ကမ္ဘာ့ ဈေးအကြီးဆုံးအဆောက်အဦး (၁၀) ခု

ကမ္ဘာပေါ်မှာ နာမည်ကြီး အထင်ကရ အဆောက်အဦးတွေ အများအပြားရှိပါတယ်။ အတွင်းရော အပြင်ပါ ခမ်းခမ်းနားနား ဖြစ်အောင် တည်ဆောက်မွန်းမံထားတဲ့အဆောက်အဦးတွေပေါ့။ ဈေးအကြီးဆုံးစာရင်းမှာတော့ အထပ်မြင့်အဆောက်အဦးတွေသာမဟုတ်ပဲ  အဆင့်မြင့် ဟိုတယ်တွေ၊ လူနေတိုက်ခန်းအဆောက်အဦးတွေ အစရှိသဖြင့်ပေါ့။ ကဲ….. ဘယ်အဆောက်အဦးတွေက ကမ္ဘာ့ ဈေးအကြီးဆုံး အဆောက်အဦး  ၁၀ ခုဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

၁၀။ မင်းသမီးမျှော်စင်

တည်နေရာ – ဒူဘိုင်း၊ ယူအေအီး

ကုန်ကျစရိတ် – US$2.17 Billion

10

UAE နိုင်ငံ၊ ဒူဘိုင်းမြို့မှာရှိတဲ့ မင်းသမီးမျှော်စင် ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလူနေတိုက်ခန်းအဆောက်အဦးဖြစ်ပါတယ်။ ၄၁၄ မီတာရှိပြီး Burj Khalifa ရဲ့ ဘေးနားမှာရှိတဲ့ မင်းသမီးမျှော်စင် ဟာ ဒူဘိုင်း ရဲ့ ဒုတိယအမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ်။ စုစုပေါင်း တည်ဆောက်မှု ကုန်ကျစရိတ်ကတော့ ခန့် မှန်းခြေ US$ 2.17 Billion ရှိပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတည်ဆောက်ခဲ့ပြီး  အချောသတ်ပြီးစီးဖို့ ခြောက်နှစ်ကြာခဲ့ပါတယ်။ လူနေတိုက်ခန်းပေါင်း 763 ခန်း၊ ကားပါကင် 957 ခု နဲ့ ဓာတ်လှေခါး 13 ခုပါရှိပါတယ်။

၉။ အိမ်မက်များရဲ့  မြို့ တော်

တည်နေရာ – မကာအို၊ တရုတ်ပြည်

ကုန်ကျစရိတ် – US$2.40 Billion

9.jpg

တရုတ်ပြည် မကာအို မြို့မှာရှိတဲ့ အိမ်မက်များရဲ့  မြို့ တော် ဟိုတယ်နဲ့  ကာဆီနို ကတော့ ခရီးသွားပရိတ်သတ်ကြီးအတွက် လောင်းကစားနည်းမျိုးစုံနဲ့ ဖျော်ဖြေပေးမယ့်နေရာလေးပေါ့။ Melco PBL Entertainment ကပိုင်ဆိုင်တဲ့ အိမ်မက်များရဲ့  မြို့ တော်အဆောက်အဦးကြီးဟာ ၃၇ ထပ်မြင့်ပြီး အဆောက်အဦးပေါင်း ၄ ခုပါရှိပါတယ်။ လေးခုအနက်နှစ်ခုကိုတော့ Grand Hyatt Macau လို့နာမည်ပေးထားပြီး ကျန်နှစ်ခုကိုတော့ Hard Rock Hotel နဲ့ Crown Tower Hotel ဆိုပြီး အသီးသီး နာမည်ပေးထားပါတယ်။ ၂၀၀၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကုန်ကျမှုစရိတ်ကတော့ US$ 2.4 Billion ရှိပါတယ်။

အဆောက်အဦးကြီးထဲမှာတော့ စားသောက်ဆိုင်တွေ ၊ ဘားတွေ၊ ရုပ်ရှင်ရုံတွေ၊ ကာဆီနိုတွေနဲ့ ဈေးဝယ်စင်တာ တွေပါရှိပါတယ်။လောင်းကစားလုပ်တဲ့ စက်အရေအတွက်ပေါင်း ၁၅၀၀ ရှိပြီး လောင်းကစား  စားပွဲရေပေါင်း ၄၅၀ ကျော်ရှိပါတယ်။

၈။ ဘန်နီတီးရမ်း မကာအို

တည်နေရာ – မကာအို၊ တရုတ်ပြည်

ကုန်ကျစရိတ် – US$2.40 Billion

8

ဘန်နီတီးရမ်း မကာအို အဆောက်အအုံဟာ တရုတ်ပြည်ရဲ့ မကာအိုမြို့မှာရှိပြီးတော့ ၃၉ ထပ်ထိရှိပါတယ်။ ၂၀၀၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး  အမေရိကန် ကာဆီနို ကုမ္ပဏီ Las Vegas Sands ကပိုင်ဆိုင်တာဖြစ်ပါတယ်။ 98000 စတုရန်းမီတာ အကျယ်ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကာစီနိုတစ်ခုလည်းဖြစ်ပါတယ်။ ဒီကာစီနိုကြီးကိုတော့ Aedes နဲ့ HKS ကုမ္ပဏီအသီးသီးတို့က ဒီဇိုင်းဆွဲပေးထားတာဖြစ်ပါတယ်။ ကုန်ကျမှု စုစုပေါင်းစရိတ်ကတော့ US$ 2.4 billion ရှိပါတယ်။

၇။ ၀ိန်းအပန်းခြေစခန်း

တည်နေရာ – လပ်ဗေးကပ်စ်၊ အမေရိကန်ပြည်ထောင်စု

ကုန်ကျစရိတ် – US$ 2.70

7

ကမ္ဘာပေါ်မှာ ခြောက်ခုမြောက်အကြီးဆုံးဟိုတယ်ဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ လပ်ဗေးကပ်စ်မြို့မှာရှိတဲ့ ၀ိန်းအပန်းဖြေစခန်းဟာ ၄၅ထပ် ရှိပြီး ကုန်ကျစရိတ်ကတော့ US$ 2.7 billion ရှိပါတယ်။ ဟိုတယ်အခန်းပေါင်း ၂၇၀၀ ကျော်၊ 223000 စတုရန်းပေ အကျယ်ရှိတဲ့ Convention Centre၊ 111000 စတုရန်းပေကျယ်တဲ့ ကာဆီနို၊  76000 စတုရန်းပေကျယ်တဲ့ ဆိုင်ခန်းနေရာတွေ။ Caritier, Brioni, Alexander McQueen, Dior , Chanel အစရှိတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ ဆိုင်ခန်းတွေ။  အစည်းအဝေးကျင်းပရာ နေရာကတော့ 260000 စတုရန်းအကျယ်ရှိပြီး၊ Beace Club နဲ့ မင်္ဂလာခန်းမနေရာတွေလည်းရှိပါတယ်။

၆။ ကမ္ဘာ့ကုန်သွယ်ရေး စင်တာ

တည်နေရာ – နယူးယောက်၊ အမေရိကန်ပြည်ထောင်စု

ကုန်ကျစရိတ် – US$ 3.80 Billion

6

အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့မှာ ရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေး စင်တာ ဟာ New York ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ်။ 1451 ပေမြင့်ပြီးတော့ 104 ထပ်ရှိပါတယ်။ 9/11 မှာ ဖြိုခွဲခံခဲ့ရတဲ့ နဂိုမူလ World Trade Centre ကို သတိရခြင်းအားဖြင့် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ‘freedom tower’ လို့ လည်း ခေါ်ကြပါတယ်။ သူ့ရဲ့ တည်ဆောက်မှုကုန်ကျစရိတ်ကတော့ US$3.8billion ရှိပါတယ်။

၅။ လပ်ဗေးကပ်စ် ကော်စမိုပိုလီတန်

တည်နေရယ –  လပ်ဗေးကပ်စ်၊ အမေရိကန်ပြည်ထောင်စု

ကုန်ကျစရိတ် – US$ 3.90 Billion

5

အမေရိကန်နိုင်ငံ ၊ လပ်ဗေးကပ်စ် မြို့မှာရှိတဲ့ ကော်စမိုပိုလီတန် ရဲ့ တည်ဆောက်မှုကုန်ကျစရိတ်ကတော့ US$3.9 Billion ရှိပါတယ်။ ကော်စမိုပိုလီတန် ကို တည်ဆောက်ခဲ့တာကတော့ ဂျာမနီနိုင်ငံအခြေစိုက် Duetsche Bank ကဖြစ်ပါတယ်။ အခုတော့ နယူးယောက်အခြေစိုက် Blackstone Group Corporation ကို ၂၀၁၄ ခုနှစ်မှာ US$1.73 billion နဲ့ရောင်းခဲ့တာဖြစ်ပါတယ်။ ကော်စမိုပိုလီတန် အဆောက်အဦးထဲမှာတော့ အခန်းပေါင်း 3000၊ 110000 စတုန်းပေ ရှိတဲ့ ကာစီနို၊ 300000 စတုရန်းပေ ရှိတဲ့ ဆိုင်ခန်းနေရာတွေ၊ 150000 စတုရန်းပေ ရှိတဲ့ Convention Centre ၊ 40000 စတုရန်းပေ ရှိတဲ့ ရေပူစမ်း၊ လူပေါင်း 1800 ဆံ့တဲ့ခန်းမတို့ ပါရှိပါတယ်။

၎။ အမ်းမရိတ်နန်းတော်

တည်နေရာ – အဘူဒါဘီ၊ ယူအေအီး

ကုန်ကျစရိတ် – US$3.90 Billion

4

ယူအေအီးရဲ့ အဘူဒါဘီမြို့မှာရှိတဲ့ အင်းမရိတ်နန်းတော် ဟာ ကမ္ဘာ့ ဒုတိယဈေးအကြီးဆုံးဟိုတယ်တစ်ခုဖြစ်ပါတယ်။ US$ 3.9 Billion ရှိတဲ့ အင်းမရိတ်နန်းတော်ကြီးကိုတော့ အဘူဒါဘီ အစိုးရကပိုင်ဆိုင်ထားတာဖြစ်ပြီး အစိုးရ အရာရှိတွေအများစု တည်းခိုတဲ့ ဟိုတယ်တစ်လုံးလည်းဖြစ်ပါတယ်။ အင်းမရိတ်နန်းတော်ကြီးကိုတော့ ဗြိတိသျှ အနုပညာရှင် John Elliott ကဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ တရားဝင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အင်းမရိတ်နန်းတော် ရဲ့အကျယ်အ၀န်းကတော့ 850000 စတုရန်းမီတာဖြစ်ပြီးတော့ အခန်းပေါင်း 302 ခန်း၊ Palace Suit 16 ခန်း၊ suits 92 ခန်း၊ ကားအစီးရေ 2500 ဆံ့တဲ့ ပါကင်နေရာ၊ အပြင် တင်းနစ်ကွင်း၊ ရေပူစမ်း၊ ရေကူးကန် နဲ့  ခရစ်ကတ်ကစားကွင်းတို့ လည်း အသီးသီး ပါရှိပါတယ်။

၃။ စန်တိုဆာ အပန်းဖြေစခန်း

တည်နေရာ – စင်္ကာပူ

ကုန်ကျစရိတ် – US$ 4.93 Billion

3

စင်ကာပူမှာ ရှိတဲ့ စန်တိုဆာ အပန်းဖြေစခန်းကတော့ ကမ္ဘာ့ တတိယဈေးအကြီးဆုံး ကာဆီနို တစ်ခုဖြစ်ပါတယ်။ စုစုပေါင်းတည်ဆောက်မှုကုန်ကျစရိတ်ကတော့ US$4.93 billion ရှိပြီးတော့ မလေးရှားနိုင်ငံအခြေစိုက် Genting Group ကတည်ဆောက်ထားတာဖြစ်ပါတယ်။ စန်တိုဆာ အပန်းဖြေစခန်းရဲ့ အကျယ်အ၀န်းကတော့ 49 ဟက်တာ ဖြစ်ပါတယ်။ သူ့ထဲမှာတော့ ဟိုတယ်တွေ ၊ ကာဆီနို တွေနဲ့ အခြားသော အံသြစရာနေရာတွေအများအပြားပါရှိပါတယ်။

၂။ မရီနာဘေးဆန့် စ်

တည်နေရာ – မရိနာဘေး၊ စင်္ကာပူ

ကုန်ကျစရိတ် – US$5.5 Billion

2

စင်ကာပူမှာ ရှိတဲ့ Marina Bay Sands ကတော့ ကမ္ဘာ့ ဈေးအကြီး ဆုံး အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ စုစုပေါင်းကုန်ကျစရိတ်ကတော့ US$5.5 billion ရှိပြီးတော့  15.5 hectares အကျယ်အ၀န်းရှိပါတယ်။ Las Vegas Sands Corporation မှ တည်ဆောက်ထားတာဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ်မှာ တရားဝင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Marina Bay Sands ထဲမှာတော့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ပြခန်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ အခြားဖျော်ဖြေရေး အများအပြားရှိကြပါတယ်။

၁။ Abraj Al Bait

တည်နေရာ – မက္ကာ၊ ဆော်ဒီအာရေဗျ

ကုန်ကျစရိတ် –  US$15 Billion

1

ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့မှာရှိတဲ့ Abraj Al Bait  ကတော့ ကမ္ဘာ့ ဈေးအကြီးဆုံး အထပ်မြင့်ဟိုတယ်တစ်လုံးဖြစ်ပါတယ်။ သူကတော့ 1500000 စတုရန်းအကျယ်အ၀န်းရှိပြီးတော့ လူဦးရေ အယောက် 100000 ၀င်ဆံ့ပါတယ်။

601 မီတာအမြင့်ရှိတဲ့ ဒီကမ္ဘာ့ အမြင့်ဆုံးဟိုတယ်ကို ၂၀၀၄ ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့စုစုပေါင်းကုန်ကျမှုစရိတ်ကတော့ US$15 billion ဖြစ်ပါတယ်။

Leave a comment