ဆန်ဖရန်စစ္စကို မှာ (၃၆) နာရီ

ခရီးသွားပရိတ်သတ်တွေ ကိုထုံးစံအတိုင်း ထူးခြားပြီး နာမည်ကြီးတဲ့ မြို့တစ်မြို့ကိုခေါ်သွားချင်ပါတယ်။

ဘယ်မြို့ ပါလဲ ? ကြီးမားခန့်ညားတဲ့ ဆန်ဖရန်စစ္စကို မြို့ကြီးပါပဲ .

ဆန်ဖရန်စစ္စကို မြို့ကြီးဟာ အဆောက်အအုံ အသစ် ၊ နည်းပညာနယ်ပယ်မှ လူငယ်မျိုးဆက်သစ်တွေ  အလျှိုလျှို ပေါ်ပေါက်လာတဲ့ နေတဲ့ မော်ဒန်မြိ့တော်ကြီးတစ်ခုဖြစ်နေပါတယ် . သဘာဝဆန်ဆန်နဲ့ ပျော်စရာတွေ ပြည့်နှပ်နေသော ဆန်ဖရန်စစ္စကို  မြို့ကို ကျွန်တောတို့ စာဖက်ပရိတ်သတ်တွေ သောကြာနေ့မှာ ရောက်သွားခဲ့မယ် ဆိုရင် ….

မျက်တောင်မခတ်လိုက်ပါနဲ့ မဟုတ်ရင် ဆန်ဖရန်စစ္စကို ရဲ့ အလှသစ်တွေကို သင်လွတ်သွားပါလိမ့်မယ်။

 

သောကြာနေ့(၄ နာရီ)

City By The Bay

Golden Gate Bridge
Night view of the Golden Gate Bridge

မြို့တော်ကို ရောက်ရောက်ချင်း ညနေခင်းရဲ့ အလှတရားကို စတင်ခံစားဖို့ သင်ကအထိုက်တန်ဆုံး လူသားတစ်ဦးဖြစ်နေပါပြီ ။ အဲဒီမှာဘာတွေ ရှိမလဲ? 1937 ခုနှစ်မှာ ဖွင့်လှစ်ခဲ့ တဲ့ Golden Gate တံတား

၊လူစီကားထူထပ်သော တရုတ်တန်း နဲ့  Chartres ဘုရားရှိခိုးကျောင်း တွေအပြင် အခြားစိတ်ဝင်စားစရာ နေရာတွေရှိပါတယ်။ ဘာတွေလုပ်လို့ ရဦးမလဲ ? ကမ်းနားမှာ အပန်းပြေလမ်းလျှောက်နိုင်သလို ဈေးသက်သာသော သရေစာတွေကို လည်း ၀ယ်စားလို့ရပါတယ် ။အဓိက ကတော့ မြို့ပေါ်နေလူနေဘ၀တွေကို လေ့လာလို့ အကောင်းဆုံးနေရာပါပဲ .ဒါတွေအပြင် Union Square မှာ ဈေးဝယ်ထွက်လို့ရပါသေးတယ် ။

သောကြာနေ့(၅ နာရီခွဲ)

To Market

Ferry_Building_5

ဒီတစ်ခါ ဥရောပ စတိုင်ဈေးတန်း တစ်ခုကို ခေါ်ဆောင်လာချင်ပါတယ် ။ ကုန်လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကလို ရှေးဆန်ဆန် အခင်းအကျင်းတွေနဲ့ သဘာအတိုင်း ထိမ်းသိန်းရောင်းချထားသော

စားနပ်ရိက္ခာတွေကို တွေ့ရမှာဖြစ်ပါတယ် ။ ကြွေထည်မြေထည် ကနေ ချောကလက် မှ အစ သကြားလုံးတွေအထိရောင်းချနေ သော တစ်ကယ့်ကို ကြီးမားသော ဈေးကြီးတစ်ခု ဖြစ်ပါတယ်။

farmfreshတကယ်ကို တော်ဝင်ဆန်တဲ့ ဈေးဝယ်စရာ နေရာတစ်ခု ဖြစ်နေမယ်လို့ အာမခံချက်ပေးလိုက်ချင်ပါတယ် ။

 

 

သောကြာနေ့(ည ၈ နာရီ)

Nightcaps

Interior-edit

ညဘ၀ ကို ကော့တေး အကောင်းစားတွေသောက်ရင် ကျော်ဖြတ်လိုက်စေချင်တယ် ။

ဘာလို့လဲဆိုတော့ ညွှန်းပေးမဲ့ နေရာက Royal Cuckoo ဘားဖြစ်လို့ ပါပဲ။ cachaça , ဂျင်း ဘီယာ၊

Domaine de Canton, tangerine နဲ့lime အစရှိတဲ့ တော်ဝင် ယမကာတွေကို မြည်းစမ်း ရင်း ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံးသော  ညကိုကျော်ဖြတ်မယ်ဆိုရင် ပိုပြည့်စုံပါလိမ့်မယ်။

 

 

စနေနေ့(မနက် ၁၀ နာရီ)

Break Bread

bakery-1024x512

မနက်စောစော ထစရာမလိုပါဘူး ။ မနက်စာကို La Mejor ဘယ်ခရီ မှာသုံးဆောင်လို့ရပါတယ် ။

မက္ကဆီကန် အရသာ ကော်ဖီ နှင့်အတူ ပေါင်မုန့်မျိုးစုံ အရသာစုံ နဲ့မနက်စာကို ဖြည့်စွပ်နိုင်ပါတယ် ။

IMG_0283

မနက်စာ စာပြီးရင်ခရီးလေးဆက်ချင်ပါတယ် ။

 

 

 

စနေနေ့(နေ့လည် ၁၂ နာရီ)

Picnic in the Par

 

Dolores_Park_TS_Hero
Dolores Park Horizontal Busy Day

နေ့လည်နေ့ခင်း အနားယူအပန်းဖြေဖို့ ပန်းခြံတစ်ခုက ရှိနေပါတယ် ။ Dolores ပန်းခြံပါ လတ်ဆက်တဲ့ လေထု ၀န်းရံထားပြီး တင်းနစ်ကွင်းအပါအ၀င်၊ (၆)ဧကအကျယ်ရှိတဲ့ မြက်ခင်းစိမ်းတွေ ၊အပင်စိမ်းစိမ်းတွေနဲ့စိမ်းလန်းနေပါတယ်။ dolo-park-playgroundလူတန်းစားမျိုးစုံ ၊ လူမျိုးပေါင်းစုံ မခွဲမခြားတည်ရှိနေတဲ့ ဒီပန်းခြံထဲက မြင်ကွင်းက ဆန်ဖရန်စစ္စကို ရဲ့လူနေမှုဘ၀တွေပါပဲ။ သိပ်မကြာမီ နှစ်ထဲကမှ ဒေါ်လာ(၈)သန်းကျော် အကုန်အကျခံပြီးပြုပြင်ထားတာပါ။

 

 

 

 

 

စနေနေ့(နေ့လည် ၁ နာရီခွဲ)

The People’s Art

 

img_2223

ဒေသခံတွေရဲ့ အနုပညာတွေကိုစုစည်းထားသလို ၊ နှင့်နိုင်ငံတကာ နံရံဆေးရေးပန်းချီတွေကို ပါတစ်ပါတည်းလေ့လာနိုင်မယ့် နေရာတစ်ခုက Precita Eyes အနုပညာနေရာပါ ။

ဆယ်စုနှစ်လေးခုကအနုပညာတွေ ကို အဆောက်အအုံထဲမှာ အပြင်၊ လမ်းမဘေးနံရံတွေပေါ်မှာ အရောင်စုံပန်းချီကားတွေကိုလေ့လာနိုင်မှာပါ။ သရုပ်ပြ ပန်းချီကေားတွေက လူ့အခွင့်အရေးတွေအပေါ်မှာ ကိုယ်စားပြုနေပါတယ်။

 

 

 

စနေနေ့(ည ၇ နာရီ)

Two Ways to Taste

ichi-sushi-busy

နောက်ထပ်ဦးတည်ရာက စားသောက်ဖို့အတွက်ပါပဲ ။ ရပ်ကွက်အတွင်း အကျွမ်းကျင်ဆုံး ဆုံးစာဖိုမှူးတွေပြုလုပ်ထားတဲ့ ဆူရှီကောင်းကောင်းတွေကို မြည်းစမ်းကြည့်နိုင်ပါတယ် ။

သန့်ရှင်းလတ်ဆက်တဲ့ ပင်လယိစာ တွေဖြစ်တဲ့ ဆော်လမွန်ငါး , ပုစွန်၊ ရေဘ၀ဲ တူနာငါး အမယ်တွေအပြင် လကဆောင်အဖြစ်တိုက်တဲ့ စပျစ်ရည် အရသာတွေက ထူခြာကောင်းမွန်တဲ့ ညစာဖြစ်မယ်လို့ယုံကြည်ပါတယ် ။

 

 

စနေနေ့ (ည ၉ နာရီ)

One For the Team

Mission-Bowling-Club

အဖွဲ့လိုက်ပူပေါင်းပါဝင်လို့ရတဲ့ အစီစဉ်တစ်ခုရှိပါတယ် ဒါပေမယ့် အားကစားကို နှစ်သက်သူ တစ်ယောက်ဖြစ်ဖို့တော့လိုပါတယ်။ Bowling ကလပ် တစ်ခုကိုခေါ်ဆောင်သွားချင်ပါသေးတယ် ။

2012 ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ Mission Bowling ကလပ်က ရပကွက်ထဲကလူတွေ တောင်းဆိုမှုကြောင့်ဖွင့်လှစ်ဖြစ်ခဲ့ပြီး အခုဆိုရင်လူသိများတဲ့  Bowling ကလပ်တစ်ခုဖြစ်နေပါပြီ။

inside-bay-area-games-mission-bowling-club-sf-lanes-1212-x
Inside Bay Area bocce & more games; Dec’12; Mission Bowling Club, restaurant, S.F.

Bowling မကစားတက်လို့ စိတ်ညစ်မနေပါနဲ့ အထဲမှာ စားသောက်ဆိုင်ကောင်းကောင်းတွေ ရှိပါတယ်။

 

 

တနင်္ဂနွေနေ့ (မနက် ၁၀ နာရီ)

Bookworms Welcome

 

1967 ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Green apple စာအုပ်ဆိုင်ကို လေ့လာစေချင်ပါတယ် ။ စာအုပ်ဆိုင်ဆိုပေမယ့် ဆိုင်ခန်းထဲမှာ နားနေဆောင်တွေက မိသားစုလိုက် နားနေလို့ရအောင်ကို ကြီးမားကျယ်ပြန့်ပြီး အေးနေပါတယ်။ စာအုပ်ဆိုင်ပန်းခြံလို့ တင်စားခေါ်ဆိုရလောက်အောင် မနက်ခင်းရဲ့ အရသာကို စာအုပ်စင်တွေရဲ့ ဘေးမှာမြှုပ်နှံထားလို့ရပါလိမ့်မယ်။

 

 

 

တနင်္ဂနွေနေ့ (နေ့လည် ၁၂ နာရီ)

Seasonal Tastes

df09_04_13_lito

နေ့လည်စာ စားဖို့ အချိန်ရောက်လာပါ ပြီ ။ နေ့လည်စာကို ဘယ်လို အရသာရှိပြီး ထူးခြားတာတွေနဲ့ ဖြည့်ဆည်းပေးမလဲ ဆိုတော့ ..  သက်သက်လွတ် အသီးအနှံစုံ အသုပ်များ ၊ ပီဇာ၊ အရောင်စုံ အရသာစုံ အစားအစာတွေကို ရွှေဖယုံသီးအစေ့ ၊ မက်မွန် ၊ ထောပတ်သီး ၊ ဆလတ် ၊ဒိန်ခဲ တွေ နဲ့ အလှဆင်ထားပါတယ်။ ကုန်ကျစရိတ်က 2.5 ဒေါ်လာ ကနေ 4.5 ဒေါ်လာ ပဲကုန်ကျမှာပါ။R-San-Francisco-courtesy-credit-Jamison-Litten-Nopalito-03-620x413

 

ကဲကျွန်တော် တို့ နေ့လည်စာစားပြီး ခရီးစဉ်ကို အဆုံးသတ်လိုက်ပါမယ်။ ဒီခရီးစဉ်လေးက လည်မယ်၊စားမယ် လို့ပြောလို့ရအောင် ခရီးသွားပရိတ်သတ်တွေ အတွက် လည်ဖို့၊ စားဖို့ နေရာတွေကိုပဲ ညွှန်းပေးထားပါတယ်။

ဒီလို ခရီးစဉ်မျိုးတွေသွားဖို့ ဆုံးဖြတ်ပီးရင်တော့ Oway ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ လူကြီးမင်တို့ရဲ့ခရီးစဉ်များကို package လိုက်ဝယ်ယူနိုင်သလို၊ ဟိုတယ်သီးသန့်၊ လေယဉ်လက်မှတ်သီးသန့် ၀ယ်ယူလို့သူများကို လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ ခရီးစဉ်အတွက်လိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းစုံစမ်းတိုင်ပင်နိုင်ပါတယ်။ Oway facebook page မှာလဲ

ခရီးသွားသတင်းတွေ နဲ့ အထူးလျော့ဈေး များကိုအချိန်နဲ့ တပြေးညီဖော်ပြပေးမှာ ဖြစ်လို့ Like လုပ်ထားနိုင်ပါတယ်။

လုံခြုံစိတ်ချရသောခရီးတစ်ကို စတင်နိုင်ဖို့ OWAY Travel Services  Ph- 094504506 01 ~ 02  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s