ခရီးသွားရန် စိတ်အားထက်သန်စေမယ့် နည်းလမ်း (၆) သွယ်

စိတ်အားထက်သန်တဲ့ လူတွေဟာ သူတို့ တွေးတောကြံစည်ထားသမျှကို ရအောင်လုပ်နိုင်ကြတယ်။ ဒါပေမယ့် အမြဲတမ်း စိတ်အားထက်သန်အောင် ဘယ်လိုနေကြမလဲ။ အထူးသဖြင့် ခရီးထွက်ဖို့ ဆိုရင် ဘယ်အရာတွေက စိတ်အားထက်သန်စေမှာလဲ ??? နေရာအသစ်တွေအကြောင်းလေ့လာပါ။ သင်သွားချင်တဲ့ နေရာအကြောင်းကို အမြဲတမ်းဖတ်ရှုနေပါ။ Online ကနေ နေရာအသစ်တွေအကြောင်းကိုဖတ်ရှုခြင်း၊ နိုင်ငံခြားသတင်းတွေကနေ တစ်ဆင့်နေရာအသစ်တွေအကြောင်းကို တစ်မျိုးတစ်ဖုံလေ့လာခြင်းဖြင့် သွားရောက်လည်ပတ်နိုင်တဲ့နေရာတွေ အများအပြားရှိပါလားဆိုတာကို တွေ့ ရှိလာပါလိမ့်မယ်။ နေရာစုံအကြောင်း ပိုပြီးလေ့လာလေလေ၊ ဘယ်နေရာသွားမလဲဆို ပိုစဉ်းစားနိုင်လာလေလေပါပဲ။ အချိန်ပေးပါ။ နေ့ စဉ်အလုပ်တွေကတော့ အမြဲတမ်းများနေမှာဖြစ်ပါတယ်။ ဆိုပါတော့ မေလမှာ ထိုင်းသွားလည်ဖို့ စဉ်းစားခဲ့ဖူးတာကို အခုမေလကုန်သွားမှ ပြန်သတိရလာတာမျိုးကြုံဖူးမှာပါ။ အားတဲ့အချိန်လေးကို လုယူပြီး ခရီးစဉ်အတွက် အစီအစဉ် အကြမ်းဖျင်းပဲဖြစ်ဖြစ် စီစဉ်နိုင်အောင် ကြိုးစားပါ။ ခရီးသွားဘလော့ (Travel Blog) တွေဖတ်ပါ။ အခြားခရီးသွားတွေရဲ့…

ခရီးသွားခြင်း

ခရီးသွားခြင်းဟာ လူတိုင်းကို ပိုပြီးကောင်းမွန်တဲ့လူတစ်ဦးဖြစ်လာစေပါတယ်။ ခရီးစဉ်တစ်ခု ပြီးဆုံးသွားတဲ့အခါမှာ ခရီးစဉ်မစတင်တုန်းကထက် တစ်နည်းတစ်ဖုံပိုပြီးတိုးတက်စေပါတယ်။ ပိုပြီးရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာစေသလို ပတ်ဝန်းကျင်နဲ့  သဟဇာတဖြစ်တဲ့ လူတစ်ဦးလည်းဖြစ်လာစေပါတယ်။ ခရီးထွက်ခြင်းကြောင့် အတွေ့ အကြုံများလာတဲ့ အတွက် သင်ဟာစိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ဦးလည်းဖြစ်လာမှာပါ။ ဘယ်လိုပုံစံနဲ့ တိုးတက်လာစေတယ်၊ ဘာကြောင့်တိုးတက်လာစေတယ်ဆိုတာကို အောက်ပါအချက်အလက်လေးနဲ့ ပြုစုကြည့်ရအောင်။ ဆက်ဆံရေးပိုင်းမှာတိုးတက်လာခြင်း – နေရာဒေသအသစ်၊ မိတ်ဆွေသူငယ်ချင်းအသစ်တွေနဲ့ တွေ့ရှိလာတဲ့အချိန်မှာ သင့်အနေနဲ့ လုပ်စရာနှစ်ခုပဲရှိပါတယ်။ ပထမတစ်ခုကတော့ မိတ်ဆွေသူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးအောင်လုပ်မယ်။ ဆက်ဆံရေးပြေပြစ်အောင်လုပ်မယ်ပေါ့။ နောက်တစ်ခုကတော့ အမြဲတမ်းတစ်ယောက်ထဲနေမယ်။ ငိုရတဲ့ အချိန်ဆိုရင်တောင်ဖတ်ထားစရာ ခေါင်းအုံးလေးတစ်လုံးပဲရှိတဲ့အခြေအနေပေါ။ ဒီလိုဆိုရင် သင်ဟာ သူငယ်ချင်းမိတ်ဆွေ အသစ်တွေလုပ်ဖို့ ကြိုးစားရင်း မသိတဲ့ သူစိမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ်ရာမှာ တိုးတက်လာပါလိမ့်မယ်။ စကားပြောဆိုရာမှာ တိုးတက်လာခြင်း – နေရာဒေသအသစ်တစ်ခုမှာ မိတ်ဆွေသူငယ်ချင်းအသစ် အများအပြားတွေ့လာမယ်။ စကားတွေလည်းအများကြီးပြောရတော့မယ်။…