ပဲရစ်မြို့ မှာ(၃)ရက်တာ

ဒီတစ်ခါ ခရီးသွားပရိတ်သတ်တွေကို ပဲရစ်မြို့ကို လည်ပတ်ဖို့ အဲကြံပြုချင်ပါတယ် ။

ပဲရစ်မြို့ကို ခေတ်ဆန်ဆန်ပြန်လည်သုံးသပ်ရရင် လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များနဲ့ကွဲပြားခြားနားလို့နေခဲ့ပါတယ် . အခုအခြေအနေနဲ့ ရှုခင်းအလှတရားတွေက ပဲရစ်မြို့ရဲ့ အသက်ဝိညာဉ် ကိုထိန်းသိမ်း နိုင်ခဲ့ပါတယ် . ကြီးကျယ်ခန်းနားသော လေယာဉ်ကွင်း ၊

ကွေ့ကောက်စီတန်းနေတဲ့ သစ်ပင်တွေ၊ ရှေးခေတ်ဆန်ဆန် ကော်ဖီဆိုင်တွေ ၊ ထုံးကျောက် အဆောက်အဦးများနှင့် ဒေသခံတွေရဲ့ ၀တ်စားဆင်ရင်မှုနဲ့ နှစ်သက်စရာကောင်းပြီး ခေတ်ဆန်ဆန် ပြတိုက်တွေ၊  ဂန္ထဝင်ဆန်ဆန် လျှောက်လမ်းတွေ တည်ရှိနေတာက ယနေ့ ပဲရစ်မြို့ကြီးပါပဲ ။ ၃၆ နာရီ အတွင်းမှာ ပဲရစ်မြို့ရဲ့ အထင်ကရ နေရာတွေ ၊ မသွားမဖြစ်နေရာ (၁၁) နေရွာကို ဘယ်လိုအကျိုးရှိရှိ လည်ပတ်ရမယ်ဆိုတာကို အရင်ဆုံးတင်ပြပေးချင်ပါတယ် ။  ကဲ ပဲရစ်မြို့ကို  သောကြာနေ့ နေ့မနက်မှာရောက်တယ်ဆိုပါတော့ .သောကြာနေ့ ညနေမှာပဲ လည်ပတ်ဖို့ စတင်နီုင်ပါတယ် ။

 

သောကြာနေ့

 I . 3:30 PM  ပြင်သစ်ညနေခင်းနှင့် အစာပြေ

MINOLTA DIGITAL CAMERA
MINOLTA DIGITAL CAMERA

အရင်ဆုံး ပြင်သစ်မြို့ ရဲ့ အကောင်းဆုံးရသတွေပေးစွမ်းမဲ့ ရီုးရာအစားအစာတွေမြည်းစမ်းနိုင် မဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ် ။ Poilâne Bakery ဆိုင်လေးပါ  လက်ဆက်တဲ့ နွားနို့ နဲ့ ရာသီအလိုက်အထူးစီစဉ်ထားတဲ့ အစားစားတွေ ရောင်းချပေးပါတယ် ။ ချစ်စရာ ကိတ်လေးတွေကလဲ စားချင်လာအောင် ဆွဲဆောင် နေပါသေးတယ် ။ပြင်သစ် ကိုရောက်ရင် မစားမဖြစ် သွားစားသင့်တဲ့ ဆိုင်လေးပါ ။ ပြင်သစ်ရဲ့ ရီုးရာ အစားအစာသမိုင်းနှင့်ယဉ်ကျေးမှု ကိုပြသတဲ့ နေရာလေးတစ်ခုဆိုလဲ မမှားပါဘူး ။

 

 II .7:30 PM ပြင်သစ် မြို့ရဲ့ ထိပ်ဆုံးသို့

2 Eiffel-Tower-Paris

 

ဒီအချိန်ကတော့ တကယ့်ဇတ်ဝင်ခန်းပါပဲ Eiffel Tower (အီဖယ် မျှော်စင်) ကို သွားရောက် လည်ပတ်ဖို့ အချိန်ကောင်းဖြစ်ပြီး လည်ပတ်ဖို့ လဲ အသင့်ဖြစ်နေလောက်ပါပြီ ။ ၁၀၆၃ ပေအမြင့် ရှိပြီး ဒီမြို့မှာတော့ အမြင့်မားဆုံး အဆောက်အဦးတစ်ခုပါပဲ ။ သင့်ကိုမျှော်စင်  ထိပ်ဆုံးကိုခေါ်သွားဖို့ ဓတ်လှေကား (၂) ခုရှိပါတယ် ။ အပေါ်ကိုရောက်ပြီဆိုရင်တော့ ပဉ္စလက်ဆန်ဆန် စိတ်အခြေအနေတစ်ခု ဖန်တီးပေးပြီး မီးရောင်စုံတဲ့ ညချမ်းရဲ့ မြို့တစ်မြို့ လုံးကို ပတ်ချာလှည့် ပြီး သင့်ရဲ့လက်စွဲ ကင်မရာ နဲ့ မှတ်တမ်းတင်နိုင်ပါပြီ ။ မျှော်စင် ရဲ့ နေရာတိုင်း မှာ ထွန်းထားတဲ့ တစ်လက်လက် မီးလုံးပေါင်း ၂သောင်းကျော်က သင့်ကိုပိုမိုရင်ခုန်စေမှာပါ .

 

III .  10 PM  ကြနူးစရာညစာ

lami-louis-7

နှစ် 80 ကျော်ကြာ နာမည်ထိမ်းသိန်းထားတဲ့ Chez L’Ami Jean  စားသောက်ဆိုင်တစ်ဆိုင်မှာ ဂုဏ်ယူစွာနဲ့ ညစာစားသောက်နိုင်ပါတယ် ။  ဒီဆိုင်ထဲ နေရာကတော့ ခပ်ကျဉ်းးကျဉ်းပါပဲ  စားသောက်ဆိုင် အတွင်းထဲမှာ သင်ဟာ တခြားလာရောက် စားသောက်သူတွေများပြားလွန်းလို့  တစ်တောင်ခြင်းတိုက်ပြီး အစား အသောက်တွေကို အားပေးရမှာပါ ။  ခရုကမာ နှင့် ယုန် နှင့်အတူ ဝက်သားအစရှိတဲ့ အစားအစာတွေ စားဖိုမှူးက ဘယ်လိုချက်ပြုတ်နေတယ်ဆိုတာကိုလဲ ပြတင်းပေါက်ကနေ မီးဖိုထဲကို လှမ်းမြင်နေရပါတယ် ။ အချိုပွဲ တွေကတော့ ဆား ထောပတ် မုန့်တွေ ၊ ဒဏ္ဍာရီ ဆန် တဲ့ ပူတင်းတွေ ကသင့်ကို ဒီညစာကို အရသာပိုမိုပြည်စုံအောင်ဖန်တီးပေးပါလိမ့်မယ် ။.

 

စနေနေ့

IV ပြင်သစ်ရဲ့ အနုပညာတွေ 11 AM

 

အမျိုးသားပြတိုက် တစ်ခု Cartier  Foundation ပါ ဒဓပြတိုက်ကလဲ ပဲရစ်မြို့ထဲမှာ ခန့်ညားစွာတည်ရှိနေပါတယ် ။တော်တော့ ကို နာမည်ကြီးတဲ့ အနုပညာသီးသန့်ပြတိုက်တစ်ခုပါ  ။ရှားပါး ဓါတ်ပုံ၊ ရှားပါး ပန်းချီ၊ ပန်းပု၊ လက်မှုအနုပညာတွေ နဲ့ အခုလောလောလတ်လတ် ခေတ်စားပြီးနာမည်ကြီးနေတဲ့ contemporary art တွေ ကိုလဲ တစ်စုတစ်စည်းထဲ လေ့လာနိုင်မှာပါ ။အနုပညာကို စတင်လေ့လာနေတဲ့ လူငယ်တစ်ယောက်အတွက်တော့ အိမ်ပြန်ချိန် ကိုမေ့နေပါလိမ့်မယ်။

 

V နေ့လည်စာစား ချိန်  1:30 PM

url

သင်ဆာလောင်နေတဲ့ အချိန်   Le Comptoir du Relais  ရဲ့ ဟင်းလျာတွေ နဲ့ ပေါင်မုန့် နံ့ မွှေးမွှေးတွေက အသင့်စောင့်နေပါတယ် ။ ငွေရောင်စားသောက်ဆိုင်လို့တင်စားထားတဲ့ ပြင်သစ်လက်ရာ ဟင်းလျာတွေက ဦးရာလူစနစ်နဲ့ရောင်းချပေးတာပါ နောက်ကျသွားမယ်ဆိုရင်တော့ နာမည်ကြီးဟင်းလျာတွေနဲ့ ဝေးကွာသွားးမှာပါ ။

meals

ပဉ္စလက်ဆန်ဆန် ချက်ပြုတ်ထားတဲ့ ဆော်မွန်ငါးချက် ၊ ရာသီစာ အသုပ်တွေ ၊ ကြက်သွန်နီ အနှစ်ကို များများသုံးပြီး မွှေးပျံ့နေအောင်ပြင်ဆင် ချက်ပြုတ်ထားတာကို တွေ့ရမှာပါ။

 

 

VI ဂုဏ်တင့်စေမဲ့ ပြင်သစ်ပြန်လက်ဆောင်တွေ  3 PM

url

ဈေးဝယ်ထွက်ဖို့အချိန်က ဒီလိုညနေခင်းကအသင့်တော်ဆုံးလို့ယူဆမိပါတယ်  ။Alexandra Sojfer ထီးအရောင်းဆိုင်ကို သွားဖြစ်အောင်သွားရမှာပါ ဘာလို့လဲဆိုတော့ ဂုဏ်ရောင်ဂုဏ်ဝါတစ်ခုအတွက် ခန့်ညားထည်ဝါတဲ့ အဖိုးတန်ထီးတွေကို ရွေးချယ်ရခတ်လောက်အောင်ခင်းကျင်းထားလို့ပါပဲ ။

alexandra Sojfer aသင်ပါလာတဲ့ ခရက်ဒစ်ကတ်ထဲက ငွေတွေကို ဒီမှာ သုံးဖို့ဆုံးဖြတ်လိုက်ပါတော့ ။ အမျိုးသမီးတွေအတွက် ခရစ်စတယ် ကျောက်လေးတွေနဲ့ အလှဆင်ထားတဲ့ ကဗျာဆန်ဆန် ထီးလေးတွေ ၊ သစ်သားတိရစ္ဆာန်-ဦးခေါင်းပုံ လက်ကိုင်နဲ့ တန်ဆာဆင်ထွင်းထုထားသော ခန့်ညားတဲ့ ထီးတွေ သင့်ကိုကောင်းကောင်းဖမ်းစားတော့မှာပါ။ ပြင်သစ် ရဲ့ အမွှေးဖယောင်းတိုင်တွေကလဲ အပြန်လက်ဆောင်အဖြစ် မပါမဖြစ်ဝယ်လာရမဲ့ ပစ္စည်းတွေထဲမှာပါနေပါတယ် ။

Cire TrudonCire Trudon  ဟာ ၁၆၄၃ ခုနှစ်ကတည်း ရပ်တည်နေတဲ့ ခန့်ညားထည်ဝါတဲ့ ဖယောင်းတိုင်ဒီဇိုင်းစုံကို ထုတ်လုပ်တဲ့အမှတ်တွဆိပ်တစ်ခုဖြစ်ပါတယ်။

အရောင်စုံလှပ ခန့်ထည်တဲ့ ဖယောင်းတိုင်လေးတွေကို အိမ်မှအလှထားဖို့ ၀ယ်ကိုဝယ်ရမှာပါ ။

 

VII ညနေခင်း အလှတရားများနဲ့ ကော်ဖီတစ်ခွက်   6 PM

url

Café de Flore ကော်ဖီဆိုင်လေးမှာ ကဗျာဆန်ဆန် ခင်ကျင်းထားတဲ့ ဆိုင်အပြင်အဆင်လေးထဲကနေ ပြင်သစ်

ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေ ပြတင်းပေါက် တစ်ချက်သဖွယ် ငေးမော် ကြည့်ရှုရင်း နေ၀င်ချိန် ကိုစောင့်နေလို့ ရပတယ်။ နွေးဌွေးပျူငှာတဲ့ ၀န်ဆောင်မှုနဲ့အတူ လှ ပကျော့ရှင်းတဲ့ စားပွဲခုံလေးတွေပေါ်မှာ စတိုင်ကျကျနဲ့ ကော်ဖီတစ်ခွက်ကို သုံးဆာင်နေမဲ့ မိမိ ကိုကိုယ် ပုံဖော်ကြည့်လို့ရပါတယ်။

o-CAFE-DE-FLORE-facebook
Paris St German Cafe Flore

ကော်ဖီ ချိုချို၊ ကော်ဖီ ခါးခါး ၊ ကော်ဖီကျဲကျဲ ၊ ပစ်ပစ် ၊ ဘယ်နိုင်ငံမှာ မှ မမြင်ဘူးတဲ့ ကော်ဖီ ဖျော်စပ်နည်းသစ်တွေနဲ့ သောက်သုံးသူတွေကိုဆွဲဆောင်ထားပါတော့တယ် ။

 

VIII  အံ့မခမ်းညစာ တစ်နပ်   8 PM

ခေတ်မှီလွမ်းသော ချက်ပြုတ်မှုပုံစံ သစ်တွေနဲ့ နာမည်ကြီးနေသော စားသောက်ဆိုင် Semilla ။ ဘာကြောင့်များ ဒီလောက်တင်စားနေရတာပါလိမ့် Semilla ခေတ်မီစားသောက်ဆိုင် ရဲ့ သွင်ပြင်က စကျင်ကျောက် စားပွဲတွေ ၊ ကွန်ကရစ်ကြမ်းပြင် တွေနဲ့ သစ်သားမျက်နှာကျက် တွေကြောင့် အနုပညာဆန်တဲ့ စားသောက်ဆိုင်တစ်ခုဆိုတာ သိသာပါတယ် ။ ဒါဆို အစားအစာတွေကရော ကျစ်လစ်ပြီးတစ်ယောက်စာ အတွက် လုံလောက်သော အစားအစာ တွေကို လတ်လတ် ဆတ်ဆတ် မြန်မြန်သုံးဆောင်နိင်အောင်စီစဉ်ထားပါတယ်။  မီနူးတွေက ဒီဆိုင်ရဲ့ အဓိကအကျဆုံး အချိန် စီမံခန့်ခွဲမှု အပိုင်းတွေမှာ ဘယ်လိုသေချာလုပ်ဆောင်ထားတယ် ဆိုတာ ကိုပါနားလည်သဘောပေါက်လာမှာပါ။ အသုံးပြုထားတဲ ကုန်ကြမ်း တွေ ဘယ်လိုပြင်ချက်ပြုတ်နေတယ်ဆိုတာကို လူတိုင်ဝင်ရောက်လေ့လာနိုင်ပါသေးတယ်  ။ ပြင်သစ် ရိုးရာ အစားအစာတွေနဲ့ ခေတ်မီတဲ့ အစားအစာသစ်တွေကို စုံလင်စွာ ရရှိနိုင်တဲ့ ဒီဆိုင်လေးမှာ သင့်ရဲ့ညစာ ကို အားပါးတရ သုံးဆောင်နိုင်ပါတယ်။

 

 

တနင်္ဂနွေ

XI  လတ်ဆတ်တဲ့ မနက်ခင်း လေထု   10 AM

url

မနက် 9 ကနေ နေ့လည် 1:30 နာရီအထိနင်္ဂနွေနေ့တိုင်း ဖွင့်တက်တဲ့ Raspail  လေဟာပြင်ဈေး ကို လည်ပတ်ဖို့ရောက်ရှိခဲ့မယ်ဆိုရင်တော့ ဈေထဲမှာ  အာလူး၊ ဒိန်ခဲ ၊ ကြက်သွန် မျိုစုံကို သပရပ်စွာနဲ့ ခင်းကျင်းရောင်းချထားတာက်ုမြင်ရ မှာပါ။ ဒိဈေးဟာ အော်ဂဲနစ်ဈေးကွက်ရဲ့ တန်ဖိုးထားရာ ရတနာ တစ်ပါးဖြစ်ပါတယ် ။ လွန်ခဲ့ တဲ့ ၂၆ နှစ် ကတည်းက် ဒီအော်ဂဲနစ်ဈေးကွက်က ဒီနေရာမှာ ရှိနေခဲ့တာပါ ။

Raspail market

လတ်ဆတ်သောဟင်းသီးဟင်းရွက်များ၊ ပျားရည်၊ အသီးအနှံတွေ ၊ ပေါင်မုန့်တွေကို လှလှပပ ခင်းကျင်းထားတာဟာဆိုရင် ထိရက်စရာတောင်မရှိပါဘူး။ ရောင်းချသူတွေ ကုန်တင် ယာဉ်တွေငေးမောရင်း သင်ပျော်ရွှင်ရမယ်လို့ အာမခံနိုင်ပါတယ်။

 

X  အပန်းဖြေလမ်းလျှေက်ချိန်    12 noon

view4_credit-luxigon

နောက်တဖန်သင်အတွက် အစိမ်းရောင်ကမ္ဘာတစ်ခုစီကို ခေါ်ဆောင်သွားပါ့မယ် တစ်ခုတည်းသော လူဇင်ဘတ်ဥယျာဉ် ပဲဖြစ်ပါတယ် ။ ဒီဥယျဉ်ထဲက ဘယ်ဆိုင်မှာမဆို နေ့လည်စာကို စိမ်းလန်းတဲ့ မြင်ကွင်းတွေကို ခံစားရင်းသုံးဆောင်နိုင်ပါတယ်။

url ပြီးတော့ Les Berg ဆိုတဲ့ နေရာလေးတစ်ခု ဒီနေလေးက မြစ်ကမ်းနဘေး မိသားစုတွေ ပျော်ပွဲစားကြတယ် ၊  စက်ဘီးတွေ စီးကြတယ် ၊ စကိတ်တွေ စီးကြတယ်၊ တောင်တက်နံရံတွေရှိတယ်  တစ်ကဲ့ကို လွတ်လပ်ပျော်ရွှင်နေတဲ့ ကမ္ဘာငယ် လေးတစ်ခုပါပဲ ။ ခရီးသွားပရိတ်သတ်တွေ တစ်ကဲ့ကို သွားရတန်တဲ့ ပဲရစ် မြို့ ပဲလို့တွေးထင်မိနေမှာပါ။

 

XI  ချိုမြိန်သော အဆုံးသတ်   2 PM

ပြင်သစ်ချောကလက်များရဲ့ အရသာနဲ့ တန်ဖိုးကို ကောင်းမကောင်းဘယ်လိုဆုံးဖြတ်မလဲ ? Un Dimanche à Paris  ချောကလက် စင်တာကြီးကို ရောက်ရင်တော့ ချောကလက်ကို စမ်းသစ်တီထွင် ထားမှု ၊ ရသာမျိုးစုံပေါင်းစပ်မှု ထားမှု တို့ကြောင် ဒီစင်တာကိုရောက်ရင်ပဲ အကောင်းဆုံးချောကလက်တွေ တည်ရှိတဲ့နေရာက ဒီနေရာပဲဆိုတာ အတက်ပြောနိုင်ပါလိမ့်မယ်။ ဒါဟာအထက်တန်းကျကျ နဲ့ ချော်ကလက်တွေရဲ့ အရသာကိုမြည်းစမ်းနိုင်ပါလိမ့်မယ် ။

choco08-brunch-paris-un-dimanche-a-paris

ချောကလက် ကို အရည် ၊ အခဲ ၊ ခရမ် ၊ အပူ ၊ အအေး အခြားခြားသော စမ်သစ်တီထွင်မှုတွေနဲ့ ပြင်ဆင်ရောင်းချနေကြပါတယ်။ ချိုမြိန်မွှေးပျံ့ တဲ့ ပဲရစ်မြို့ရဲ့ ညနေခင်းလေးက ချောကလက်နံ့ သင်းသင်းလေးနဲ့အဆုံးသတ် နှုတ်ဆက်လိုက်နိုင်ပါတယ်။ကဲ ခရီးသွားပရိတ်ကြီးရေ ပဲရစ်မြို့က လွန်ခဲ့ တဲ့ဆယ်စုနှစ်ကနဲ့ဘယ်လိုမှ မတူညီတော့ပါဘူး ။

ကဲ ပဲရစ်မြို့မှာ ၃၆ နာရီစာ လည်ပတ်ပြီးတဲ့နောက်မှာ သင်ရရှိလာမဲ့ ပျော်ရွှင်မှုတွေ၊ ရင်ခုနမှုတွေ၊ အတွေ့အကြုံသစ်တွေ၊ စိတ်ခံစားမှုအသစ်တွေ၊ စိတ်ကူးစိတ်သန်း အသစ်တွေက တန်ဖိုးရှိရှိ သင့် ရင်ထဲကို ရောက်ရှိလာမှာဖြစ်လို့

ပဲရစ်မြို့ကို  သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ပြီးပီဆိုရင်တော့ Oway ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ လူကြီးမင်တို့ရဲ့ခရီးစဉ်များကို package လိုက်ဝယ်ယူနိုင်သလို၊ ဟိုတယ်သီးသန့်၊ လေယဉ်လက်မှတ်သီးသန့် ၀ယ်ယူလို့သူများကို လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ ခရီးစဉ်အတွက်လိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းစုံစမ်းတိုင်ပင်နိုင်ပါတယ်။ Oway facebook page မှာလဲ

ခရီးသွားသတင်းတွေ နဲ့ အထူးလျော့ဈေး များကိုအချိန်နဲ့ တပြေးညီဖော်ပြပေးမှာ ဖြစ်လို့ Like လုပ်ထားနိုင်ပါတယ်။

လုံခြုံစိတ်ချရသောခရီးတစ်ကို စတင်နိုင်ဖို့ OWAY Travel Services  Ph- 094504506 01 ~ 02  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Resource – NY time

Save

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s