ဟီရိုရှီးမားမြို့တော်

ကမ္ဘာပေါ်မှာသွားချင်စရာကောင်းတဲ့နေရာများစွာရှိတဲ့အထဲမှ ဒီတစ်ခါမှာတော့ ကမ္ဘာ့သမိုင်းထဲကအထင်ကရမြို့တစ်မြို့ဖြစ်တဲ့ ဂျပန်နိုင်ငံ၏ ဟီရိုရှီးမားမြို့တော်ကြီးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်။ လည်စရာပတ်စရာနေရာတွေအပြင် အမှတ်တရပြုလုပ်စရာ activity များစွာကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဟီရိုရှီးမားမြို့တော်ကြီးကိုသွားရောက်လည်ပတ်ရန်အသင့်တော်ဆုံးအချိန်ကတော့ နွေဦးရာသီပဲဖြစ်ပါတယ်။ နွေဦးရာသီက မည်သည့်ဒေသမှလာရောက်လည်ပတ်တဲ့ခရီးသွားဖြစ်စေ သင့်တော်တဲ့ရာသီဥတုပဲဖြစ်ပါတယ်။ အမျိုးစုံလင်လှသောပန်းများဟာ နွေဦးရာသီမှာအပြိုင်အဆိုင်ပွင့်ကြပြီး အလွန်တရာလှပပါတယ်။ ဟီရိုရှီးမား၊ စီရာမြို့က ကမ္ဘာလှည့်ခရီးသွားပန်းပြပွဲ၊ ဟီရိုရှီးမားစီရင်စုနယ်ရဲ့ ပွဲတော်ကြီးတွေထဲကတစ်ခုဖြစ်တဲ့ ပန်းပွဲတော်နှင့် အပြိုင်အဆိုင်ပွင့်ကြတဲ့ အလွန်လှပတဲ့ချယ်ရီပန်းတွေကို တွေ့မြင်ရမှာပါ။ စီရာမြို့တော်ဟာ ဟီရိုရှီးမားစီရင်စုနယ်၏ အရှေ့မြောက်ဘက်မှာတည်ရှိပြီး များစွာသော ပန်းခြံကြီးတွေပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာလှည့်ခရီးသွားအများစု လာရောက်လည်ပတ်ကြပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ပန်းခင်ကြီးတွေဟာ စီရာမြို့တော်ထဲက မြို့နယ်များအလိုက်စိုက်ပျိုးထားကြပါတယ်။ အရောင်တွေအားဖြင့် အဖြူ၊ အနီ၊ ခရမ်းနှင့် ပန်းရောင်တို့ပဲဖြစ်ပါတယ်။ ကောင်းကင်မြင်ကွင်း (သို့မဟုတ်) အဝေးမှကြည့်လျှင် မျက်စိထဲထင်သာမြင်သာစေသည့် သတ္တဝါအရုပ်ပုံများကို ပန်းခင်းကြီးများထဲတွင် ပုံဖော်စိုက်ပျိုးကြပါတယ်။ ပုံဖော်ထားတဲ့ ပန်းခင်းထဲကအရုပ်ပုံကြီးတွေနှင့် အစီအရီလှပစွာစိုက်ပျိုးထားတဲ့ပန်းတွေကြောင့် ခရီးသွားတွေနှင့် ဓာတ်ပုံသမားအများစုတို့ဖြင့်…

ထူးခြားသော ဂျပန်ရိုးရာအက Noh နှင့် ကျောင်းတော်ကြီး Toda-ji ဆီ သို့ အလည်တစ်ခေါက်

ဂျပန်နိုင်ငံ လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ အများအပြားပိုင်ဆိုင် တဲ့ တမူထူးခြားတဲ့ ရိုရာဓလေ့၊ အမှုအကျင့် တွေကို ပိုင်ဆိုင်တဲ့ လေ့လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်စနစ် ပြောင်းလဲမှု့များကြောင် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ် လိုတယ်ဆိုရင် အရင်ကထက်ပိုမိုလွယ်ကူလာပြီဖြစ်ပါသည်။ ပတ်ဝန်ကျင်သာယာလှပပြီး၊ ခေတ်မှီဖွင့်ဖြိုးတိုးတက်မှု့တွေနဲ့အတူ ဂျပန်လူမျိုးများ ဟာ မိမိတို့ ပိုဆိုင်တဲ့ရိုးရာ ဓလေ့ ကို မပျောက်မပျက် အောင် ယနေ့တိုင် ထိန်းသိမ်းထားနိုင်တာကိုတော ကျွန်တော်တို့အနေနဲ့ လေစား အတုခိုးရမည်ဖြစ်ပါသည်။ ဖွင့်ဖြိုးပြောင်လဲသင့်သည့်ဘက်က ပြောင်းလည်း ဖွင့်ဖြိုးတိုးတက်ပြီး ဆက်လက်ထိန်သီမ်းစောင့်ရှောက်ရမည့် အရာ များကို ထိန်းသီမ်း စောင့်ရှောက်တတ်သည် ဂျပန်လူမျိုးတို့၏ စိတ်ဓာတ်နှင့် အလုပ်လုပ်ပုံ အမှုအကျင့်များသည် တိုးတက်မှု့ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သော  ကျွန်တော်တို့ မြန်မာလူမျိုးများအတွက်တော့အတုယူလေးစားရမည်ဖြစ်သည်။ လည်စရာ၊ပတ်စရာ၊ ပျော်စရာ၊…

ဂျပန်နိုင်ငံ ရဲ့ အမှတ်သင်္ကတ ဖူဂျီတောင် (Mount Fuji) (သိုမဟုတ်) the Land of the Rising Sun

ယခုအပတ်မှာတော့ Oway မှ ဂျပန်နိုင်ငံ ရဲ့ အမှတ် သင်္ကတ တစ်ခုဖြစ်တဲ့ ဖူဂျီတောင် (Mount Fuji) အကြောင်းကို တင်ပြလိုက်ပါတယ်၊ နာမည်ကျော်တောင် ဖူဂျီဟာ ဂျပန်လူမျိုးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုး တစ်ခုဖြစရုံမက ယုံကြည်ကိုးကွယ်မှုနှင့်ဆိုင်တဲ မြေနေရာ ဒေသတခုလည်းဖြစ်နေပါတယ်၊ ဂျပန်နိုင်ငံ ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ဟာ အမြင့်ပေ ၃၇၇၆ မီတာ (၁၂၃၈၀ ပေ) ရှိပါတယ်။ သက်ရှိမီးတောင် (active volcano) တစ်ခုဖြစ်ပြီး Amurian လွင်ပြင်၊ Okhotsk လွင်ပြင် နှင့်  Filipino မြေပြန့်လွင်ပြင် သုံးခုစုံရာ ဒေသမှာတည်ရှိပါတယ်၊ မြို့တော်တိုကျို နှင့် ၆၂ မိုင်အကွာအဝေမှာ တည်ရှိတာမို့ ၁၇၀၁ ခုနှစ် နောက်ဆုံးအခေါက် မီတောင် ပေါက်ကွဲးစဉ်က…