ဟောင်ကောင်မှာ (၃၆) နာရီ

ကမ္ဘာပေါ်တွင် စီးပွားရေး အလျှင်အမြန်တိုးတက်နေသော နိုင်ငံတစ်ခုကို အနုပညာဆန်ဆန် စိတ်လှုပ်ရှားဖွယ်မြင်တွေ့နိုင်မယ့် နိုင်ငံတစ်ခုဆီကို ဒီလမှာတော့ ကျွန်တော့်တို့ရဲ့ ခရီးသွားပရိတ်သတ်ကြီးကို ခေါ်သွားချင်ပါတယ်။ Hong Kong ရဲ့ မြို့ပြတိုးတက်မှုဟာ ရပ်တန့်ဖို့ မလွယ်ကူလောက်အောင် လျင်လျင်မြန်မြန် တိုးတက်နေပါတယ်။ ၂ဝ၁၅ နှစ်အစပိုင်းမှာဘဲ မြို့သစ်ဒေသများကို စီမံကိန်းနယ်မြေများအဖြစ် ယနေ့အထိ တိုးချဲ့ဆောက်လုပ်နေခြင်းဟာ Hong Kong မြို့ရဲ့ အနာဂတ်ကို အထင်းသား တွေ့မြင်နိုင်ပါလိမ့်မယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် ထူးဆန်းသစ်ထားသော မြို့ပြစီမံကိန်းများ၊ အနုပညာရှင်များ၊ ဒီဇိုင်းဖန်တီးရှင်များ စုဝေးရာ အနုပညာ ပြတိုက်ခန်းမများအပါအဝင် အနာဂတ်ရဲ့ စီးပွားရေး၊ စွန့်ဦးတီထွင်သူများကို Hong Kong မြို့ပေါ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း Hong Kong မြို့ကို လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များမှ ရရှိသော…

ဟီရိုရှီးမားမြို့တော်

ကမ္ဘာပေါ်မှာသွားချင်စရာကောင်းတဲ့နေရာများစွာရှိတဲ့အထဲမှ ဒီတစ်ခါမှာတော့ ကမ္ဘာ့သမိုင်းထဲကအထင်ကရမြို့တစ်မြို့ဖြစ်တဲ့ ဂျပန်နိုင်ငံ၏ ဟီရိုရှီးမားမြို့တော်ကြီးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်။ လည်စရာပတ်စရာနေရာတွေအပြင် အမှတ်တရပြုလုပ်စရာ activity များစွာကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဟီရိုရှီးမားမြို့တော်ကြီးကိုသွားရောက်လည်ပတ်ရန်အသင့်တော်ဆုံးအချိန်ကတော့ နွေဦးရာသီပဲဖြစ်ပါတယ်။ နွေဦးရာသီက မည်သည့်ဒေသမှလာရောက်လည်ပတ်တဲ့ခရီးသွားဖြစ်စေ သင့်တော်တဲ့ရာသီဥတုပဲဖြစ်ပါတယ်။ အမျိုးစုံလင်လှသောပန်းများဟာ နွေဦးရာသီမှာအပြိုင်အဆိုင်ပွင့်ကြပြီး အလွန်တရာလှပပါတယ်။ ဟီရိုရှီးမား၊ စီရာမြို့က ကမ္ဘာလှည့်ခရီးသွားပန်းပြပွဲ၊ ဟီရိုရှီးမားစီရင်စုနယ်ရဲ့ ပွဲတော်ကြီးတွေထဲကတစ်ခုဖြစ်တဲ့ ပန်းပွဲတော်နှင့် အပြိုင်အဆိုင်ပွင့်ကြတဲ့ အလွန်လှပတဲ့ချယ်ရီပန်းတွေကို တွေ့မြင်ရမှာပါ။ စီရာမြို့တော်ဟာ ဟီရိုရှီးမားစီရင်စုနယ်၏ အရှေ့မြောက်ဘက်မှာတည်ရှိပြီး များစွာသော ပန်းခြံကြီးတွေပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာလှည့်ခရီးသွားအများစု လာရောက်လည်ပတ်ကြပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ပန်းခင်ကြီးတွေဟာ စီရာမြို့တော်ထဲက မြို့နယ်များအလိုက်စိုက်ပျိုးထားကြပါတယ်။ အရောင်တွေအားဖြင့် အဖြူ၊ အနီ၊ ခရမ်းနှင့် ပန်းရောင်တို့ပဲဖြစ်ပါတယ်။ ကောင်းကင်မြင်ကွင်း (သို့မဟုတ်) အဝေးမှကြည့်လျှင် မျက်စိထဲထင်သာမြင်သာစေသည့် သတ္တဝါအရုပ်ပုံများကို ပန်းခင်းကြီးများထဲတွင် ပုံဖော်စိုက်ပျိုးကြပါတယ်။ ပုံဖော်ထားတဲ့ ပန်းခင်းထဲကအရုပ်ပုံကြီးတွေနှင့် အစီအရီလှပစွာစိုက်ပျိုးထားတဲ့ပန်းတွေကြောင့် ခရီးသွားတွေနှင့် ဓာတ်ပုံသမားအများစုတို့ဖြင့်…

Ancient Angkor Wat Temple သို့ အလည်တခေါက်

Ancient Angkor Wat Temple သို့ အလည်တခေါက် ပြည်တွင်းစစ်၊ မငြိမ်းချမ်းမှုတွေပြီးဆုံး ချုပ်ငြိမ်းသွားတဲ့အချိန်ကစပြီး Cambodia နိုင်ငံ ဟာ ငြိမ်းချမ်းမှုနှင့် သာယာ ၀ပြောမှုများကို ပြန်လည် သယ်ဆောင်နိုင်ခဲ့ ပါတယ်။ အန်ကာဝပ် ဒေသရှိ ရှေးဟောင်း အဆောက်အဦး များ၊ ယဉ်ကျေးမှု အဆောက်အဦးများ ဟာ ထောင်ပေါင်းများစွာသော ခရီးသွားများ ကို သေးငယ်သောCambodian နိုင်ငံတွင်း သို့ သဲ့ ယူနိုင်ခဲ့သော၊ အဓိက သော့ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ရေှးဟောင်ယဉ်ကျေးမှု၊ အနုသုခမများ ကို တန်ဖိုးထားတတ်တဲ့ Cambodia နိုင်ငံမှာ ယူနက်စကို မှတ်တမ်းဝင် ရှေးဟောင်း အဆောက်အဦးများ အများအပြားကိုလေ့လာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ခရီးစဉ် တလျှောက်မှာ အဓိကအားဖြင့် ဒေသခံလူတွေရဲ့ ရိုသေအလေးပေမှု(အခြား အာရှနိုင်ငံများကဲ့သို့မဟုတ်ဘဲ မြန်မာကို…

ဘလိ၊ ဆလိုဗေးနီးယား ရဲ့ အထူးခြားဆုံးသော တောင်တန်းဒေသ

ဆလိုဗေးနီယား နိုင်ငံဟာ ဥရောပရဲ့ တောင်တန်းများ၊ မြေထဲပင်လယ်၊ လွင်ပြင်ကြီးများ၊ တောင်ထိပ်များ တည်းရှိတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာ ပင်လယ်ကို ကြည့်နေတုန်း နောက်တစ်ဖက်မှာ တောင်ထိပ်မြင့်များ၊ အခြား တစ်ဖက်မှာ သစ်တောအုပ် ကြီးများ မြင်ရတဲ့ ထူးခြားတဲ့ ဒေသဖြစ်ပါတယ်။ ယခု အပတ်မှာတော့ အိုးဝေမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ စွန့်စားခရီးသွားများရဲ့ အရူအမူး နှစ်သက်စွဲလမ်းရာဒေသတစ်ခုဖြစ်တဲ့ ဆလိုဗေးနီယား ရဲ့ ဘလိဒေသအကြောင်းကို ဗဟုသုတရဖွယ် တင်ပြလိုက်ပါတယ်။ ထူခြား လှပသော ဘလိ နှင့် ၄င်းပတ်ဝန်ကျင် ရှု့ခင်းများဟာ သာယာလှတဲ့ ရာသီဥတု၊ အပူအေးမျှတဲ့ ကန်ရေ တို့ကြောင့် အလှဆုံးသော တောင်တန်းဒေသ တစ်ခုအဖြစ်ကမ္ဘာက အသိအမှတ်ပြုထားပါတယ်။ ပတ်ပတ်လည်က တောင်တန်းရိပ်တွေက ကန်ရေပြင်မှာထင်ဟပ်လျက်ရှိတဲ့ အပြင်၊ တောက် ပတဲ့…

သဘာဝမိခင်ကြီး ရဲ့ အဖိုးထိုက် ရတနာ Halong ကမ်းရိုးတန်ဒေသ (Halong Bay, the Gifts of the Mother Nature)

(Halong Bay, the Gifts of the Mother Nature) ဗီယက်နမ် နိုင်ငံ Halong ကမ်းရိုးတန်ဒေသ ကို သင် သွားရောက်လည်ပတ်ခဲ့မယ်ဆိုရင်တော့  ဆန်းပြားခြားနားတဲ့သဘာဝ အလှအပတွေ၊ နှစ်ပေါင်း ထောင်ကျော်သက်တန် ရှိ ထုံးကျောက် တောင်တန်တွေ၊ အရေအတွက် မြောက်မြားစွားသော၊ ပုံစံအမျိုးမျိုးရှိ ကျွန်းတွေ၊ ယင်းကျွန်းတွေပေါ်က ကြီးမာတဲ့ Thien Cung နှင့် Surprise ဂူကဲ့သို့ သော ဂူကြီးတွေ၊ မီတာ အနည်း ငယ်သာ ရှိတဲ့ ဂူငယ်လေးတွေ့ ကို လေ့လာ နိုင်မှာဖြစ်ပါတယ်။ သင်စအပျိုခဲ့တဲ့ သဘာဝ ခရီးစဉ်းကြီးမှာ  အံအားသင့်ဖွယ်များကို ကိုယ့်စိတ်ကြိုက် တူဖော် ရှာဖွေနိုင်မှာဖြစ်ပါတယ်တဲ့၊ လှပတဲ့ ကျွန်းစုတွေ တောင်တန်းတွေနှင့် သဘာဝလှိုင်ဂူတွေ ပြည့်…

ရိုရာ အဆင်အလာ ထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံရဲ့ ကမ်းခြေ Hua Hin

ထိုင်းနိုင်ငံ ကို အလည်အပတ် သွား တဲ့သူ အများစု အများစုက တော့ ဗန်ကောက်ကိုရောက်လို့ ကမ်းခြေ တစ်ခုခု ကို ခရီးဆက်ချင်ပြီဆိုရင်  အနီးအနားက ပတ္တရားကမ်းခြေသို့ သွားရောက်လည်းပတ်တတ်ကြပါတယ်။ ခပ်ရှုပ်ရှုပ်ကမ်ခြေတစ်ခ လည်း ဖြစ်ပါတယ်။ ဗန်ကောက်က နေတစ်ဆင့် အခေါက်အခါခါရောက်နေတဲ့၊ သဘာဝ ပတ်ဝန်းကျင် အပိုင်း ကြည့်ရင်လည်း ပျက်ဆီးစပြုနေပြီဖြစ်တဲ့ ပတ္တရာကမ်းခြေ ကို ရှောင်းရှာလိုသူများအတွက် ပိုမိုသာယာ၊ ပိုမိုလှပ၊ ပိုမို အေချမ်းတဲ့ ဗန်ကောက်မြို့ရဲ့ အနီအနားက နာမည်ကျော်ရှေးဟောင်းကမ်းခြေတစ်ခုကိုလမ်းညွှန်ပေးလိုပါတယ်။ ယခု တစ်ပတ်အတွက် OWAY မှ မြန်မာခရီသွားဧည့်သည်များ အရောက်အပေါက် နည်းနေသေးတဲ့ ထိုင်းနိုင်ငံ က နာမည်ကျော် Hua Hin ကမ်းခြေ အကြောင်းတင်ပြလိုက်ပါတယ်။ Hua Hin ကမ်းခြေဟာ ဗန်ကောက်မြို့မှ…

ကျောက်ခြင်္သေ့ ကြီး ပေါ်က ကမ္ဘာ အံ့ဖွယ် နန်းတော်ရာကြီး ဆီဂီရီယာ (Sigiriya: The Lion Rock of Sri Lanka)

သီရိလင်္ကာ နိုင်ငံရဲ့ အလယ်တည့်တည့် တောနက်အတွင်းတစ်နေရာမှာ အမြဲစိမ်းသစ်တော့ကြီး ၀န်းရံနေသည် ကြီမား ခန်ညား ပြီး ထိုးထွက်နေသော ကျောက်တောင်ကြီးတစ်ခုကို တွေ့ကြရမှာဖြစ်ပါတယ်။ အမြင်ပေ ၆၆၀လောက် မြင့်ပြီး ကျောက်တောင်ကြီးရဲ့ အပေါ်မှာ လှပတဲ့ ရှေးဟောင်းနံရံဆေးရေးပန်ချီ တွေ၊ လက်ရေးမှုတွေ နှင့် အထူးပြင်ဆင်ထားတဲ့ ပန်ခြံတစ်ခုလည်းရှိပါတယ်။ Sigiriya  (ဆီဂီရီယာ) လို့ ခေါ်တဲ့ ယင်းကျောက်တောင်ကြီး ဟာ ကမ္ဘာက Lion Rock ကျောက်ခြင်္သေ့ ကြီး လို့ သိကြပြီး သီရီလကာင်္ နိုင်ငံရဲ့ ယဉ်ကျေးမှု သမိုင်းကို ပြဆိုဖော်ထုတ်ရာ အဓီကနေရာ ကြီးပဲဖြစ်ပါတယ်။ ကျောက်ခြင်္သေ့ ကြီး Sigiriya  (ဆီဂီရီယာ) ကို လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ကျော်က လူကြမ်း ဘုရင်ကြီး တစ်ပါးက…

ထူးခြားသော ဂျပန်ရိုးရာအက Noh နှင့် ကျောင်းတော်ကြီး Toda-ji ဆီ သို့ အလည်တစ်ခေါက်

ဂျပန်နိုင်ငံ လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ အများအပြားပိုင်ဆိုင် တဲ့ တမူထူးခြားတဲ့ ရိုရာဓလေ့၊ အမှုအကျင့် တွေကို ပိုင်ဆိုင်တဲ့ လေ့လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်စနစ် ပြောင်းလဲမှု့များကြောင် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ် လိုတယ်ဆိုရင် အရင်ကထက်ပိုမိုလွယ်ကူလာပြီဖြစ်ပါသည်။ ပတ်ဝန်ကျင်သာယာလှပပြီး၊ ခေတ်မှီဖွင့်ဖြိုးတိုးတက်မှု့တွေနဲ့အတူ ဂျပန်လူမျိုးများ ဟာ မိမိတို့ ပိုဆိုင်တဲ့ရိုးရာ ဓလေ့ ကို မပျောက်မပျက် အောင် ယနေ့တိုင် ထိန်းသိမ်းထားနိုင်တာကိုတော ကျွန်တော်တို့အနေနဲ့ လေစား အတုခိုးရမည်ဖြစ်ပါသည်။ ဖွင့်ဖြိုးပြောင်လဲသင့်သည့်ဘက်က ပြောင်းလည်း ဖွင့်ဖြိုးတိုးတက်ပြီး ဆက်လက်ထိန်သီမ်းစောင့်ရှောက်ရမည့် အရာ များကို ထိန်းသီမ်း စောင့်ရှောက်တတ်သည် ဂျပန်လူမျိုးတို့၏ စိတ်ဓာတ်နှင့် အလုပ်လုပ်ပုံ အမှုအကျင့်များသည် တိုးတက်မှု့ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သော  ကျွန်တော်တို့ မြန်မာလူမျိုးများအတွက်တော့အတုယူလေးစားရမည်ဖြစ်သည်။ လည်စရာ၊ပတ်စရာ၊ ပျော်စရာ၊…

တဖိတ်ဖိတ်တောက်နေသော Rio de Janeiro မြို့ ရဲ့ Carnival ပွဲတော်

နာမည်ကျော် Rio Animation ကာတွန်ဇာတ်ကားလေးကို စာဖတ်သူတို့ ကြည့်ဖူးကြလိမ့်မယ် ထင်ပါတယ်။ Rio ဇာတ်ကားထဲမှာ ဌက်ပြာလေး Blue က ဇာတိ Rio de Janeiro မြို့ ကို ပြန်ရောက်လာရာက  သူရဲ့ ချစ်သူ ဌက်မလေး နှင့် အတူလူဆိုးတွေရန်က ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကြိုးစားပုံ၊ နောက်ဆုံး စည်ကားကလှတဲ့ Carnival လမ်းလျောက်အလှပြ ပွဲးတော် ကြီးအတွင်း မှာ သူ့ရဲ့ သခင် တွေ နှင့် အတူ သူငယ်ချင်း ဌက်ကလေး တွေကို စွန့်စွန့်စားစား ကယ်တင်ခဲ့ပုံများကို စိတ်ဝင်စားဖွယ်ဖန်တီးထားပါတယ်၊   နာမည်ကျော် ခဲ့တဲ Rio Animation ကာတွန်းကားလေးကြောင့် မြန်မာပရိတ်သတ် တွေ သတိထားမိလာတာကတော့ လှပတဲ့…

ဗီယက်နမ်တို့ရဲ့ ရိုးရာအလှ တိုင်ရင်းသားများနှင့် နာမည်ကျော်ကြားတဲ့ စာပါ တောင်ကြား

စာပါ ဒေသဟာ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ဘက် တရုတ်နိုင်ငံ နယ်စပ်မှာတည်ရှိပါတယ်။ မြို့တော် ဟနွိုင်းမှ လာရောက်လည်ပတ်နိုင်သည့် နာမည်ကျော် ဟာလောင်း ကမ်းရိုးတန် နှင့် တစ်တန်း တည်ရှိပြီး ကမ်းရိုးတန်ဒေသမှ မြို့တော် ဟနွိုင်းသို့ အပြန် တစ်ဆက်တည်းသွားရောက်လည်ပတ်နိုင်သော ခရီးသွားဒေသ တစ်ခုဖြစ်ပါတယ်။ ဗီယက်နမ် နိုင်ငံရဲ့ ထုံစံအတိုင်းမိုးတွင်း စိုစွတ် ရာသီဥတုကို ရှောင်ရှာပြီး မတ်လ မှ မေလ အတွင်း နှင့် စက်တင်ဘာမှ ဒီဇင်ဘာလလယ်အတွင်း သွားရောက်လည်းပတ်သင့်ပါတယ်။   တကယ်တမ်းလည်း စာပါဒေသကို လာရောက်လည်ပတ်ကြသူတော်တော်များများဟာ ဟနွိုင်း နှင့် Mai Chau လည်ပတ်ကြရင်းက တုန်ကင်း တောင်းတန်း ရှိ ရာစုနှစ်များစွားနေထိုင်လာခဲ့တဲ့ ဒေသခံ တိုင်းရင်သားတွေ၏ ဓလေ့ရိုးရာ၊ လှပတဲ့ သဘာဝပတ်ဝန်းကျင်ကို လေ့လာလိုခြင်းကြောင့်ပဲ…