ဂန္တဝင်တေးသွားသမိုင်းတွေ မွေးဖွားတည်ရှိရာ ၊ မိုးဇက်ရဲ့မွေးရပ်မြေ အဇိုက်ဘို့(ဇ်) မြို့တော်

နွေဦးရာသီမှာ ခရီးသွားပရိတ်တွေအတွက် ယူရုတ်မြေကိုခြေဆန့်ဖို့ စိတ်ကူးတွေဖန်တီးပေးချင်ပါတယ် ။

ဒီတစ်ခါ အော်စရီးယား နိုင်ငံ အဇိုက်ဘို့(ဇ်) မြို့တော်အကြောင်း နဲ့ အဇိုက်ဘို့(ဇ်) ကိုဘာကြောင့် လည်ပတ်သင့်တယ်ဆိုတာကို ဝေမျှပေးချင်ပါတယ်။

Stadtpanorama im Winter
Blick vom Mönchsberg auf die Festung.

အဇိုက်ဘို့(ဇ်) ရဲ့ နောက်ခံကျောရိုးဟာ ဂန္တဝင်ဆန်ဆန် ဂီတအငွေ့အသက်တွေနဲ့ ဂုဏ်ယူဝင့် ကြွှားစွာတည်ရှိနေခဲ့တာပါ။ ဒီနောက်ခံကျောရိုးကို အခြေတည်ခဲ့သူကတော့ ကမ္ဘာကျော်ဂန္တဝင်ဂီတပညာရှင်

ဘော့ဂန် အမားဒီးယက်(စ်) မိုးဇက်ပါပဲ။ဘာလို့လဲဆိုတော့ အဇိုက်ဘို့(ဇ်) မြို့ဟာဂီတပညာရှင် မိုးဇက်ရဲ့ မွေရပ်မြေဖြစ်လို့ပါပဲ ။

 

အရင်ဆုံး အဇိုက်ဘို့(ဇ်) မြို့တော် အကြောင်းကစလိုက်ချင်ပါတယ်အဇိုက်ဘို့(ဇ်) မြို့တော်ဟာ အော်စရီးယား နိုင်ငံရဲ့ အကြီးဆုံးမြို့ (၄)မြို့မှာပါဝင်ပါတယ်။အစိမ်းရောင်တောင်တန်းတွေရယ် ၊ ကဗျာဆန်ဆန်

ဥယျာဉ်ပန်းခြံတွေက ခရီးသွားချစ်သူတွေကို ဆွဲဆောင်နေပါတယ်။ ကမ္ဘာကျော်ပြတိုက်တွေလဲ ဒီမြို့လေးမှာ ရှိပါသေးတယ်။ တစ်ကယ်လို့ သင်သာဂီတကို ချစ်မြတ်နိုးတန်ဘိုးထားသူ တစ်ဦးဖြစ်တယ်ဆိုရင်  ဒဏ္ဍာရီဆန်သော ဂီတတွေကို ချီးကျူးဂုဏ်ပြုဖို့ အတွက်ဒီမြို့လေးကို မဖြစ်မနေသွားသင့်ပါတယ်။ ဒီလို ဂီတရာဇ၀င်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြနိုင်တဲ့ သဘောကောင်းတဲ့ တိုးဂိုက်တွေကလဲ အသင့်ရှိနေပါတယ်။ ဒါမှလည်း ဒီမြို့ရဲ့ ဂီတရာဇ၀င်တွေကို တိတိကျကျစုံစုံလင်လင် သိနိုင်မှာပါ။ ဗာဗာရီယမ် (တောင်ပိုင်း ဂျာမနီလူမျိုး) လူမျိုးအများစုနေထိုင်တဲ့ မြို့ဖြစ်ပြီး သူတို့ရဲ့ လှိုက်လှဲပျူငှာ ရင်းနှီးသော အပြုံးတွေနဲ့ သင်ပျော်ရွှင်လိမ့်မယ်လို့ အာမခံနိုင်ပါတယ်။ ဂျာမန် ရိုးယာ ယမကာ နဲ့ အစားအစာတွေကလည်း အဖိုးနည်းနည်း နဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါတယ် ။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးဟာ ပန်းချီဆန်သော သဘာဝတောင်တန်းတွေကို ကြည့်ရှုခံစားရင်း ပျော်စရာခရီးသွားနေ့တွေကို ဖန်တီးလို့ရပါတယ်။အခုဆိုရင် အဇိုက်ဘို့(ဇ်) မြို့မှာ ငွေရယ်၊ အချိန်ရယ် ကိုဘယ်လို  အကျိုးရှိရှိ သက်သက်သာသာ သုံးလို့ရမယ်ဆိုတာကိုဖော်ပြပေးပါ့မယ် ။

5260332-Gardens_of_Mirabell_Palace-_Salzburg-0

အဇိုက်ဘို့(ဇ်) မြို့မှာ ငွေကိုဘယ်လိုသက်သာအောင်သုံးမလဲ ?

 

အဇိုက်ဘို့(ဇ်) ကဒ် (Salzburg Card ) ကိုသုံးလို့ရတယ်။ ဒီကဒ်ကဘာတွေသုံးလို့ရမှာလဲ? အဇိုက်ဘို့(ဇ်) မြို့မှာရှိတဲ့ နာမည်ကြီးတဲ့နေရာတော်တော်များများကိုအခမဲ့ဝင်ရောက်နိုင်ပြီး အများပြည်သူသုံး ပို့ဆောင်ရေးအားလုံးမှာ အခမဲ့သွားလာခွင့်ရှိမှာပါ ။ပြီးတော့ အချို့သော အပျော်လေ့လာရေးခရီးစဉ်တွေအတွက် လျော့ဈေးတွေကိုလဲခံစားနိုင်ပါသေးတယ် ။ဒီကဒ်နဲ့ပဲ မြို့ထဲမှာလွတ်လွတ်လပ်လပ် လည်ပတ်နိုင်တဲ့ စက်ဘီး၊ ဆိုင်ကယ်တွေကို လဲငှားနိုင်ပါတယ် ။ တစ်ခုကတော့ ဒီအစီအစဉ်တွေကို မိမိဝယ်ယူထားတဲ့အချိန်အတိုင်းအတာ မကုန်ဆုံးမီ အထိ အသုံးပြုခွင့်ရမှာပါ ( ဥပမာ – (၂၄)နာရီစာ , (၄၈)နာရီစာ နဲ့ (၇၂)နာရီ ဆိုပြီးတော့ပေါ့)။ အဇိုက်ဘို့(ဇ်) ကဒ်ကို ဟိုတယ်တွေနဲ့ ခရီးသွားဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ် ။

 

နောက်တစ်ခုကတော့ သင့်ရဲ့ရွေးချယ်မှုပါ ။အကယ်၍သင်က ခရီးသွားအဖွဲ့နဲ့လည်ပတ်မယ်ဆိုရင်တော့ အဲဒီအစီအစဉ်တွေမှာ အဇိုက်ဘို့(ဇ်) မြို့ကို ဘက်(စ်)ကားနဲ့ လည်ပတ်နိုင်ပြီး ၊မြို့မှာရှိတဲ့ နာမည်ကြီးပြီး သင့်ကိုစွဲဆောင်နိုင်မဲ့ နေရာတော်တော်များများကို အခမဲ့ဝင်ရောက်နိုင်တဲ့ အစီအစဉ်တွေပါဝင်ပြီးသားပါ။

အစားအသောက်နဲ့ကုန်ပစ္စည်းဈေးနှုန်းတွေကတော့မြို့လည်မှာဈေးအနည်းငယ်ကြီးပါတယ်။မြို့ဟောင်းမှာ

ဆိုရင်တော့ ဈေးနှုန်းသက်သက်သာသာ နဲ့ အစားအသောက်နဲ့ကုန်ပစ္စည်းတွေကိုရရှိနိုင်ပါတယ် ။

Stadtpanorama im Winter
Blick vom Kapuzinerberg auf die Festung.

 

အဇိုက်ဘို့(ဇ်) မြို့ကိုသွားရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်

အဇိုက်ဘို့(ဇ်)မြို့ကို လည်ပတ်ရန်အကောင်းဆုံးအချိန်တွေကတော့ စတင်ဘာလ နဲ့ နိုဝင်ဘာလတွေပါပဲ။

နွေရာသီမှာဆိုရင်တော့ မက်မန်းဥယျာဉ်တွေရဲ့ အလှအပတွေကို ရှုစားရင်း အပူဒဏ်နည်းတဲ့အတွက် နေလို့ထိုင်လို့ကောင်းရုံပါပဲ ။မတ်လ နဲ့ ဧပရယ်လတွေက အနည်းငယ်အေးစိမ့်စိမ့်ရှိနေမှာဆိုတော့ အဇိုက်ဘို့(ဇ်)မြို့ရဲ့တောင်တန်းအလှတွေကိုမိုးမြင့်ထက်ကနေ မိုးပျံပူပေါင်းစီးရင်း ခံစားနိုင်တဲ့ အချိန်ကောင်းပါတဲ့။

ဆောင်းရာသီမှာဆိုရင်တော့ မခံမရပ်နိုင်အောင်အေးမှာတော့ မဟုတ်ပါဘူး။ သင်ကလှုပ်လှုပ်ရှားရှားနဲ့ အနီးနားဝန်းကျင်က ပန်းခြံတွေဆီကိုခပ်သွတ်သွတ် လမ်းလျှောက်သွားလို့ကောင်းတဲ့အချိန်လေးပေါ့။ ပြီးတော့

မြင်တွေ့ရမဲ့ တောင်တန်းဝန်းကျင်တစ်ခုလုံးမှာ နှင်းဖြူဖြူတွေ ဖုံးလွှမ်းနေတာကိုမြင်ရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်အပြင်ထွက်ရင် နှင်းကာရန် ထီးလှလှလေးတစ်ချောင်းဆောင်ထားရမဲ့ ကဗျာဆန်တဲ့ ရာသီလေးဖြစ်ပါတယ်။

ဒီဇင်ဘာလ ကနေ ဖေဖော်ဝါရီလ ကြားထဲမှာ လာရောက်လည်ပတ်သူနည်းတဲ့ကာလဖြစ်ပါတယ် ။ ကောင်းတဲ့အချက်တစ်ခုကတော့ အဲဒီအချိန်ဆိုရင်ဟိုတယ်ဈေးနှုန်းတွေက သက်သာတာကိုတွေ့ရမှာပါ။

ဇန်န၀ါရီလ မှာဆိုရင်တော့ ကမ္ဘာကျော်ဂန္တဝင်ဂီတပညာရှင် မိုးဇက်ရဲ့ ရသတ္တပတ်ပွဲတော်ရှိပါတယ်။

 

အဇိုက်ဘို့(ဇ်) မြို့ရဲ့ မသွားမဖြစ်သွားသင့်တဲ့ (၇)နေရာ

 

(၁) အဇိုက်ဘို့(ဇ်)မြို့ဟောင်း (Salzburg Old Town Altstadt)

 

THEMENBILD: STADT SALZBURG/GETREIDEGASSE

 

အဇိုက်ဘို့(ဇ်)မြို့ဟောင်း မှာတော့ အဆွဲဆောင်မှုအရှိဆုံးနေရာတွေစုစည်းနေပါတယ် ။မိုးဇက် ကိုဒီမြို့ဟောင်းလေးမျာမွေးဖွားခဲ့တာပါ။ မြို့ဟောင်းရဲ့သမိုင်းတွေကိုလေ့လာနိုင်မဲ့ အဇိုက်ဘို့(ဇ်)ပြတိုက်ဟာလဲ ဒီမြို့ဟောင်းမှာပဲတည်ရှိနေတာပါ။ ဒီနေရာအတော်တော်များများဟာ ပြေးလွှားလှုပ်ရှားနေတဲ့ လူထုကြီးနဲ့ လိုက်ဖက်တဲ့ လမ်းကျဉ်းကျဉ်းလေးတွေနဲ့ မြို့ဟောင်းတစ်ခုရဲ့ အသွင်အပြင်ဟာသင်အတွက် ဆန်းသစ်တဲ့ အထိအတွေ့တွေပေးနိုင်မယ်လို့ အာမခံပါတယ်။ Florian Fountain လမ်းမှာဆိုရင်လဲ (၁၃)ရာစုက ဈေးဆိုင်တွေ၊ အဆောက်အဦးဒီဇိုင်းအပြင်အဆင်တွေအတိုင်းတည်ရှိနေဆဲပါပဲ။လာရောက်လည်ပတ်သူတွေကိုဆွဲဆောင်ထားတာကတော့ (၅) ရာစုလောက်ကနေ စုဆောင်းထားတဲ့ အပြင်အဆင်နဲ့ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေပါ။ဒီနေရာကိုလည်ပတ်ဖို့ အတွက်ဆိုရင် နေ့ဝတ် သို့မဟုတ် (၁)ရက်လောက်ပေးရင်ရပါတယ်။

 

(၂) အဇိုက်ဘို့(ဇ်) ဘုရားရှိခိုးကျောင်း (Salzburg Cathedral)

  Salzburg Cathedral

အဇိုက်ဘို့(ဇ်)မြို့ရောက်ရင်သွားကို သွားရမဲ့နေရာက အဇိုက်ဘို့(ဇ်)ဘုရားရှိခိုးကျောင်းပါ။ ဒီဘုရားကျောင်းဟာ

မြို့တော်ရဲ့ ဘာသာရေး၊ စီးပွားရေး ကြီးကျယ်ချမ်းသာမှုတွေကို ဖော်ပြနေတဲ့နေရာဌာနတစ်ခုဖြစ်ပါတယ်။

မြင့်မားခံ့ညားတဲ့ အဆောက်အဦးဒီဇိုင်းနဲ့ အမိုးခုံးခုံးတွေက လာရောက်လည်ပတ်သူတွေ ဖမ်းစားထားပါတယ်။

ဘုရားကျောင်းအတွင်းထဲမှာလဲ သဘာဝအလင်းရောင်ရရှိနေပြီး အဆင့်ဆင့်နဲ့ ခမ်းနားတဲ့ အပြင်အဆင်တွေက

ခရစ်ယာန်သာသနာ့ အဆောက်အအုံရဲ့ ဂုဏ်နဲ့သာလွန်ကိုက်ညီနေပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ဒီဘုရားကျောင်းရဲ့ အမိုးကို ဗုံးထိမှန်ထားခဲ့ပြီး ယခုအခါမှာ ပြည်သူလူထုနဲ့ ခရီးသွားတွေလာရောက်လေ့လာနိုင်ရန် ပြန်လည်ပြုပြင်ပြီးဖွင်လှစ်ထားခဲ့ပါတယ်။ ဒီဘုရားကျောင်းမှာပဲ မိုးဇက်ကိုရေနှစ်ခြင်းမင်္ဂလာပြုပေးခဲ့တာဖြစ်ပြီး

မိုးဇက် ရဲ့ဖျော်ဖြေမှုများစွာကိုလဲ ပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီနေရာကိုလည်ပတ်ဖို့ အတွက်ဆိုရင် (၂)နာရီလောက်ပဲပေးရမှာပါ ။ ပုံမှန်တနလာင်္နေ့ ကနေ စနေနေ့ အတွင်း မနက်(၈)နာရီကနေ ညနေ(၅)နာရီ အတိ

ဖွင့်ထားပြီး တစ်ခါတစ်ရံ အထိမ်းအမှတ်ညစာစားပွဲ ကျင်းပမယ့်နေ့တွေမှာဆိုရင်တော့ လည်ပတ်လို့မရနိုင်ပါဘူး။

ဝင်ကြေးကတော့ အခမဲ့ပါ။

 

(၃) Mirabell  ဥယျာဉ်များ (Mirabell Gardens)

 

Mirabell Garden 

ဒါဟာကောင်းကင်ဘုံကနေရာ တစ်ခုဖြစ်မှာပါ Salzach မြစ်ဘေးတစ်လျှောက်က သဘာဝအလှတရားတွေကိုခံစားနိုင်ပြီး ရိုးရှင်းသောမပြင်အဆင်နဲ့ ရေပန်းတွေရယ်  အပင်ပုလေးတွေကို အဆင့်ဆင့်အလှဆင်ထားတဲ့ ဥယျာဉ်ထဲမှာ အပန်းဖြေဖို့ရွေးချယ်ရမဲ့နေရာတစ်ခုပါ။ လာရောက်လည်ပတ်သူတွေဟာ

ညနေခင်းလေပြေလေညင်းနဲ့အတူ ကို့ရို့ကားရာနိုင်သော ကျောက်ဆစ်ရုပ်ကြီးတွေနဲ့ ဓါတ်ပုံရိုက်ရတာကိုနှစ်သက်ကြပါတယ်။ တွေးတောတက်သူတွေအတွက်ဆိုရင်တော့ ရှုခင်းတွေကိုငေးမောရင်းသောက်စရာတစ်ခုခုနဲ့ ညိမ့်နေမှာသေချာပါတယ်။ မနက်(၆)နာရီကနေ ညနေမမှောင်ခင်အထိ အခမဲ့ဖွင့်လှစ်ပေးထားပါတယ်။

 

 

(၄) Hohensalzburg  ခံတပ် (Hohensalzburg Fortress)

 

hohensalzburg_castle_salzburg_austria_wallpaper_2-normal

စိတ်နှလုံးကိုလွှမ်းမိုးသွားနိုင်လောက်သော (၂၀)ရာစုနှစ်ရဲ့ ခံတပ်တစ်ခုကို အံ့မခန်းမြင်တွေ့ရမှာပါ။(၂၀)ရာစု

အလယ်တည်းက ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားခဲ့တဲ့ နေရာတစ်ခုပါ။ ၁၀၇၇ ခုနှစ်ကတည်းက Pope Gregor VII နဲ့ Emperor Henry IV တို့ သဘောထားကွဲလွဲခဲ့ရာမှ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီခံတပ်ကိုလေ့လာခြင်းဖြင့် စစ်တပ်ရဲ့ကြီးကျယ်ခန်းနားမှုတွေ၊ အကျဉ်းထောင်တွေ၊ စစ်စခန်းတွေ ၊ ခိုင်ခန့်တဲ့ တံတိုင်းတွေကို မြင်တွေ့ရမှာပါ။သင်သွားရောက်လည်ပတ်တဲ့အချိန်မှာ ဂျာမန်စစ်တပ်ရဲ့ ဥပဒေတွေ၊ သဘောသဘာဝတွေကိုပြတိုက်တစ်ခုသဖွယ် မြိုင်မြိုင်ဆိုင်ဆိုင်လေ့လာလို့ရမှာပါ။ ခံတပ်ရဲ့ အတွင်းဒီဇိုင်းတွေကိုမြင်တွေ့ရမယ်ဆိုရင်(၁၂) ရာစုရဲ့ အိုဟောင်းပြီး ဂေါ့သစ်ဆန်သော သစ်သားတံခါးဘောင်တွေ၊ အသေးစိတ်ဆန်သော လက်မှုအနေုပညာတွေဟာ သင့်ကိုအံ့မခန်းဖြစ်စေမယ့်အရာတွေပါပဲ။ ခံတပ်ရဲ့ အမြင်ဆုံးနေရာကနေ သင်ဓါတ်ပုံရိုက်မယ်ဆိုရင်တော့ အဇိုက်ဘို့(ဇ်)မြို့တစ်ခုလုံးကို ပါဝင်အောင်ရိုက်နိုင်ပါလိမ့်မယ်တယ်။ ခံတပ်ဝန်းကျင်တစ်ခုလုံးကိုလည်ပတ်ဖို့ အတွက် အချိန် (၃)နာရီကနေ နေ့ဝတ်အထိ ကြာမြင့်နိုင်ပါတယ်။မနက်(၉)နာရီခွဲ ကနေ ညနေ(၅)နာရီအထိ ဖွင်လှစ်ထားပြီး ၁၄ဒေါ်လာဝန်းကျင်လောက်ကျသင့်မှာပါ။ ကလေးတွေနဲ့ ကျောင်းသားတွေ အတွေက်လျော့ဈေးနဲ့ရမှာဖြစ်ပြီးအဇိုက်ဘို့(ဇ်) ကဒ် နဲ့သုံးလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။

 

(၅) Hellbrunn နန်းတော် (Schloss Hellbrunn)

Wasserspiele-Schloss-Hellbrunn

နာမည်ကြီးရုပ်ရှင်တစ်ကားဖြစ်တဲ့ “The Sound of Music “ ရဲ့ဇတ်ဝင်ခန်းတော်တော်များများမှာ တွေ့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ခရီးသွားဧညိ့သည်တွေဟာ အဲ့ဒီ ဇတ်ဝင်ခန်းတွေကိုကြည့်ပြီးအရူးအမူးလည်ပတ်ချင်တဲ့နေရာတစ်ခုပါလို့ဝင်ခံကြပါတယ်။

 Download-The-Sound-Of-Music-1965-720p-BRRip-Hollywood-Full-Movie

 နန်းတော်ရဲ့ အတွင်းအပြင်အဆင်တွေက နူးညံ့သိမ်မှုတွေရှိနေပြီးခန်းမကျယ်ကြီးတွေ ၊ဂီတဖျော်ဖြေရေးခန်းမတွေနဲ့ အနုပညာနန်းတော်တစ်ခုကိုရောက်သွားသလိုခံစားရမှာပါ။ (၁၇)ရာစုရဲ့ နန်းဆန်သောအဆောင်အဦးတစ်ခု အဖြစ်ကမ္ဘာပေါ်မှာ အမွေကျန်ခဲ့တဲ့ ဒီနန်းတော်ကြီးမှာာကြည်နူးစရာတွေရှိနေပါတယ်။ Hellbrunn နန်းတော်ဟာ အဇိုက်ဘို့(ဇ်)မြို့ပြင်(၄)မိုင်အကွာမှာတည်ရှိပါတယ်။နန်းတော်တစ်ခုလုံးကိုလည်ပတ်ဖို့ အတွက် အချိန် (၃)နာရီကနေ နေ့ဝတ်အထိ ကြာမြင့်နိုင်ပါတယ်။မနက်(၉)နာရီခွဲ ကနေ ညနေ(၅)နာရီအထိ ဖွင်လှစ်ထားပြီး ရာသီပေါ်မူတည်ပြီး ဖွင့်လှစ်ချိန်အပြောင်းအလဲရှိပါတယ် ။ဝင်ကြေး ၁၃ ဒေါ်လာဝန်းကျင်လောက်ကျသင့်မှာဖြစ်ပြီး ကလေးတွေနဲ့ ကျောင်းသားတွေ အတွေက်လျော့ဈေးနဲ့ရမှာဖြစ်ပါတယ်။ အဇိုက်ဘို့(ဇ်) ကဒ် နဲ့သုံးလို့ မရတဲ့နေရာတစ်ခုဖြစ်ပါတယ်။

 

(၆) မိုးဇက်မွေးဖွားရာနေရာ (Mozarts Gerburtshaus)

 

mozarts-geburtshaus-mit-hagenauerplatz_260907

 

ဒီနေရာက ဂီတပညာရှင် ဘော့ဂန် အမားဒီးယက်(စ်) မိုးဇက် ကိုမွေးဖွားခဲ့တဲ့နေရာဖြစ်ပြီး သူဟာ ၁၇၅၆ခုနှစ် ကနေ ၁၇၇၃ခုနှစ် အထိဒီအဆောက်အဦးရဲ့ တိယထပ်မှာနေထိုင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအဆောက်အအုံဟာ ဂီတသမိုင်းကို ပြန်လည်ပြောပြနိုင်တဲ့ ပြတိုက်ကောင်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ဘာပဲဖြစ်ဖြစ် မိုးဇက်ရဲ့ ငယ်ငယ်ကတီးခတ်ခဲ့တဲ့ တယောရယ်၊ မိသားစုကို သူ့လက်ရေးနဲ့ရေးသားထားတဲ့ စာတွေကိုရယ် ၊ သူကိုမွေဖွားခဲ့တဲ့ တတိယထပ်မှာပဲ တစ်စုတစ်စည်း ထဲလေ့လာနိုင်မှာပါ။ သူ ပြဇက် တွေသီကုံးရေးဖွဲ့ခဲ့တဲ့ အချိန်မှာအသုံးပြုခဲ့တဲ့ အခန်းကလဲ ဒုတိယထပ်မှာ လေ့လာနိုင်ပြီး သူ့ရဲ့နေ့စဉ်ဘ၀နဲ့ မိသားစုဆကိဆံရေးတွေကိုတော့ အောက်ဆုံးမြေညီထပ်မှာလေ့လာနိုင်ပါတယ်။မိုးဇက်ရဲ့ အိမ်တစ်ခုလုံးကိုလည်ပတ်ဖို့ အတွက် အချိန် (၂)နာရီကနေ (၃)နာရ်ီအထိ ကြာမြင့်နိုင်ပါတယ်။မနက်(၉)နာရီ ကနေ ညနေ(၅)နာရီခွဲအထိ ဖွင်လှစ်ထားပါတယ် ။ဝင်ကြေး ၁၀ ဒေါ်လာဝန်းကျင်လောက်ကျသင့်မှာဖြစ်ပြီး ကလေးတွေ အတွက်လျော့ဈေးနဲ့ရမှာဖြစ်ပါတယ်။ အဇိုက်ဘို့(ဇ်) ကဒ် နဲ့သုံးလို့ မရတဲ့နေရာတစ်ခုဖြစ်ပါတယ်။

 

(၇) အဇိုက်ဘို့(ဇ်)  ပြတိုက် (Salzburg Museum)

salzburg-museum-austria

အဇိုက်ဘို့(ဇ်)မြို့ကိုရောက်ပြီး အဇိုက်ဘို့(ဇ်) ပြတိုက်ကိုမရောက်ရင်တော့ မဖြစ်သင့်ပါဘူး။ ဒီပြတိုက်တစ်ခုလုံးမှာ

ရှေးဟောင်းဗိသုကာအနုပညာလက်ရာများနဲ့ ရှေးဟောင်းအမွေအနှစ်ရတနာတွေ တည်ရှိနေတာပါ။ (၁၇)ရာစုတည်းက မိုးဇက်တီးခတ်ခဲ့သော ဂီတနုတ်တွေအဖြစ် ပြန်လညဖော်ပြရေးဆွဲထားသောပန်းချီကားများကိုလည်းလေ့လာနိုင်ပါတယ်။ ဒီပြတိုက်ရဲ့ အဓိကအထင်ရှားဆုံးအရာကတော့ ၃၆၀ ဒီဂရီ အထိလှည်ပတ်ကြည့်ရှုနိုင်တဲ့ တစ်ဆက်တည်းရေးဆွဲထားတဲ့ပန်ချီကားတွေပါပဲ။ ပြတိုက်တစ်ခုလုံးကိုလည်ပတ်ဖို့ အတွက် အချိန် (၃)နာရီကနေ နေ့ဝတ်အထိ ကြာမြင့်နိုင်ပါတယ်။မနက်(၉)နာရီ ကနေ ညနေ(၅)နာရီအထိ နေ့စဉ်ဖွင့်လှစ်ပေးထားပါတယ် ။ဝင်ကြေးက

၁၂ ဒေါ်လာဝန်းကျင်လောက်ကျသင့်မှာဖြစ်ပြီး အဇိုက်ဘို့(ဇ်) ကဒ်နဲ့သုံးမယ်ဆို၇င်တော့ လျှော့ဈေးနဲ့ ၀င်ရောက်လေ့လာလို့ရပါတယ်။

 

ဘော့ဂန် အမားဒီးယက်(စ်) မိုးဇက်

 mozart1

    Born: January 27, 1756, Salzburg, Austria

  Died: December 5, 1791, Vienna, Austria

  Full name: Johannes Chrysostomus Wolfgangus Theophilus Mozart

 အပေါ်မှာ အဇိုက်ဘို့(ဇ်) မြို့နဲ့အတူ မိုးဇက်ဆိုတဲ့ နာမည်ကိုထပ်ခါထပ်ခါတွေ့နေရတော့ သူအကြောင်းလေးကိုနည်းနည်းတော့သိချင်မှာပေါ့ ။ သူ့ပုံစံက လူကောင်သေးသေးလေးပါ ၊ပိန်သွယ်သွယ် အသားဖြူဖြူပေါ့။ ဆံပင်သားကနူးညံ့ပြီး အလိပ်အကောက်ပုံစံပါ တစ်မူထူးခြားတဲ့ ရုပ်ရည်မျိုးမဟုတ်ပါဘူး။

သူ့ရဲ့ တောက်ပကြီးမားတဲ့မျက်လုံးကလွဲ လို့သူ့မှာ ထင်ရှားကျော်ကြားမဲ့ပညာရှင်တစ်ယောက်ရဲ့ လက္ခဏာ

ထွေထွေထူးထူးမပိုင်ဆိုင်ပါဘူး။သူဟာ အ၀တ်အစားကို သပ်ရပ်ကျနစွာ ၀တ်ဆင်တက်ပြီး ကြော့ကြော့မော့မောနေထိုင်တက်သူပါ။ သူဟာ ငယ်စဉ်ကတည်းက ဂီတနုတ်တွေကို တီထွင်ဖန်တီးနိုင်သူပီပီတူရိယာဝိုင်းတွေမှာ ပဲအချိန်ကုန်လွန်စေခဲ့ပါတယ်။

young-mozart

သူဟာ အဆိုပညာရပ်မှာ ညာသံအမြင့်ဆုံးအထိ ဆိုနိုင်ပြီး စကားပြောသံ သိမ်မွေ့ညင်သာ နူးညံ့စွာပြောဆိုနိုင်သူတစ်ယောက်ပါလို့ သူရဲ့ဇနီးကဂုဏ်ယူစွာနဲ့ပြောဆိုခဲ့ပါတယ်။ပြီးတော့ ဒီအချက်တွေကြောင့်ပဲ မိုးဇက်ဟာ သူမဘ၀ကိုလွှမ်းမိုးပြီး သူမကိုခွန်အားတွေပေးခဲ့တာပါတဲ့။သူရဲ့ဆက်ဆံရေးကောင်မွန်မှုကြောင့် သူနဲ့ ခေတ်ပြိုင်ဂီတနေုပညာရှင် အတော်များများနဲ့ လည်းရင်းနှီးခဲ့ပါတယ်။ သူဟာ အလုပ်အပေါ်အာရုံစိုက်တက်ပြီး အလုပ်ကြိုးစားသူဖြစ်ပါတယ်။ သူဟာ ဂီတအနုပညာတစ်ခုမစတင်မီ မှာ ပုံကြမ်းတွေ ၊ အစီအစဉ်တွေကိုကြိုတင်ရေးဆွဲထားလေ့ရှိပါတယ်။ ဒီလို ရေးဆွဲထားပြီး အဆင်မပြေတာတွေကို သိမ်းထားလေ့ရှိပြီး ၊ အဆင်ပြေရင်တော့ အစီအစဉ်အတိုင်း အနုပညာတွေကိုဖန်တီးလေ့ရှိပါတယ်။ မိုးဇက်ရဲ့ ဂီတပုံစံ မရိုးနိုင်သော ရှေးဟောင်းဂီတ ပုံစံမျိုးကိုဖန်တီးတက်ပါတယ်။သူဟာ စန္တယားကို ငယ်စဉ်ကတည်းက ကျွမ်းကျွမ်းကျင်ကျင်တီးခတ်နိုင်သူဖြစ်ပါတယ် ။  သူဟာ ဂီတသံစဉ်တွေကို ဖန်တီးတဲ့အပြင် ပြဇတ်တွေကိုလဲ ရေးသားထားခဲ့ပါတယ်။

 

ယနေ့အချိန်ထိ နာမည်ကျော်ကြားတဲ့ ပြဇတ်တစ်ပုဒ်က တော့ မှော်ပုလွေ “magic flute” ပြဇတ်ပါ။ ဒီပြဇတ်ကို ယနေ့အချိန်အထိ ဆန်းသစ်တီထွင်တားတဲ့ခေတ်မီနည်းပညာတွေနဲ့ ပြသနေဆဲပါပဲ။ သူဟာ အနုပညာပါရမီ ရှင်တစ်ယောက်ဆိုတာထက် သူရဲ့ကြိုးစားအားထုတ်မှုတွေက ပိုမယ်လို့ထင်မိပါတယ်။ သူဟာ ၁၇၉၁ ခုနှစ်မှာ သူ့ရဲ့ အနုပညာဂီတတွေကို တာဝန်ကျေစွာထမ်းဆောင်ရင်း  ထာဝရအိပ်စက်သွားခဲ့ပါတယ်။ သူရဲ့ဆောင်ပုဒ်တစ်ခု အဖြစ် မှတ်မှတ်ထင်ထင်ရှိနေတာလေးကတော့ “ ကျွန်တော့်အလုပ် ဟာ ကျွန်တော်ရဲ့ ပထမဆုံးပျော်မွေ့ဖွယ်ရာလေးပါပဲ “ ဆိုတဲ့ စကားလေးပါ။

Work-Quotes-39569-statusmind.com

ခရီးသွားပရိတ်ကြီးအတွက် ဒီတစ်ခေါက်ကတော့ ယူရုတ်မြေက ဂီတသမိုင်းကြောင်းတွေနဲ့အတူခိုင်မာတဲ့ ရိုးရာအနုပညာတွေကို ယနေ့တိုင်ထိမ်းသိမ်းထားဆဲ ဖြစ်တဲ့ ဂန္တဝင်တေးသွားတွေ မွေးဖွားတည်ရှိရာသမိုင်းမြို့တော် အဇိုက်ဘို့(ဇ်) အကြောင်းနဲ့ မိုးဇတ်ရဲ့ အကြောင်းလေးကို အဆုံးသတ်လိုက်ချင်ပါတယ်။

Oway ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ လူကြီးမင်တို့ရဲ့ခရီးစဉ်များကို package လိုက်ဝယ်ယူနိုင်သလို၊ ဟိုတယ်သီးသန့်၊ လေယဉ်လက်မှတ်သီးသန့် ၀ယ်ယူလို့သူများကို လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ ခရီးစဉ်အတွက်လိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းစုံစမ်းတိုင်ပင်နိုင်ပါတယ်။ Oway facebook page မှာလဲ

ခရီးသွားသတင်းတွေ နဲ့ အထူးလျော့ဈေး များကိုအချိန်နဲ့ တပြေးညီဖော်ပြပေးမှာ ဖြစ်လို့ Like လုပ်ထားနိုင်ပါတယ်။

လုံခြုံစိတ်ချရသောခရီးတစ်ကို စတင်နိုင်ဖို့ OWAY Travel Services  Ph- 094504506 01 ~ 02  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Salzburg-Austria-View

Mirabellgraten
Sehenswürdigkeiten Salzburg, Blick über den Mirabellgarten auf die Salzburger Altstatdt
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s