးတယ်နော်၊
ညနေခင်း နေ၀င် အလှကိုခံစားရင် တစ်ဘ၀လုံးမေ့နိုင်တော့မှာ မဟုတ်တဲ့  အချိန်ခဏလေးကို ရယူနိုင်ပါတယ်၊ ဟန်နီမွန်ဆိုတာ တစ်ဘ၀မှာ တစ်ခါသာခံစားနိုင်တယ်ဆိုပေမယ့်၊ မော်လဒိုက် ကျွန်း ကို နောက်တခါ ပြန်ရောက်ခဲ့ရင် လည်း အရင်လို အချိန်တွေကို  ပြန်ခံစားရမှာပါတဲ့၊


အနားယူမယ် အပန်းဖြေမယ်၊ (Relax)

 

မော်လဒိုက်ဟာ ကမ္ဘာအမြဲစိမ်း ကျွန်များ မှာ တစ်ခု အပါအ၀င်ပါ၊ ခေတ်သစ်ကမ္ဘာ ရဲ့ အပန်းဖြေ အနားယူစရာ  အကောင်းဆုံး နေရာတစ်ခုလည်းဖြစ်ပါတယ်။ မော်လဒိုက်ဟာ ပေါကြွယ်ဝတဲ့ ပင်လယ်ပြင် အရင်းအမြစ်၊ သဘာဝကို  ပိုင်ဆိုင်ထားသော အန္ဒိယသမုဒ္ဒရာထဲက ကျွန်တစ်ကျွန်းလည်းဖြစ်ပါတယ်။

အပန်းဖြေစခန်း ကျွန်းပေါင်း ၁၀၀ ကျော်ရှိပြီး တခုချင်းစီမှာ ထူးခြားတဲ့ ၀ိသေသလက္ခဏကို ပိုင်ဆိုင်ထားပါတယ်။ အမျိုးမျိုး အစုံစုံသော နေထိုင်တည်းခိုစရာနေရာများအပြင် ဈေးနှုန်းသက်သာတဲ့ နေရာတွေလည်း ရွေးချယ်နိုင်ပါတယ်။

ဘယ်လိုပုံစံမျိုးဖြင့် မော်လဒိုက်ကို ရောက်လာသည်ဖြစ်ပါစေ၊ အလှပဆုံး သန္တာကျောက်တန်းတွေ၊ အမြဲစိမ်းသစ်တော နှင့် အသီးအနှံတွေ၊ နွေးထွေးတဲ့ ပင်လယ်ရေပြင်၊ အကောင်ဆုံး ၀န်ဆောင်မှု့တွေ က ကမ္ဘာအလှဆုံး ကမ်းခြေ တခု အဖြစ် စောင့်ကြိုနေမှာပါ၊ အတောက်ပ အကြည်လင်ဆုံး ပင်လယ်ပြင်နှင့် ဖြူဖြူဖွေးဖွေး သဲးသောင်ပြင်တွေကို ရောစပ်ပြီး ဘယ်တော့မှာ မပြီဆုံးတဲ့ နွေရာသီကို ပိုင်ဆိုင် ထားသော မော်လဒို လိုနေရာမျိုဟာ ကမ္ဘာမှာ လက်ချိုရေလို့ရပါတယ်။

ကျွန်းတစ်ကျွန်း မှာ အပန်းခြေဟိုတယ် တစ်လုံးသာရှိပြီး၊ မော်လဒိုက်ကျွန်းစုရဲ့ မှုဝါဒကိုက တစ်ကျွန်းနှင့် တစ်ကျွန်း  ဖိတ်ခေါ်မှု့မရှိပဲ ဘယ်သူမှ လာလို့မရတာမို့  လုံခြုံစိတ်ချမှု့ ရှိစွာဖြင့်  အပန်းဖြေနိုင်ဖို့ လုံဝ သေချာပါတယ်၊ ဒါကြောင့် ရောက်လာတဲ့ ဧည့်သည်တိုင်း က ပြီးပြည့်စုံတဲ့ အိမ်မက်တခုပါတဲ့၊

ပင်လယ်ပြင်ပေါ် မှာလေယာဉ်စီးကြစို့၊ (Seaplane)

 

ပင်လယ်ပြင်မှာ လေယာဉ်ပျံစီး မယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ကိုခံစားရင်း ဓာတ်ပုံရိုက်မှတ်တမ်း တင်နိုင်ပါတယ်။ ပင်လယ်ပြင် ဝေဟင် အတွေ့အကြုံကို ခံစားချင်တယ်ဆိုရင် တော့ DHC 6 Twin Otter နှစ်ယောက်စီ ပင်လယ်ပြင် လေယာဉ်လေးနဲ့ပျံသန်းနိုင်ပါတယ်။

မမေ့နိုင်မယ့် အလှအပမြင်ကွင်းတွေကို ခံစားနိုင်ဖို့ အာမခံပါတယ်တဲ့၊ လှပတဲ့ ပင်လယ်ရေပြင် သဘာဝကျွန်းတွေ နှင့် အပန်းဖြေစခန်းတွေကို ဖြတ်သန်းပျံသန်မှာမို့ ကမ္ဘာကျော်  ဓာတ်ပုံဆရာတွေတောင် လာရောက်ပျံသန်းလေ့ရှိပါတယ်။

 

ဘယ်မှနေမှာလဲ၊ (Accommodation)

ကမ်းခြေ အပန်းဖြေဟိုတယ်များ၊ (Beach Resorts)

မော်လဒိုက် အပန်းဖြေဟိုတယ်များဟာ အာလပ်ရက်အတွက် ကမ္ဘာအကောင်ဆုံး အပန်းဖြေစခန်းတွေပဲဖြစ်ပါတယ်။ ကျွန်းတစ်ကျွန်း မှာ အပန်းခြေဟိုတယ် တစ်လုံးသာရှိပြီး၊့် အားလုံးသော အပန်းဖြေဟိုတယ်များ ရဲ့ ၀န်ဆောင်မှု့ကို အာမခံပါတယ်တဲ့၊

 

မြို့ပေါ်ဟိုတယ်များ၊ (City Hotels)

မော်လဒိုက်ရဲ့အစည်ကားဆုံး  မြို့တော်ဖြစ်တဲ့ မေး  Male’  မှာဆိုရင်လည်း  ဈေးသက်သာတဲ့ အကောင်းဆုံး ဟိုတယ်တွေ့ ရှိပါတယ်။

12

 

အပျော်စီးသင်္ဘောလေးတွေ၊ (Safari vessels)

ခေတ်မှီအပေါ်စီးသင်္ဘောလေတွေပေါ်မှာလည်း နေနိုင်ပါတယ်၊ ပြီးပြည့်စုံသော ၀န်ဆောင်မှု့များပါဝင်တဲ့ ရေယာဉ်တွေပဲဖြစ်ပါတယ်။

ဧည့်ရိပ်သာများ

မြို့တော် မေး Male’ မှာဆိုရင်လည်း စရိပ်ချွေတာချင်တဲ့ ဧည့်သည်တော်များအတွက် အဆင့်ရှိရှိ ဧည့်ရိပ်သာတွေ ရှိပါတယ်၊

 

 

မော်လဒိုက်ကို ဘယ်လိုသွားကြမလဲ၊ (Getting there)

မြို့တော် Male’ ရဲ့ အပြည်ပြည် ဆိုင်ရာလေဆိပ်ကို မြန်မာနိုင်ငံမှ ဆိုရင်တော့ Singapore Airlines, Srilankan Airlines နှင့် ပျံသန်းခြင်းဟာ  အကောင်းဆုံးပါပဲတဲ့၊ စင်ကာပူ Transit ၊ ဒါမှမဟုတ် Kuala Lumpur, Malaysia Transit  ဖြင့်သွားရမှာဖြစ်ပါတယ်။ လေကြောင်လိုင်းတွေ က အမြဲတမ်း မရှိပါဘူး၊ ခရီးသွားများတဲ့ ရာသီ ရောက်မှသာ ပျံသန်းကြခြင်းဖြစ်ပါတယ်။

လေယာဉ်ကွင်းကလည်း ကျွန်းပေါ်မှာတည်ရှိပြီး  Hulhule’ အပြည်ပြည် ဆိုင်ရာလေဆိပ်ဟာ မြို့တော် Male’ နှင့် ၁၅ မိနစ်ခန့် ဖယ်ရီဘုတ်စီသွားရပါတယ်၊ လေဆိပ် က သေးငယ်ပေမယ့် ၀န်ဆောင်မှု့ တွေကတော့ စုံလင်ပါတယ်၊ လက်ဆောင်ပစ္စည်းဆိုင်တွေ၊ duty-free shops တွေ၊ စားသောက်ဆိုင်တွေနဲ့ ဆေးခန်းတွေအပြင် ဘဏ်တွေ၊ စာတိုက်တွေ လည်းရှိပါတယ်။ လေဆိပ်ကျွန်းပေါ်မှာလည်း ကြယ် ၅ပွင့် ဟိုတယ်တစ်လုံးရှိပါတယ်။

ဘာတွေပြင်ဆင်သွားရမလဲ၊ (What to pack)

မော်လဒိုက်သွားမယ်လို့ စဉ်းစားပြီးပြီးဆိုရင်တော့ အရောင် တောက်တောက် နွေရာသီ ၀တ်စုံလေးများကို ပြင်ဆင်ထားလိုက်ပါ၊ တောက်ပတဲ့နေရောင်အောက်က နွေးထွေးတဲ့ အပူချိန် ကြောင့် ပေါ့ပေါ့ပါးပါးလေးဖြစ်ဖို့ လိုတာပေါ့။ T-shirts ၊ ချည်ထည်အ၀တ်အစားလေးတွေ၊ စကပ်နှင့် ဘောင်ဘီအတိုတွေလည်း ၀တ်လို့ရပါတယ်၊ ကမ်းခြေစီ စလစ်ပါဖိနပ် အပါးလေးတွေလည်း ယူလားခဲ့ရပါမယ်၊

ပုံစံကျတဲ့ ပွဲတက် ၀တ်စုံလေးတွေ၊ Smart ကျကျ အ၀တ်အစား လေးတွေကို လည်း ယူလာခဲ့ဖို့လိုပါတယ်၊ အချို့ စားသောက်ဆိုင်တွေမှာ က ညစာအတွက်ဆို ကောင်ကောင်း မွန်မွန်လေး ၀တ်စား ထားဖို့လိုပါတယ်၊

နေလောင်ခံ ခရင်၊ ပိုကောင်ကာကွယ်ဆေး နဲ့ ဦထုပ် လည်းလိုပါတယ်။ အပန်းဖြေ စခန်းကိုရောက်မှ လိုအပ် တာလေး တွေကို ၀ယ်လည်းရပါတယ်၊

ပြည်ဝင်ခွင့် နှင့် ဗီဇာ (Tourist Visa)

တိုရစ်ဆိုက်ရောက် ဗီဇာ ကို ရက် ၃၀ အထိခွင့်ပြုပေးပြီး၊ စာရွက်စာတန်း အထောက်အထား စုံလင်ဖို့ လိုပါတယ်၊ စိတ်ပါဝင်စားတဲ့ ခရီးသွားများကို  Oway Travels & Tours မှ ၀န်ဆောင်မှု့ပေးနေပါတယ်၊

မြို့တော် Male’ (The Captial)

မြို့တော် Male’ ဟာ ရှေးဟောင်ကမ်းခြေ တစ်ခုဖြစ်ပြိး၊ သမိုင်းဝင်နယ်မြေတွေ၊ မြင့်မားတဲ့ ရောင်စုံ အထပ်မြင့် အဆောက်အအုံကြီးတွေ၊ ပိုင်ဆိုင်ထားပါတယ်၊ လူဦးရေအထူထပ်ဆုံးနေရာဖြစ်ပြီး၊ မော်လဒိုက်ကျွန်းစု တစ်ခုလုံကို စီမံခန့်ခွဲနေပါတယ်၊ ကမ္ဘာ့တန်းဝင် မြို့တော်ဖြစ်တဲ့အတွက် ခေတ်မှီ အခြေခံ အဆောက်အဦးများ ပြည့်စုံပါတယ်။

The Hukuru Miskiyy လို့ ခေါ်တဲ့ ဘုရားကျောင်းဟာ ၁၆၅၆ ခုနှစ်က သန္တကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အခြားစိတ်ဝင်စားစရာ ကောင်တဲ့ တခု ကတော့ လူနေ အိမ်တွေကို အမည်ပေးထားခြင်းဖြစ်ပါတယ်။ ကျွန်ရဲ့ အစဉ်အလာ ရိုးရာ ယဉ်ကျေးမှု့ အားဖြင့် ပေးထားခြင်းဖြစ်ပါတယ်၊ အမည်တွေက ဘယ်တော့မှ မမေ့ပါနဲ့၊ ပျော်စရာအိမ်လေး စသည်ဖြင့်ပေးထားလေ့ရှိပါတယ်၊  မြို့တော် အတွင်းမှာ လမ်းလျှောက်ပြီး လေ့လာရတာက လည်း ပျော်စရာတစ်ခုပါပဲ၊
မြို့တော်ရဲ့ ရေလွှာလျောစီး ဧရိယာ ဖြစ်တဲ့ Raalhugandu နှင့် လူလုပ်ကမ်းခြေတို့ဟာ အရှေ့တောင်အရပ် မှာ တည်ရှိပါတယ်။ ဒီဧရိယာတွေမှာဆိုရင် ညနေစောင်း နဲ့ ညဘက်တွေမှာ မြို့ထဲး မှ လေညှင်းခံတဲ့သူတွေ များတာမို့ အလွန်ကိုစည်ကားပါတယ်၊ ရေလွှာလျောစီး ဧရိယာ မှာဆိုရင်လည်း သူတို့တွေ အတွက်သီသန့် တည်းခိုရာနေရာတွေ ရှိပါတယ်။ ကျွမ်းကျင်တဲ့ နည်ပြတွေလည်းရှိတာမို့ ကိုယ်တိုင် ရေလွှာလျောစီးချင်လို့ပဲဖြစ်ဖြစ်၊ သွားရောက်လေ့လားချင်ရင်ပဲဖြစ်ဖြစ် ပျော်စရာကောင်းပါတယ်။

စူပါမားကပ်တွေ၊ လက်ဝတ်ရတနာဆိုင်တွေ၊ စာအုပ်ဆိုင်တွေ၊ ဖက်ရှင်ပစ္စည် အမျိုးမျိုးအရောင်ဆိုင်တွေလည်း ရှိလို့ ဈေးဝယ်ထွက်မယ်ဆိုလည်း အဆင်ပြေပါတယ်။ နာမည်ကျော် စိုက်ပျိုးထွက်ကုန်ပစ္စည်းများ ရောင်းချသော ဈေးနှင့် ရေထွက်ပစ္စည်းရောင်းချသော ဈေးလည်းရှိပါတယ်၊

မြို့တော်ရှိ စားသောက်ဆိုင် အများစုက မနက်စောစော ပိုင်းမှာ ည ၁နာ၇ီအထိဖွင့်ပါတယ်၊ ထိုင်း၊အီတလီ၊ အိန္ဒိယ နှင့် အခြား နိုင်ငံတကာအစားအသောက်များ၊ ဒေသထွက် ရိုးရား အစားအသောက်များ ရနိုင်ပါတယ်။ လေအေးပေးစက်နှင့်ဆိုင်များရှိသကဲ့သို့ အပြင်ဘက် လဟာပြင်မှာ ဖွင့်ထားတဲ့ ဆိုင်များလည်းရှိပါတယ်၊ ဒါပေမယ် မော်လဒိုက်ရဲ့ အရသာ အစစ်အမှန် ကတော့ ပင်လယ်လှိုင်း သံကို ခံစားရင်း ကမ်းခြေမှာ ညစားစားခြင်းပဲဖြစ်ပါတယ်တဲ့၊

 

မော်လဒိုက်သို့ အလည်းအပတ်ခရီးစဉ်၊ (Trip to the Maldives)

လက်ရှိ အချိန်မှာတော့၊ မော်လဒိုက်ကျွန်းစု (the Maldives) သို့ မြန်မာနိုင်ငံ မှ ခရီးသွား အုပ်စုဖြင့် သွားရောက်ခြင်း နည်းပါနေသေးပြီး Oway မှ သီးသန့် Private Tours များသာ စီစဉ်ပေးရလေ့ရှိပါတယ်၊ မော်လဒိုက်က ဟိုတယ်များ ဟာ USD 100 အောက် ဈေးနှုန်းများ ရှိသလို၊ ပြိုင်စံရှား ဈေးမြင့်တဲ့ ကြယ် ၅ ပွင့် အဆင့် USD 3000 ကျော်အထိ အမျိုးမျိုးရှိပါတယ်၊ ကုန်းတွင်းပိုင်း ဟိုတယ်များကတော့ ဈေးအလွန်သက်သာပါတယ်။

ခရီးသွားများရဲ့ စိတ်တိုင်း ကျ ဟိုတယ်အမျိုးအစား ရွေးချယ်မှု့၊ သွားမယ့်နေ့ရက်၊ ပျော်ချင်တဲ့ အစီအစဉ်ပေါ်မှုတည်ပြီး တစ်ရက်ကို USD 200 ကျော် ကနေ့ စပြီးအမျိုးမျိုး ကျသင့်နိုင်ပါတယ်။ လေယာဉ်လက်မှတ်ခကတော့ အနည်းဆုံး  USD 800 ပတ်ဝန်ကျင် လောက်သင့်နိုင်ပါတယ်။ ဈေးတွေက တော့ အချိန် ကာလပေါ်မူတည်ပြီး အပြောင်းအလဲရှိတတ်ပါတယ်၊ ရက်အတိအကျသာ သိရမယ်ဆိုရင် ဈေးနှုန်း အတိအကျ တင်ပြပေးနိုင်ပါတယ်။

08

Oway ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ လူကြီးမင်တို့ရဲ့ခရီးစဉ်များကို package လိုက်ဝယ်ယူနိုင်သလို၊ ဟိုတယ်သီးသန့်၊ လေယဉ်လက်မှတ်သီးသန့် ၀ယ်ယူလို့သူများကို လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ ခရီးစဉ်အတွက်လိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းစုံစမ်းတိုင်ပင်နိုင်ပါတယ်။ Oway facebook page မှာလဲ

ခရီးသွားသတင်းတွေ နဲ့ အထူးလျော့ဈေး များကိုအချိန်နဲ့ တပြေးညီဖော်ပြပေးမှာ ဖြစ်လို့ Like လုပ်ထားနိုင်ပါတယ်။

လုံခြုံစိတ်ချရသောခရီးတစ်ကို စတင်နိုင်ဖို့ OWAY Travel Services  Ph- 094504506 01 ~ 02  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Save

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s