တတိယကမ္ဘာ့နိုင်ငံက Passport နဲ့ ကမ္ဘာပတ်ခရီးဘယ်လိုသွားမလဲ။ Let Oway Tell you how to Travel the world with a third-world-country passport.

ပြည်ပခရီးတစ်ခုထွက်ဖို့အတွက်ပထမဆုံးအနေနဲ့ အရေးကြီးတာကတော့ passport ပါ။။ Passport လို့ပြောရင် ၄င်းတို့ အမျိုးအစားတွေအကြောင်းကလည်း အတော်ကိုစိတ်ဝင်စားစရာပါ။ ကိုင်ဆောင်ထားတဲ့ Passport ဟာ နိုင်ငံစုံသွားနိုင်တယ်၊ Visa Free နဲ့ နေထိုင်နိုင်တယ်၊ သွားရောက်လည်ပတ်တဲ့နိုင်ငံမှာ Long Stay ခေါ်တဲ့ အချိန်အကြာကြီးနေထိုင်ခွင့် စတာတွေရရှိခံစားနိုင်တယ်ဆိုရင် ယင်းPassport ဟာ အတော်ကို အသုံးဝင်တဲ့ passport အမျိုးအစားထဲထည့်သွင်းလို့ရပြီ။ အသုံးအ၀င်ဆုံး passport ဆိုမှတော့ အင်အားကြီးနိုင်ငံတွေက နိုင်ငံသားတွေရဲ့အခွင့်ထူးတွေပါပဲ။ 2015 ခုနှစ်ရဲ့စစ်တမ်းသတ်မှတ်ချက်အရတော့ ဆွီဒင်၊ ဖင်လန်၊ ဂျာမနီ၊ အမေရိကန် နဲ့ ဗြိတိသျှ passport တွေဟာ အင်းအာကြီး စာရင်းဝင်တွေပါပဲ။ ဆွီဒင်ပတ်စ်ပို့စ်ကိုင်ဆောင်ထားသူတစ်ယောက်က နိုင်ငံပေါင်း (၁၇၄) နိုင်ငံကို visa free သွားရောက်နေချိန်မှာ မြန်မာပတ်စ်ပို့စ်ကိုင်ဆောင်ထားသူတွေက အမေရိကန်…

ကမ္ဘာ့ အကောင်းဆုံးလေကြောင်းလိုင်းများစာရင်းကို TripAdvisor မှ ထုတ်ပြန်

ခရီးသွားပရိတ်သတ်ကြီးရဲ့ ဝေဖန်သုံးသပ်ချက်တွေအပေါ် အမှီပြုပြီးတော့ TripAdvisor မှ ကမ္ဘာ့ အကောင်းဆုံးလေကြောင်းလိုင်းများစာရင်းကို ပထမဆုံးအကြိမ်ထုတ်ပြန်လိုက်ပါတယ်။ တစ်နှစ်တာကာလအတွင်းမှာ ခရီးသွားပရိတ်သတ်တွေရဲ့ဝေဖန်သုံးသပ်မှု အရေအတွက်နဲ့ ဝန်ဆောင်မှုများ ပေါ်မူတည်ပြီး စာရင်းပြုစုထားတာဖြစ်ပါတယ်။ Emirates Airline ကတော့ နံပါတ် ၁ နေရာကိုယူသွားပါတယ်။ Singapore Airline ကတော့ ဒုတိယနေရာကိုယူထားပြီးတော့ Brazil အခြေစိုက် Azul Airline ကတော့ တတိယနေရာကိုယူထားပါတယ်။ Emirates Airline ကတော့ ကမ္ဘာ့ အကြီးဆုံး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး တိုက်ကြီး ၆ တိုက်ရဲ့ နိုင်ငံ ပေါင်း ၈၃ နိုင်ငံမှာရှိတဲ့ မြို့ ပါင်း ၁၅၅ မြို့ ကိုပြေးဆွဲနေတာဖြစ်ပါတယ်။ ကမ္ဘာ့ ထိပ်သီး လေကြောင်းလိုင်း(၁၀)ခုစာရင်းကိုတော့အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။ TOP 10 AIRLINES…

ကမ္ဘာ့ အကောင်းဆုံး နိုင်ငံကူးလက်မှတ် ၂၅ ခု

နိုင်ငံခြားတွေ သွားလည်တော့မယ်ဆိုရင် နိုင်ငံတော်တော်များများအတွက် ဗီဇာလိုအပ်ပါတယ်။ ဗီဇာမလိုတဲ့ နိုင်ငံအရေအတွက်များလေလေ နိုင်ငံကူးလက်မှတ်တစ်ခုရဲ့ အင်အားတန်ဖိုးကလည်းကြီးလေလေပါပဲ။ အောက်မှာဖော်ပြထားတာကတော့ ဗီဇာလျှောက်စရာမလိုပဲ နိုင်ငံရပ်ခြားကို လွယ်လင့်တကူ သွားရောက်နိုင်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့  ၄င်းတို့ သွားနိုင်တဲ့ နိုင်ငံအရေအတွက်ကို ဖော်ပြပေးထားပါတယ်။ ၁။ ဂျာမနီ (၁၇၆ နိုင်ငံ) ၂။ ဆွီဒင် (၁၇၅ နိင်ငံ) ၃။ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ စပိန် နဲ့  အမေရိကန်နိုင်ငံ (၁၇၄ နိင်ငံ) ၄။ သြစတြီယား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေး၊ စင်္ကာပူ နဲ့  ယူကေ (၁၇၃ နိုင်ငံ) ၅။ အိုင်ယာလန်၊ ဂျပန် နဲ့ …

ကမ္ဘာ့ ဈေးအကြီးဆုံးအဆောက်အဦး (၁၀) ခု

ကမ္ဘာပေါ်မှာ နာမည်ကြီး အထင်ကရ အဆောက်အဦးတွေ အများအပြားရှိပါတယ်။ အတွင်းရော အပြင်ပါ ခမ်းခမ်းနားနား ဖြစ်အောင် တည်ဆောက်မွန်းမံထားတဲ့အဆောက်အဦးတွေပေါ့။ ဈေးအကြီးဆုံးစာရင်းမှာတော့ အထပ်မြင့်အဆောက်အဦးတွေသာမဟုတ်ပဲ  အဆင့်မြင့် ဟိုတယ်တွေ၊ လူနေတိုက်ခန်းအဆောက်အဦးတွေ အစရှိသဖြင့်ပေါ့။ ကဲ….. ဘယ်အဆောက်အဦးတွေက ကမ္ဘာ့ ဈေးအကြီးဆုံး အဆောက်အဦး  ၁၀ ခုဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။ ၁၀။ မင်းသမီးမျှော်စင် တည်နေရာ – ဒူဘိုင်း၊ ယူအေအီး ကုန်ကျစရိတ် – US$2.17 Billion UAE နိုင်ငံ၊ ဒူဘိုင်းမြို့မှာရှိတဲ့ မင်းသမီးမျှော်စင် ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလူနေတိုက်ခန်းအဆောက်အဦးဖြစ်ပါတယ်။ ၄၁၄ မီတာရှိပြီး Burj Khalifa ရဲ့ ဘေးနားမှာရှိတဲ့ မင်းသမီးမျှော်စင် ဟာ ဒူဘိုင်း ရဲ့ ဒုတိယအမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ်။ စုစုပေါင်း တည်ဆောက်မှု ကုန်ကျစရိတ်ကတော့…