ဘက်စုံကျော်ကြားသော နယူးဇီလန်ရဲ့ မြို့တော် ဒနိတ်ဒင်း

မြို့တော်တွေရဲ့ နာမည်ကျော်ကြားမှုတွေက ၄င်းမြို့ရဲ့ အမွအနှစ်သမိုင်းကြောင်းတွေအပေါ်မှာ အတိအကျသက်ရောက်မှုရှိနေပါတယ်။ ဒါဟာ ငြင်းစရာမရှိသလို ကမ္ဘာ့နာမည်အကျော်ကြားဆုံးမြို့တွေဟာ သမိုင်းကြောင်းထင်ရှားပြီး သူမတူတဲ့ အချက်တွေနဲ့  ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ခဲ့ကြပါတယ်။ ဒီတစ်ခေါက်တော့ ထူးခြား သော Otago ကျွန်းဆွယ် ပေါ်တွင် တည်ရှိတဲ့ ဒနိတ်ဒင်း မြို့အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ဒနိတ်ဒင်း မြို့ဟာ နယူးဇီလန် ရဲ့ အသက်အကြီးဆုံး မြို့  စာပေသမိုင်းကြောင်း ကောင်းတွေ ၊ သမိုင်းပေး ယဉ်ကျေးမှု စည်းစိမ် အမွေအနှစ်တွေနဲ့ ပြီးပြည့်စုံတဲ့ ဂုဏ်သိက္ခာရှိတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့်ထင်ရှားခဲ့ပါတယ်။ဒနိတ်ဒင်း မြို့မှာ

အမွေအနှစ် အဖြစ် Scottish တက္ကသိုလ်တစ်ခု ရှိပြီး ၊ ရှားပါး တောရိုင်းတိရစ္ဆာန် သိုက် ၊ အားကစာ သမိုင်းကိုလေ့လာနိုင်သော ခန်းမ  အစရှိသော ထူးခြားမှုများ စွာ ပိုင်ဆိုင်ထားပါတယ် ”

မြို့တော်ရဲ့အကြီးမားဆုံး ဂုဏ်အဂါင်္ရပ်များကတော့ စက်မှုကောလိပ်တွေ နဲ့  တက္ကသိုလ်ပညာရေး တွေပဲ တယ်။

အရင်ဆုံး ဒနိတ်ဒင်း မြို့တော်ရဲ့ မသွားမဖြစ်သွားသင့်တဲ့ နေရာ (၆) နေရာ အကြောင်းကို ဖော်ပြပေးမှာပါ –

(၁) Otago Museum

 

dave_wright_the_otago_museum_s_collections_assets__1189020204

ပြတိုက်ရဲ့အဓိကသော့ချက် ကတော့ စုဆောင်းထားတဲ့ပစ္စည်းတွေကို စနစ်တကျကောက်ခံရရှိထားသော ရန်ပုံငွေတွေဖြင့်

ဝယ်ယူစုဆောင်းခဲ့တာပါလို့ တည်ထောင်သူကဆိုပါတယ်။ပြတိုက်ထဲမှာ သဘာဝ အင်းဆက်နှင့်အမျိုးအစားနမူနာများ ၊ ပစိဖိတ်ဧရိယာကနေစုဆောင်းထားသော ပင့်ကူ မျိုးစိတ်များ၊ နိုင်ငံတကာမှ ငှက် အသိုက်နှင့် ဥများအပါအဝင် ငှက်အမျိုးအစား ၃၀၀၀၀ ကျော် ၊ ရေနေသတ္တ၀ါ ၄၀၀၀ ကျော် ကို တစ်စု တစ်စညျးတည်း လေ့လာနိုင်မှာပါ။ ထို့အပြင် အိန္ဒိယ မှ သန်လျက်လက်နက်နှင့် သံချပ်ကာများ အထူး ဂန္ကမ္ဘာမှရှေးဟောင်းဒင်္ဂါးပြား, များနှင့် အစ္စလာမ့် ကြွေထည် မြေထည် များလည်း ပါဝင်ပါတယ် ။  အိုး, ရတနာ, အဝတ်အစား,မျက်မှန် , နာရီ, ပရိဘောဂ, တံဆိပ်ခေါင်းများ, သေနတ်, ကင်မရာများ နှင့်ကျောက်ကိရိယာ များ အထိစုဆောင်းခင်းကျင်းပြ သထားပါတယ် ။

dunedin-71ဒီ့ထက်ပိုတာက  မံမီရုပ်အလောင်းများ ၊ ဘူမိဗေဒ နှင့်ဆိုင်သော ပြခန်းများ၊  ဒိုင်နိုဆော ရုပ်ကြွင်း ၊ ချစ်စရာကောင်းသော ပန်းပု  များ အပြင် ကလေးများအတွက် အထူးပျော်စရာ အရောင်အသွေးစုံလင် သော လိပ်ပြာလးများ ၊ အပူပိုင်း သစ်တောအင်းဆက်  ကောင်လေးများလည်းပြသထားပါသေးတယ်။

bugs 05 10122014.JPG JPEG 0540409171
Otago Museum bug exhibition preperation

ထူးခြားချက်တွေထဲက တစ်ခုကတော့ အိုတာဂို ကျောက်မျက်ရတနာတွေစီခြယ်ထားတဲ့ သရဖူကြီး၇ယ် ကမ္ဘာဖလားကြီးရယ် ပြသထားတာပဲဖြစ်ပါတယ်။ လာရောက်.လည်ပတ်သူ တစ်ဦးကတော့ “ ဒီပြတိုက်က အခမဲ့ဆိုတာကို ကျွန်မ မယုံကြည်နိုင်ပါ

ဘာပဲဖြစ်ဖြစ်ဒီပြတိုက်ဟာ လူတိုင်အတွက်ဖြစ်တယ်။  ပြတိုက်ထဲမှာ ကျမးပြင်ရှိသလောက် ခင်ကျင်ူပြသမှုတွေနဲ့ ပြည်နေပါတယ်  “ တယ်တဲ့ ။

 

2 Olveston (house)

 

Olveston_Dunedin_Sept_2007

လန်ဒန်ဗိသုကာပညာရှင် နက်စ် ဂျော့ခ်ျ တည်ဆောက်ခဲ့သော အဆောက်အအုံ ပေါ်မှာ  နောက်ဆုံးပေါ်အသုံးအဆောင်များ တပ်ဆင်ထားခဲ့ တဲ့အိမ်တစ်လုံးကို Olveston လို့ခေါ်တွင်စေခဲ့ပါတယ်။ အပူပေး စနစ်များ ၊ ပြည်တွင်းရေးတယ်လီဖုန်းစနစ်, ဝန်ဆောင်မှုဓာတ်လှေကားတစ်ခု ၊  ဒါတွေအပြင် လျှပ်စစ်ပေါင်မုန့်ကင်စက် တွေလိုမျိုး ကအစ တည်ရှိနေတဲ့  ၁၂၇၆ မီတာ စကွဲ အကျယ်ရှိတဲ့ ဒီအိမ်ထဲ မှာ အခန်းပေါင်း ၃၅ ခန်းဖြင့် ဖွဲ့စည်းထားပါတယ်။309929-13966-14

အဆိုပါအဆောက်အဦး ကို ကျောက်မျက်ရတနာများ ၊, ကျောက်စရစ်များ ၊ ကြွေပြား များနှင့် တည်ဆောက်ထားပါတယ်။

great_hall

ဒီအိမ်ရဲ့ သမိုင်းကြောင်းကတော့  ချမ်းသာတဲ့ကုန်သည်ဒါဝိဒ်က ၁၉၀၄ ခုနှစ် ကနေ ၁၉၀၇ အထိအချိနပေးပြီးဒီအိမ်ကိုတည်ဆောက်ခဲ့ပါတယ်။

frontpage-01-visitinginterior-05-dining

၁၉၆၆ ခုနစ်မှာတော့ အများပြည်သူများ လေ့လာနှိင်ရန် ဖွင်လှစ်ပေးခဲ့ရာ နှစ်စဉ် ဧည့်သည် ၃၀၀၀၀ ကျော် ကနေ ၄၀၀၀၀ ကျော်အထိဝင်ရောက်ခဲ့ကြပါတယ်။ ၎င်း၏ ဗိသုကာများ ၎င်း၏စုဆောင်းမှုများ မှာ နယူးဇီလန်အတွက် စံချိန်ပါတင်နိုင်ခဲ့ပါတယ်။

 

3 Toitu Otago Settlers Museum

 

otagomuseum2013asm

အတိတ်ရဲ့ ဇတ်လမ်းဇတ်ကွတ်တွေ ကိုဖော်ပြနေသလို ခေတ်ဟောင်းဆီကို ခေါ်ဆောင်သွားပေးမယ့်  Toitu Otago Settlers ပြတိုက် ထဲ မှာဘာတွေရှိမှာလဲ ။ ဗစ်တိုးရီးယား ခေတ်က အခြေချနေထိုင်သူများ ရဲ့ ကြမ်းပြင် ကနေ  မျက်နှာကျက် ပုံတူ ခန်းတွေ အပြင် သူတို့ရဲ့ ပါးသိုင်းမွေး စတဲ့ ပုံစံတွေက်အသေးစိတ်ပြသထားပါတယ် ။

FGF အခြား ဖန်တီးပြသထားတာတွေက  ခရီးသည်တင်သင်္ဘော အခန်းပုံရိပ် ၊  ကြောက်မက်ဖွယ် မြေအောက်တွင် နတ်ကျိန်ဆို ပူဇော်နေတဲ့ အခန်း ပုံရိပ်များ က ရသမျိုးစုံပေးစွမ်းနေပါလိမ့်မယ်.။

သမိုင်းရဲ့ သယ်ယူပို့ဆောင်ရေးအပိုင်းအပါအဝင် ၊ ရေတိုဗီဒီယိုမှတ်တမ်းများ ၊ ဒနိတ်ဒင်း မြို့မှာအစောပိုင်းအခြေချနေထိုင် သူများရဲ့ဓါတ်ပုံများ တွေကိုလေ့လာနိုင်ပါသေးတယ်။ပြတိုက်ထဲမှာရှိတဲ့ အချိုရည် နဲ့ မုန့်ရောင်းတဲ့ ဆိုင်တွေမှာ နားနေရင် အမှတ်တရပစ္စည်းတွေကိုလည်း ၀ယ်ယူနိုင်ပါတယ်။url ဒါ့အပြင် အတွက် စူးစမ်းလေ့လာဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ပြတိုက်ရဲ့ ၀န်ဆောင်မှုတွေအပေါ်အမှာလဲ ဝေဖန်အကြံပြုလို့ရပါတယ်။

လာရောက်လည်ပတ်သူတစ်ဦးကတော့ “သင့်ရဲ့ အချိန်ကို ချွေတာ ဖို့ရယ် ပြတိုက်တစ်ခုလုံးကို နှံ့စပ်စေဖို့ ဆိုရင်တော့  ဖော်ပြထားတဲ့ အညွှန်းစာတွေကို အသေးစိတ်လိုက်ဖက်မနေပါနဲ့ “တဲ့ ။

SONY DSC
SONY DSC

 

 

4 Orokonui Ecosanctuary

 

1305753421-orokonui-0380

ဒီတစ်ခါ သဘာဝသမိုင်းပြတိုက်ဆီကိုခေါ်ဆောင်သွားပါ့မယ် Orokonui Ecosanctuary ပြတိုက် ထဲမှာ ပျိုးပင်များစိုက်ပျိုးခြင်း ၊ တိရိစ္ဆာန်များနေထိုင်ကျက်စားပုံတွေကို

url

သဘာဝအတိုင်းလေ့လာနိုင်အောင်ပြသထားပေးပါတယ်၊ ထူးခြားချက်အနေနဲ့ က ခီဝီလေးတွေပါ ခီဝီလေးတွေဆိုတာ

အတောင်ပံ သေးပြီး နှုတ်သီးရှည်တဲ့ နယူးဇီလန်ကျွန်းဇာတိငှက်လေးတွေပါ .ချစ်စရာကောင်းပြီးရှားပါတဲ့ ခီဝီ ငှက် လေးတွေကို အနီးကပ်မြင်ခွင့်ရမဲ့နေရာက ဒီနေရာတစ်ခုပဲရှိပါတယ်။ ဒီလိုငှက်မျိုးစိတ်တွေအပြင် ပုတ်သင်ညို ၊ လင်းနို့အစရှိတဲ့ တိရိစ္ဆာန်များကို သဘာဝအတိုင်းလေ့လာနိုင်ပါတယ် ။

Brown-Kiwi-Images

ဥယျာဉ်ထဲမှာ လမ်းလျှောက်ရင်း ချစ်စရာကောင်းတဲ့ လက်ဆောင်ပစ္စည်းအရောင်းဆိုင် , မုန့်ဆိုင်တွေ နဲ့  ဖော်ရွေ တဲ့ဝန်ထမ်းများ နှင့်အတူအတွေ့အကြုံသစ်တွေကို ရှာဖွေနိုင်ပါသေးတယ်။ ငှက်ချစ်တက်သူတွေအတွက်တော့ သူတို့ အိမ်ပြန်ဖို့ တော်တော်စဉ်းစားရပါလိမ်မယ်။

IMG_5268 (Medium)

 

5 Dunedin Botanic Garden

2014-12-02-botanic-gardens-05-1024x576

ငြိမ်းချမ်းသော သောအပန်ဖြေရာနေရာတစ်ခု ဒနိတ်ဒင်းမြို့ မှာ တည်ရှိနေပါတယ် . 1863 ခုနှစ် ကတည်ဆောက်ခဲ့  ဒနိတိဒင်း ရုက္ခဗေဒ ဥယျဉ်ပါ  ။ အဆိုပါ Dunedin ရုက္ခဗေဒဥယျာဉ် ဟာ နယူးဇီလန် ရဲ့ တောင်ကျွန်, အလယ်ပိုင်း မှာတည်ရှိပါတယ် ။

urlအနီးနားက တက္ကသိုလ် နဲ့ မြို့တော်ရဲ့ကောလိပ် တွေက ကျောင်းသားတွေရဲ့ အပန်းဖြေရာနေရာ

တစ်ခုဖြစ်ပါတယ် ။  ဥယျာဉ်ထဲက သောမတ်စ်ရဲ့ ပုံတူရုပ်ထု, JM Barrie ရဲ့ဝတ္ထုပေါ်တွင်အခြေခံ ထားသော ရုပ်တုများ ၊ဘဲရေကန်၊ ကလေးကစားကွင်း ၊ တီးဝိုင်းတွေစုံလင်စွာပါဝင်နေပါတယ် ။ ဆောင်းရာသီ ရဲ့ဥယျာဉ်တစ်ခု သဖွယ်ဖန်တီးထားတဲ့ ဖန်အိမ် ဥယျာဉ်များ၊  ornate စမ်းရေတွင်း, , Peter Pan ဝတ္ထု  ထဲက ပေတရုကပန်နှင့် Darling ကလေးများကို ပုံဖော်ထားတဲ့ပန်းပုရုပ်လေးတွေနဲ့ ဖမ်းစား ထားပါတယ်။ ခဏတာအတွင်းမှာပဲ  လမ်းလျှောက်ရင်းနဲ့ ကမ္ဘာပေါ်မှာဒီလို   ဧရိယာ ကျယ်ပြန့် တဲ့ ဥယျာဉ် တော်များများ ရှိရင်ပိုကောင်းမယ် လို့ လည်ပတ်သူတစ်ဦးက ပြောပါတယ် ။

 

(၆) New Zealand Sports Hall of Fame

 

url

နယူးဇီလန်ရဲ့အကြီးကျယ်ဆုံးအားကစား နဲ့အဆိုတော်တွေ ရဲ့ အမှတ်ရစရာအခိုက်အတန့် သူတို့ရဲ့ ဆုဖလား တွေ ကို အမှတ်တရထိမ်းသိမ်းထားတဲ့ နေရာတစ်ခုက နယူဇီလန် ကျော်ကြာမှုများစုဝေးရာ ခန်းမတစ်ခုက လည်ပတ်သင့်တဲ့နေရာတစ်ခုပါ ။ဒီခန်းမ ထဲ ရောက်သွား ခဲ့ရင်တော့ သိသိသာသာ လှုပ်ရှားသက်ဝင်နေပါလိမ့်မယ်။

prv_0ccd0_1424072126sc

ချန်ပီယံ တွေနဲ့ နယူးဇီလန်ရဲ့ကျော်ကြားတဲ့အားကစားသမားတွေရဲ့ ရှေးဟောင်းအမွေအနှစ်တွေ သူတို့ရဲ့အမှတ်တရ အသုံးအဆောင် တွေ ၊ သူတို့ရဲ့အောင်မြင်မှုတွေ ၊ သူတို့၏ယူနီဖောင်းတွေ , သူတို့ရဲ့ ဆုဖလားနှင့်ဆုတံဆိပ်တွေကိုတွေ့မြင်ရမှာပါ။  1990 နယူးဇီလန်ရဲ့ နှစ်၁၅၀ ပြည့်ပွဲ နေ့မှာ မှတ်မှတ်ရရ ဒီခန်းမ ကိုဖွင့်လှစ်ခဲ့ တာပါ။ ခန်းမထဲမှာပဲ ခေတ်အဆက်ဆက် အားကစားများရဲ့ ပုံရိပ်တွေရှင်သန်စေခဲ့ပါတယ် ။

နယူဇီလန်ရဲ့ အားကစားဂုဏ်က ယနေ့ထက်ထပဲ အောင်မြင်နေပါတယ် ဘောလုံးသမား Kayak ကိုကြည့်ပါ။

ခန်းမ ရဲ့ လက်ရှိအမှုဆောင်အရာရှိချုပ်အားကစားစာရေးဆရာ Ron Palenski ပဲ ဖြစ်ပါတယ်။

ဒနိတ်ဒင်း မြို့တော်ဟာ တည်ငြိမ်တဲ့ သမိုင်းနဲ့ ပညာရေးမြို့တော်ဖြစ်တဲ့အလျောက် ပြတိုက်များစွာ ရှိနေတယ်ဆိုတာဟာလဲ အတိတ်ကိုနမူနာယူရင်း ရှေ့ဆက်နေတဲ့ အနာဂတ်မှာ ပိုမိုအဓိပ္ပာယ် ပြည့်ဝနေပါတယ်။

ခရီးသွားပရိတ်သတ်များအနေနဲ့ ဒီ လို သဘာဝပတိဝန်းကျင်ထိမ်းသိမ်းထားသော ၊ ပညာရေးသမိုင်းထင်ရှားသော၊

အားကစားစိတ်ဓါတ်ပြင်းထန်သော ဒနိတ်ဒင်း မြို့တော်ကိုသွားရောက်လည်ပတ်ဖို့ စာရင်းထဲမှာထည့်ထားသင့်ပါတယ်။ အကယ်လို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ပြီးပီဆိုရင်တော့

Oway ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ လူကြီးမင်တို့ရဲ့ခရီးစဉ်များကို package လိုက်ဝယ်ယူနိုင်သလို၊ ဟိုတယ်သီးသန့်၊ လေယဉ်လက်မှတ်သီးသန့် ၀ယ်ယူလို့သူများကို လည်းအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ ခရီးစဉ်အတွက်လိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းစုံစမ်းတိုင်ပင်နိုင်ပါတယ်။ Oway facebook page မှာလဲ

ခရီးသွားသတင်းတွေ နဲ့ အထူးလျော့ဈေး များကိုအချိန်နဲ့ တပြေးညီဖော်ပြပေးမှာ ဖြစ်လို့ Like လုပ်ထားနိုင်ပါတယ်။

လုံခြုံစိတ်ချရသောခရီးတစ်ကို စတင်နိုင်ဖို့ OWAY Travel Services  Ph- 094504506 01 ~ 02  သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s