ခရီးသွားခြင်း

ခရီးသွားခြင်းဟာ လူတိုင်းကို ပိုပြီးကောင်းမွန်တဲ့လူတစ်ဦးဖြစ်လာစေပါတယ်။ ခရီးစဉ်တစ်ခု ပြီးဆုံးသွားတဲ့အခါမှာ ခရီးစဉ်မစတင်တုန်းကထက် တစ်နည်းတစ်ဖုံပိုပြီးတိုးတက်စေပါတယ်။ ပိုပြီးရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာစေသလို ပတ်ဝန်းကျင်နဲ့  သဟဇာတဖြစ်တဲ့ လူတစ်ဦးလည်းဖြစ်လာစေပါတယ်။ ခရီးထွက်ခြင်းကြောင့် အတွေ့ အကြုံများလာတဲ့ အတွက် သင်ဟာစိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ဦးလည်းဖြစ်လာမှာပါ။
ဘယ်လိုပုံစံနဲ့ တိုးတက်လာစေတယ်၊ ဘာကြောင့်တိုးတက်လာစေတယ်ဆိုတာကို အောက်ပါအချက်အလက်လေးနဲ့ ပြုစုကြည့်ရအောင်။

ဆက်ဆံရေးပိုင်းမှာတိုးတက်လာခြင်း – နေရာဒေသအသစ်၊ မိတ်ဆွေသူငယ်ချင်းအသစ်တွေနဲ့ တွေ့ရှိလာတဲ့အချိန်မှာ သင့်အနေနဲ့ လုပ်စရာနှစ်ခုပဲရှိပါတယ်။ ပထမတစ်ခုကတော့ မိတ်ဆွေသူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးအောင်လုပ်မယ်။ ဆက်ဆံရေးပြေပြစ်အောင်လုပ်မယ်ပေါ့။
နောက်တစ်ခုကတော့ အမြဲတမ်းတစ်ယောက်ထဲနေမယ်။ ငိုရတဲ့ အချိန်ဆိုရင်တောင်ဖတ်ထားစရာ ခေါင်းအုံးလေးတစ်လုံးပဲရှိတဲ့အခြေအနေပေါ။ ဒီလိုဆိုရင် သင်ဟာ သူငယ်ချင်းမိတ်ဆွေ အသစ်တွေလုပ်ဖို့ ကြိုးစားရင်း မသိတဲ့ သူစိမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ရာမှာ တိုးတက်လာပါလိမ့်မယ်။


စကားပြောဆိုရာမှာ တိုးတက်လာခြင်း – နေရာဒေသအသစ်တစ်ခုမှာ မိတ်ဆွေသူငယ်ချင်းအသစ် အများအပြားတွေ့လာမယ်။ စကားတွေလည်းအများကြီးပြောရတော့မယ်။ လူတိုင်းကို အမြဲတမ်း တူညီတဲ့ မေးခွန်းတွေပဲ မေးနေမယ်ဆိုရင်တော့ ကြာရင် ပျင်းစရာကောင်းလာမှာပေါ့။ အပေါ်ယံမေးခွန်းတွေဖြစ်တဲ့ ‘ဘယ်ကလဲ’၊ ‘ဘယ်သွားမလို့လဲ’ အစရှိတာတွေက တစ်ကယ်တန်းကျတော့ လူတစ်ဦးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ မလုံလောက်သေးပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေ မေးတတ်တဲ့ ကျွမ်းကျင်မှု သင်တိုးတက်လာပါလိမ့်မယ်။ လူတစ်ဦးအကြောင်း နက်နက်ရှိင်းရှိင်းသိနိုင်မယ့်မေးခွန်းတွေ၊ စကားမျိုးလေးတွေပေါ့။

မိမိကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာခြင်း – သင်ကနေရာတော်တော်များများကို ရောက်ဖူးပြီးပြီ။ မြင့်မားတဲ့တောင်ပေါ်တွေလည်းတက်ဖူးပြီးသွားပြီ။ အံ့သြစရာကောင်းတာတွေလည်းလုပ်ဖူးပြီးပြီလေ။ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိပဲနေပါ့မလား ? သင့်ရဲ့ အရည်အသွေးတွေအပေါ်ယုံကြည်မှုအပြည့်အ၀ရှိနေမှာသေချာတာပေါ့။

သည်းခံနိုင်လာခြင်း – သင်က လေယာဉ်လည်း နောက်ကျတာလည်ကြုံဖူးပြီ၊ ခပ်နှေးနှေး ဘတ်စ်ကားတွေလည်းစီးဖူးပြီ၊ မကောင်းတဲ့အစားအစာတွေလည်း စားဖူးပြီ … အစရှိသဖြင့်ပေါ့… ဒီလိုအခြေအနေတွေမှာ သင့်လျော်အောင်နေတတ်လာပါလိမ့်မယ်။ စိတ်ဆိုးစိတ်ကောက်ခြင်း မရှိဘဲနဲ့ ဒီလိုအခြေအနေကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားတတ်လာမယ်။

ပိုပြီးစွန့်စားတတ်လာခြင်း – မိမိအရည်အသွေးတွေအပေါ်မှာ ယုံကြည်မှု ရှိလာပြီဆိုရင်တော့ သင်ဟာ အသစ်အဆန်းတွေအပေါ်မှာ စွန့်စားရဲလာပါတယ်။ သက်တောင့်သက်သာရှိတာတွေကိုပဲ ရှာနေမယ်ဆိုရင်တော့ ဘ၀ရဲ့ အရသာအစစ်အမှန်ကို မရနိုင်ဘူးဆိုတာသင်သဘောပေါက်လာပါမယ်။

ဗဟုသုတကြွယ်ဝလာခြင်း – ခရီးသွားခြင်းကြောင့် ကမ္ဘာလောကကြီးရဲ့ အကြောင်းကို မိမိအတွေ့အကြုံနဲ့ မျက်မြင်ကိုတွေ့ ပိုသိလာပါတယ်။ စာအုပ်စာပေတွေမှာ၊ တီဗွီတွေမှာ မြင်ရကြားရတာထက် လူတွေအကြောင်း၊ နေရာတွေရဲ့ အကြောင်းကို အရင်မသိ၊ မမြင်ဖူးခဲ့တဲ့ ရှုထောင့် အမြင်ကနေ တွေ့ကြုံခံစားရတဲ့အတွက် အလွန်တန်းဖိုးရှိတဲ့ ဗဟုသုတတွေကိုရရှိလာစေမှာဖြစ်ပါတယ်။

Source : The Mysterious World

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s