ဆန်ဖရန်စစ္စကို မှာ (၃၆) နာရီ

ခရီးသွားပရိတ်သတ်တွေ ကိုထုံးစံအတိုင်း ထူးခြားပြီး နာမည်ကြီးတဲ့ မြို့တစ်မြို့ကိုခေါ်သွားချင်ပါတယ်။ ဘယ်မြို့ ပါလဲ ? ကြီးမားခန့်ညားတဲ့ ဆန်ဖရန်စစ္စကို မြို့ကြီးပါပဲ . ဆန်ဖရန်စစ္စကို မြို့ကြီးဟာ အဆောက်အအုံ အသစ် ၊ နည်းပညာနယ်ပယ်မှ လူငယ်မျိုးဆက်သစ်တွေ  အလျှိုလျှို ပေါ်ပေါက်လာတဲ့ နေတဲ့ မော်ဒန်မြိ့တော်ကြီးတစ်ခုဖြစ်နေပါတယ် . သဘာဝဆန်ဆန်နဲ့ ပျော်စရာတွေ ပြည့်နှပ်နေသော ဆန်ဖရန်စစ္စကို  မြို့ကို ကျွန်တောတို့ စာဖက်ပရိတ်သတ်တွေ သောကြာနေ့မှာ ရောက်သွားခဲ့မယ် ဆိုရင် …. မျက်တောင်မခတ်လိုက်ပါနဲ့ မဟုတ်ရင် ဆန်ဖရန်စစ္စကို ရဲ့ အလှသစ်တွေကို သင်လွတ်သွားပါလိမ့်မယ်။   သောကြာနေ့(၄ နာရီ) City By The Bay မြို့တော်ကို ရောက်ရောက်ချင်း ညနေခင်းရဲ့ အလှတရားကို စတင်ခံစားဖို့ သင်ကအထိုက်တန်ဆုံး လူသားတစ်ဦးဖြစ်နေပါပြီ…