တတိယကမ္ဘာ့နိုင်ငံက Passport နဲ့ ကမ္ဘာပတ်ခရီးဘယ်လိုသွားမလဲ။ Let Oway Tell you how to Travel the world with a third-world-country passport.


ပြည်ပခရီးတစ်ခုထွက်ဖို့အတွက်ပထမဆုံးအနေနဲ့ အရေးကြီးတာကတော့ passport ပါ။။ Passport လို့ပြောရင် ၄င်းတို့ အမျိုးအစားတွေအကြောင်းကလည်း အတော်ကိုစိတ်ဝင်စားစရာပါ။ ကိုင်ဆောင်ထားတဲ့ Passport ဟာ နိုင်ငံစုံသွားနိုင်တယ်၊ Visa Free နဲ့ နေထိုင်နိုင်တယ်၊ သွားရောက်လည်ပတ်တဲ့နိုင်ငံမှာ Long Stay ခေါ်တဲ့ အချိန်အကြာကြီးနေထိုင်ခွင့် စတာတွေရရှိခံစားနိုင်တယ်ဆိုရင် ယင်းPassport ဟာ အတော်ကို အသုံးဝင်တဲ့ passport အမျိုးအစားထဲထည့်သွင်းလို့ရပြီ။ အသုံးအ၀င်ဆုံး passport ဆိုမှတော့ အင်အားကြီးနိုင်ငံတွေက နိုင်ငံသားတွေရဲ့အခွင့်ထူးတွေပါပဲ။

2015 ခုနှစ်ရဲ့စစ်တမ်းသတ်မှတ်ချက်အရတော့ ဆွီဒင်၊ ဖင်လန်၊ ဂျာမနီ၊ အမေရိကန် နဲ့ ဗြိတိသျှ passport တွေဟာ အင်းအာကြီး စာရင်းဝင်တွေပါပဲ။

ဆွီဒင်ပတ်စ်ပို့စ်ကိုင်ဆောင်ထားသူတစ်ယောက်က နိုင်ငံပေါင်း (၁၇၄) နိုင်ငံကို visa free သွားရောက်နေချိန်မှာ မြန်မာပတ်စ်ပို့စ်ကိုင်ဆောင်ထားသူတွေက အမေရိကန် နဲ့ ဥရောပနိုင်ငံတွေကိုတောင် လွယ်လင့်တကူသွားလာလို့မရသေးတဲ့အချိန်အခါမျိုးပါ။

ကိုယ့် passport အပေါ်မှာလည်းရိုးမယ်ဖွဲ့ အပြစ်တင်လို့ မရပြန်ဘူး။ နိုင်ငံတိုင်းမှာသက်ဆိုင်ရာကန့်သတ်ချက်၊ စည်းမျဉ်း၊ စည်းကမ်းဆိုတာတွေနဲ့ သတ်မှတ်ထားမှ ဒုစရိုက်မှုတွေကိုလည်းတားမြစ်ရာရောက်မှာပါ။ အကယ်၍ ဒီလိုကန့်သတ်ချက်တွေသာမရှိပဲ ၀င်ချင်တိုင်းဝင် ခွင့်ပြုနေမယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေးစတာတွေမှာ အန္တာရယ်များလာနိုင်ပါတယ်။

ကိုယ်ရရှိထားတဲ့ passport နဲ့ပဲဘယ်လိုမျိုးသွားနိုင်အောင် လုပ်မယ်ဆိုတာလေးပဲလိုအပ်နေတာပါ။ “ဖြစ်နိုင်ရဲ့လား?” ဆိုတဲ့ ဒီမေးခွန်းဟာလူတိုင်းမေးချင်ကြမှာပါ။

အချိန်တွေယူပြီးအောက်ဖော်ပြပါလိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးလုပ်ပြီးရင်တော့ passport တစ်ခုက အင်အားနည်းနေပါစေ ကိုယ့်ရဲ့ကမ္ဘာပတ်ခရီးစဉ်တစ်ခုကိုရပ်တန့်ပစ်လို့မရနိုင်ဘူးဆိုတာသိလာမှာပါ။

၁။ Visa Free နိုင်ငံတွေ နဲ့ VOA (Visa on Arrival) နိုင်ငံတွေကိုအရင်ဦးစာပေးသွားပါ

ခရီးစသွားသွားချင်းမှာ ဒီလိုလွယ်လွယ်ကူကူသွားလာရလွယ်တဲ့ နိုင်ငံတွေကိုရွေးချယ်သွားရောက်ခြင်းဟာ ကိုယ့်ရဲ့ခရီးသွားချင်စိတ်ကိုပိုမိုအားတက်စေမှာပါ။ ခရီးသွားရာမှာ အမေရိကန်လို လွယ်လင့်တကူသွားလို့မရတဲ့နိုင်ငံတွေကို ဒုတိယဦးစားပေး ထားပြီးသွားပါ။ ဒီလိုခရီးတွေသွားဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေအများကြီးကိုစီစဉ်ရအုံးမယ်။ အချိန်ပေးရမယ်ဆိုရင်  ခရီးသွားချင်နေတဲ့စိတ်ကိုလည်းလျော့ကျစေသလို အခုလိုစီစဉ်နေရ၊ စောင့်နေရတဲ့ချိန်မှာ visa free ၂ နိုင်ငံလောက်ကို သွားပြီးသလောက်ဖြစ်နေပါပြီ။

၂။ အကယ်၍ Visa လိုတဲ့နိုင်ငံ နဲ့ မလိုတဲ့နိုင်ငံဆက်တိုက်သွားချင်တယ်ဆိုရင်ရော

ဒါမျိုးလည်းကြုံနိုင်ပါတယ်။ သဘောအားဖြင့်ကိုယ်ဟာ အမိနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံရောက်နေချိန်မှာဆက်ပြီး Visa လိုတဲ့နိုင်ငံတစ်ခုကို ခရီးဆက်ချင်တယ်ဆိုရင် ကိုယ်ရောက်နေတဲ့နိုင်ငံက သက်ဆိုင်ရာသံရုံးကနေတစ်ဆင့်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုရှိတာကတော့ များသောအားဖြင့် နိုင်ငံတိုင်းရဲ့သံရုံးတိုင်းမှာသူ့ စည်းမျည်းစည်းကမ်းတွေ ရှိနေမယ်ဆိုတာပါ။ တစ်ချို့ကသက်ညှာလွယ်ကူပေမယ့် တစ်ချို့ကတော့အရမ်းတင်းကျပ်မယ်။ များသောအားဖြင့် တင်းကျပ်ပါလိမ့်မယ်။

မဖြစ်နိုင်တာတော့မဟုတ်ပါ။ ပိုခက်ခဲပြီးကိုယ့်ရဲ့ခရီးစဉ်ကိုလည်းကြန့် ကြာစေနိုင်ပါတယ်။ မိမိမှာအခုလိုအစီအစဉ်ရှိနေမယ်ဆိုရင်တော့ အမိနိုင်ငံမှာရှိနေကတည်းကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားတာကတော့ အဆင်ပြေဆုံးနဲ့စိတ်အချမ်းသာဆုံးခရီးဖြစ်စေမှာပါ။

၃။ တည်းခိုနေထိုင်မည့်နေရာနှင့် လေယာဉ်ခရီးစဉ်

Visa လိုတဲ့နိုင်ငံပဲဖြစ်ဖြစ် ၊ Visa free နိုင်ငံပဲဖြစ်ဖြစ် အထက်ပါ ၂ ချက်ကိုတော့ သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးကို အသိပေးထားရမှာဖြစ်ပါတယ်။ ဒါတွေအတွက်ကိုလည်း ဒီလိုပြင်ဆင်ကြည့်ရအောင်။

  • ဆွေမျိုး၊ သူငယ်ချင်း စတဲ့အသိအကျွမ်းတွေရှိမယ်ဆို သွားရောက်နေထိုင်မှာလား။ ဒါဆိုရင်တော့ Invitation (ခေါ်စာ) တော့လိုပါမယ်။
  • နိုင်ငံခြားမှာအလုပ်လုပ်ပြီး ၀င်ငွေရှာမလား။ ဒါမျိုးဆိုရင်တော့ work visa တော့လိုပါမယ်။ အကယ်၍သင်ဟာ tourist visa ကိုပဲကိုင်ပြီးသွားရာကနေ online ကတဆင့် ဆက်သွယ်ချိတ်ဆက်တဲ့အလုပ်မျိုးလုပ်ဆောင်တာလောက်ဆိုရင်တော့ work visa မလိုပါဘူး။ ဒေသတွင်း အလုပ်အကိုင်ကိုထိခိုက်စေတာမဟုတ်တဲ့အတွက် အကယ်၍ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးကမေးလာခဲ့သည်ရှိသော် မိမိဟာ online ပေါ်မှတစ်ဆင့်သာ ဆက်သွယ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းနဲ့ဖြေရှင်းလို့ရနိုင်မှာပါ။ အမိနိုင်ငံကမထွက်ခွာခင် သံရုံးကိုလိုအပ်တဲ့အထောက်အထားအပြည့်အစုံကိုယ့်ခရီးစဉ်ကို visa လျှောက်စဉ်ကတည်းက တင်ပြခဲ့တာတော့အကောင်းဆုံးနည်းလမ်းပေါ့နော်။
  • တစ်ဖက်နိုင်ငံမှာတခြားအလုပ် လုပ်မယ်ဆိုပါစို့ ။ ဥပမာ ၊ Volunteer အဖွဲ့အစည်းအနေနဲ့လုပ်ငန်းတွေသွားရောက်လုပ်ကိုင်မယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ခေါ်စာ၊သွားရောက်ရတဲ့အကြောင်းရင်းနဲ့ တည်းခိုနေထိုင်ရေးအတွက်ထောက်ပံ့မယ့်အဖွဲ့အစည်းရဲ့သတင်းအချက်အလက် ဒါတွေကိုကြိုတင်အကြောင်းကြားထားရပါမယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s